Showing posts with label အထူးသတင်းဆောင်းပါး. Show all posts
Showing posts with label အထူးသတင်းဆောင်းပါး. Show all posts

Saturday, 16 February 2013

ဒေါ်စုခြေဖ၀ါးအောက်က မြူမှုန်လေးဖြစ်ဖို့  သတိရဘူးပါလား


ဖွတဲ့သူတွေ မကြိုက်တဲ့သူတွေ ၃ခါဖတ် ပါ များများရှယ်ထားကြ ထစ်ခနဲရှိ အမေစုကို ပြောချင်ကြတယ်.ကျနော်တတ်နိုင်တဲ့ဘက်ကနေ သိသလောက်အသိပေးနေတာဖြစ်တယ်။ဒါမျိုးစာကျနော် ရေးခဲ့ဘူးတယ်။ဒေါက်တာ သန်းထွန်းစကားတစ်ခွန်းပေါ့။ သမိုင်းကို မသိရင် အ တယ် ဆိုတဲ့အတိုင်း ..ပေါ့လေ. နှစ် ၁၀၀ စာ သမိုင်းစာမျက်နှာတွေကို တရွက်ချင်းပြန်လှန်ဖတ်ပါ။
ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေး၊ ဘယ်အထဲ ပါနေသလဲလို့။တယောက်ချင်းကို တခါးခေါက်ပြီး လိုက်ရှင်းစရာ မလိုဘူး ထင်တယ်။ဒေါ်စုခြေဖ၀ါးအောက်က မြူမှုန်လေးဖြစ်ဖို့  သတိရဘူးပါလား

အခhttps://www.facebook.com/photo.php?v=601432566537955 ကိုထပ်ရှင်းတာဖြစ်တယ်။

ကချင်လူမျိုးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့အပေါ် လျစ်လျူရှုထားတယ်ဆိုပြီး ထင်မနေနဲ့  . လူထုခေါင်းဆောင်ဟာ ခေါင်းဆောင်တယ်။ဘယ်တော့မှခေါင်းမရှောင်ဘူး. ကချင်ကိစ္စက မြန်မာပြည်ရဲ့ ထွက်ပေါက်မဟုတ်ဘူး ဒီအစိုးရရဲ့ လုပ်ဇာတ်သက်သက်ပါ.
အခုနေရာတိုင်းမှာကျနော်ကြည့်နေပါတယ်
NLD ကို သိက္ခာချမယ်၊ မင်းကိုနိုင်ကို သိက္ခာ ချမယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သိက္ခာချမယ်။ စစ်တပ်က နာမည်ကောင်းယူမယ်။မိမိဘယ်နေရာကပါနေလဲ သိတတ်ရင်ရှက်ဖို့ ကောင်းတယ်..လောကကြီးက အောချရလေမလားဘဲ.ဒါလေးဖတ်ပါ

Friday, 1 February 2013

နိုင်ငံတော်လုံခြုံရေး

❥❥❥❥¯`*•.¸နိုင်ငံတော်လုံခြုံရေး ¸.•*´¯)❥❥❥❥

·
❥❥❥❥¯`*•.¸နိုင်ငံတော်လုံခြုံရေး ¸.•*´¯)❥❥❥❥



ကျွန်တော်အခုတင်ပြမဲ့ ခေါင်းစဉ်အောက်မှာ ...
"နိုင်ငံတော်" ဆိုတဲ့ ဝေါဟာရနဲ့  "လုံခြုံရေး" ဆိုတဲ့ ဝေါဟာရ
နှစ်ခု ပူးနေတာကို အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ
ဖတ်ရမှာပါ။

Saturday, 19 January 2013

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)



ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

Thursday, 17 January 2013

ဒေါ်အောင်ဆန်းစုကြည်အား ရင်ဖွင့်မိခြင်း



ကျနော်ကအမေစုအားလေးစားမိသောကြောင့်ဒီစာလေးနဲ့ ရေးပြီး ထင်မြင်ချက်သုံးသပ်ချက်ပေးချင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် မှာ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်သည့် နှစ်ခုတစိတ် ခွဲထုတ်၍မရလောက်အောင်ပတ်သက်ခဲ့ ပါသည်။ မျက်ကန်းကန်းဖြင့် ရမ်းသမ်း ချစ်နေသူများက အတိတ် မဟုတ် မဟတ် ပြောသည်ဆိုလျှင် အတိတ်အား ကြိုက်သလို ကြိုက်သည့်နေရာတွင် ရှင်းနိုင်ပါသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဆတ်ဆတ်ထိမခံ အကြိုးကြောင်းအမှန်အား မစဉ်းစားပဲ အတိတ်အား ပြန်လည်တုံန့်ပြန် ဖြေရှင်းမည်ဆိုလျှင် ပါစပ်မျက်လုံးများဖြင့် မလုံလောက်ပဲ သက်သေ အတိကျ နေရာ အချိန် ရက်စွဲမှတ်တမ်း များဖြင့် အတိတ်ကို စိန်ခေါ်ဖို့ လိုပေမည်။
အတိတ်က အရာရာအားလုံး ပိုင်ပိုင်နိုင်နိုင် မှတ်တမ်းများ သက်သေခံ အချက်လက်များဖြင့် ရှင်းလင်းရန် အသင့်စောင့်နေသည်။

အတိတ်လောက် ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည်အကြောင်းမသိနိုင်ပါဟု အတိတ်က ပြောချရမည်။
အတိတ်မှာ အားလုံး တိကျစွာရှိပြီးသားမို့ တပိုင်းတစကို အတိတ်က အခု ဖွင့်ချရမည်။အတိတ်က အတိတ်ကိုပြန်ပြောတယ်
နောက်ကြောင်းပြန်မလှဲ့ ဘေးကင်လုံခြုံ
စွာနဲ့ အတိတ်ကို နမိတ်အသစ်ပေးပါတဲ့
၁၉၈၈ ဒေါ်အောင်ဆန်းစုကြည်အများပြည်သူများနှင့် အတူ လမ်းမပေါ်သို့တက်လာသည်၊ တရားဟောစင်မြင့်ပေါ်သို့ ရောက်ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်တည်ကြည်ပြတ်သားသည်ကို အတိတ်တွင် မှတ်တမ်း ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူလုပ်သမျှပြောသမျှအားလုံးနေ့တဓူဝ ကိစ္စအရပ်ရပ်အလုံးစုံကို အတိတ်အားပေးထားသည်။ အတိတ်က အားလုံးသိမ်းထားပေးသည်။
ဒေါ်အောင်ဆန်းစုကြည်တဦးတည်းသာမဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုင်ပေါင်းများစွာဝေးသော အောက်စ်ဖို့က မိုက်ကယ်အဲရစ်တို့ အကြောင်းများ ခံစားချက်များ၊စိုး၇ိမ်ကြောင်းကျမှုများ၊ ရင်ဆိုင်ဖြတ်သန်းမှုများပါ အတိတ်အား အပ်ထားကြသည်။

၁၉၉၈ တွင် စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို မထမအကြိမ် နေအိမ် အကျယ်ချုပ်ချထားသည်ကိုလည်း အတိတ်တွင် တိကျသော မှတ်တမ်း၇ှိသည်။ ပြည်သူများအား အကြောက်တရားမှ ကင်းေ၀၇န် ရုန်းထွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က လမ်းပြပြီး ဟောပြောခဲ့သော ကြိမ်ရေပေါင်း ထောင်ကျော်ရှိသည်။
၁၉၉၀ တွင် ၈၀ ရာနှုန်း အသာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြတ်ပြတ်သားသား ရွေးကောက်ပွဲတွင် ၃၈၅ နေရာတွင် အနိုင်ရသည်။ အသေးစိတ်မှတ်တမ်းများ အတိတ်တွင် သိမ်းထားရန် ဒေါ်အောင်ဆန်းစုကြည်က ပေးထားသည်။

၁၉၉၁ တွင် မြန်မာပြည်မှ ငြိမ်းချမ်းရေး နိုဘဲလ် ဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရရှိသည်။
ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတော့ ဆက် အားထုပ်ပြီး အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပြန်သည်။ အဖြစ်ပျက်အားလုံး အတိတ်က သိမ်းထားပေး၇ပြန်သည်။

စစ်အာဏာရှင်တို့ ဖမ်းလွတ်လုပ်နေသော ကစားပွဲတွင် ဒေါ်စု ကြံ့ကြံ့ခံ တုံန့်ပြန်ခဲ့သမျှ အတိတ် ရင်ဘတ်ထဲကိုသာ ထိုးထဲသိမ်းထားခိုင်းလိုက်သည်။

နောက် ၂၀၁၀တွင် ဒေါ်အောင်ဆန်းစုကြည်ပါတီမှ အများသဘောအရ ရွှေဂုံတိုင်ကြေငြာစာတမ်းထွက်လာတော့ အတိတ် ကြက်သီးမွေးညှင်းထမလောက်အောင် တုန်လှုပ်သွားသည်၊ အလွန်ပြောင်မြောက်သည့် ထုတ်ပြန်ကြေငြာချက်လည်းဖြစ်သည်မို့ အတိတ် တော်တော်ကြီးကို ကြောက်မိသည်။ နောက်ဆုံး နိုဝင် ၁၃ ရက် ၂၀၁၀တွင် နောက်ဆုံးဒေါ်စုအားလွတ်ပေးသောအခါ အတိတ်တို့ စောင့်ကြသည်။

ထူးခြားပြောင်မြောက်ဆုံး မဟာ့မဟာ ဧရာမ ဗျူဟာကြီးတခု ဒေါ်စုက ထုတ်ပြပြီး ဒုတိယ ပင်လုံညီလာခံ ဟု အများက သိကြသည်။
သိပ့်မကြာလိုက်ပါ အရာရာအားလုံး ပြောင်းလဲပြီး ဒေါ်စုက စစ်ဘောင်းဘီချွတ်များနှင့် စကားပြောကာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ၈၀ ရာနှုန်းအရ ပြည်သူ့ အမတ်ပေါင်း ၃၈၅ ယောက်အား အတိတ်ရင်ဘတ်ထဲ ထပ်မံထိုးထည့်ပြီး အမတ် ၄၃ ယောက်နှင့် လဲလိုက်တော့သည်။

ထို့အပြင် ဒေါ်စု တကြော်ကြော် ဟစ်အော်ခဲ့သော ဒုတိယအကြိမ် ပင်လုံညီလာခံ ဆိုသော ဗျူဟာကြီးကိုလည်း အတိတ် ရင်ဘတ်မှာသာ ထပ်ပြီး သိမ်းခိုင်းပြန်သည်။

ပြီးတော့ ၂၀၀၈ အခြေခံ ဥပဒေညီလာခံအတွင်း ၀င်ရောက်ပြင်ဆင်ရေးဆွဲရေးကို ထပ်ပြီး အော်ပြန်သည်။ ဒေါ်စု လွတ်တော်ထဲသို့ ၀င်ရောက်သွားသည်မှာ လအတော်ကြာသွားပြီး ယခု ထိုအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကိုပါ အတိတ်အား ထပ်ပြီး သိမ်းထားခိုင်းဖို့ လုပ်လာပြန်သည်။

အခုလောလောလတ်လတ်မကြာသေးခင် နိုဝင်ဘာ ၂၉ ရက် ၂၀၁၂ ခုနှစ်က သံဃာတော်များ မီးလောင်ဗုံးဖြင့် မီးဖုတ်ခံ၇သော လက်ပံတောင်း ရာဇ၀တ်မှုအား အတိတ်ထံတွင် အပ်နှံဖို့ လုပ်လာပြန်သည်။

ယခု ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ နံနက် ၈ နာရီး ၅ မိနစ်က လိုင်ဇာမြို့ပေါ်သို့ နေပြည်တော် လက်အောက်ခံစစ်တပ်များက ပစ်ခတ်လိုက်သော အမြောက်ကျဉ်ဆံ ငါးလုံးက အပြစ်မဲ့ အရပ်သားများအပေါ် ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေကြေဒဏ်ရာရမှုများအား ဥပဒေကြောင်းအရ အရပ်သားများအပေါ်ကြီးမားသော ရာဇ၀တ်မှုကြီး ကျူးလွန်နေမှုအား ရေငုံနုတ်ပိတ်နေပြီး မကြာခင် အတိတ်ကိုသာ ဒေါ်စု လာရောက်အပ်နှံတော့မည်ကို အတိတ်က သီးမခံနိုင်တော့ပါ။
ယခုကား ဖေ့ဘုတ်စာမျက်နှင့် အခြားစစ်ပညာရှင်များ လိမ်မာပါးနပ်စွာရေးကြသောသူတို့ သည် ဒေါ်စုနှင့်ဦးဝင်းတင်ကိုရန်တိုက်ပေးခြင်း။ ကချင်ကိစ္စရပ်များအားဝင်ပြောအောင် လှုပ်ဆော်ပေးခြင်းကို မရိုးသားစွာ များစွာတွေ့ နေရပေသည်။ရှက်တတ်ရင် ရေးကြသူများ မိမိအသိနဲ့ သတိကိုဆင်ခြင်စေလို့ သတိပေးလိုက်ပါတယ်။
အကြောင်းမှာ အတိတ်၏ ရင်ဘတ်ထဲတွင် မချိမဆံ့ပြည့်ကြပ်နေပြီမို့ အတိတ်၇င်ဘတ်ကိုသာ အားမကိုးပဲ တချို့ ကိစ္စရပ်များကို မိမိဘာသာ မိမိ လုပ်ကိုင်ဖြေ၇ှင်းဖို့ အတိတ်က မတတ်နိုင်တော့ပြီမို ပစ္စုပ္ပန် တွင်သာ ဖြေရှင်း လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အား ရိုးသားစွာ ရင်ဖွင့်လိုက်ရပါသည်။
အားအားနေရင်း အတိတ်ကိုပဲ လာမအပ်ရန်မေတ္တာရပ်ခံပါသည်။
အတိတ်ဆိုသည်မှာ အတိတ်ကလှပချင်သေးတယ်တဲ့
အတိတ်မှာသွေးသံတရဲရဲ မျက်ရည်တွေကျခဲ့ဘူးလို့
အတိတ်ကို အိပ်ထဲကောက်ကော်ထိုးတိုင်း
အတိတ်မှာရင်နင့်ကျေကွဲစရာတွေချည်းဘဲမို့ကျန်ခဲ့သောအချိန်လို့ သုံးသပ်ပေးဦးမည်လားလို့ မေးစရာပင်ဖြစ်တော့သည်။

လေးစားစွာဖြင့်

ကိုထွန်းဝေ
18.1.2013

Friday, 11 January 2013

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။


စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာ ဖက်ခြမ်း က ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟော်တစ ဒီတစ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။

Monday, 31 December 2012

၂၀၁၃အတွက် စစ်မှန်သောဒီမိုကရေစီ ရှေ့သို့ချီ..

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ အွန်လိုင်း စာမျက်နှာများ ပေါ်တွင် လည်းကောင်း၊ ပြင်ပတွင် လည်းကောင်း မတူညီသော ဆန့်ကျင်ဘက် အမြင်နှစ်ခုဖြင့် ငြင်းခုံလျက် ရှိသည်ကို တွေ့ရ ပါသည်။  ဆန္ဒပြသူများကြောင့် သွားနေသော ဒီမိုကရေစီ အသွင်ကူးပြောင်း မှု နောက်ပြန် လှည့်သွားမည်ကို စိုးရိမ်ကြောင့်ကြ နေသော ရိုးရိုးရှင်းရှင်း အမြင် ဖြစ်ပါသည်။ ထိုအမြင်တွင် ဆန္ဒပြသူများကို အပြစ်တင်သည့် ရှုထောင့်မှ ကြည့်ကာ နောက်ပြန် လှည့်သွားမည်ဟု စိုးရိမ်သံ တစ်ဝက်၊ ခြိမ်းခြောက်သံ တစ်ဝက်ဖြင့် မရိုးမသား ပြောဆိုနေသူများလည်း ပါဝင်ပါသည်။

Friday, 28 December 2012

မျှော်လင့်ချက်မြင့်မားသော ၂၀၁၂ မှ အလှုပ်အယမ်းများမည့် ၂၀၁၃ သို့ ..



မြန်မာပြည် ပြုပြင်ပြောင်းလဲရေးက သာမန်ပြည်သူတွေဆီကို အကျိုးသက်ရောက်မှု မရှိ သလောက်ပါပဲ၊ ဒါပေမယ့် အများစုဆီမှာ မျော်လင့်ချက်တွေ မို့မောက်နေသလောက် ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဖို့ ၀န်မလေးကြတော့ပါဘူး။ လက်ပံတောင်းတောင် အရေးအခင်းကို ကြည့်လိုက်ရင်၂၀၁၂ ခုနှစ်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်နဲ့ အပြောင်းအလဲတွေရဲ့ နှစ်တနှစ်လို့ဆိုနိုင်သလို၊လာမယ့်၂၀၁၃ခုနှစ်ကတော့ဆန္ဒပြမှုတွေနဲ့အစိုးရရဲ့ နှိမ်နင်းမှုတွေ ပေါ်ပေါက်မယ့် နှစ်တနှစ်ဖြစ်လာဖို့ ရှိနေပါတယ်။

လက်ပံတောင်းတောင် ကြေးနီမိုင်းဟာ ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့်ကနေ၊ နိုင်ငံတကာ အဆင့် အထိ အကျိုးစီးပွားတွေနဲ့ နစ်နာချက်တွေရဲ့ ဆုံဆည်းရာဖြစ်နေပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ ဆိုင်တဲ့ အကျိုးစီးပွားနဲ့ နစ်နာချက်တွေရဲ့ ဆုံချက်လည်း ဖြစ်နေပါတယ်၊ မြန်မာဝမ်ပေါင် (Myanmar Wanbao)ဆိုတာက China North Industries Corp ရဲ့ လုပ်ငန်းခွဲတခုဖြစ်ပါတယ်။ China North Industries Corpဆိုတာကလက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့ တရုတ်ကုမ္မဏီပါပဲ