Showing posts with label အညတြသူရဲကောင်း. Show all posts
Showing posts with label အညတြသူရဲကောင်း. Show all posts

Saturday, 5 January 2013

အညတြသူရဲကောင်း ကိုဖြိုးဝေအောင်ကိုအလေးပြုခြင်း

ကိုဖြိုးဝေအောင်




ကိုဖြိုးဝေအောင်ဆုံးပြီတဲ့ ။ အဲဒီသတင်းဆိုးကိုဖတ်မိလိုက်တာနဲ့ ကျနော်မျက်ရည်ကျတယ် ။ ဖြတ်သန်းခဲ့ပြီးတဲ့ တော်လှန်ရေးခရီး ၂၄နှစ်ကျော်ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေဆုံး-ကျဆုံးကြတာ အကြိမ်ကြိမ်ကြုံဘူး ၊ ဒီ လိုပဲ မျက်ရည်အကြိမ်ကြိမ်ကျဘူးခဲ့ပြီဆိုပေမဲ့ စိတ်ခံစားမှုက မရင့်ကျက်နိုင်သေးဘူး ။ နာကျင်ကြေကွဲမှုတွေနဲ့ နာကျည်းဒေါသဖြစ်ရမှုတွေဟာ အချိန်ကာလကြောင့်အနည်ထိုင်မသွားပဲ ထပ်ထပ်ပဲတိုးလာနေရတယ် ။