Showing posts with label ရင်တွင်းဖြစ်အရေးအသား. Show all posts
Showing posts with label ရင်တွင်းဖြစ်အရေးအသား. Show all posts

Sunday, 21 April 2013

အကြီးဆုံး အတိုက်အခံခေါင်းဆောင်သြဇာတိက္ခမ္မ ကြီမားသော ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ ၏ အကြီးဆုံး အတိုက်အခံခေါင်းဆောင်သြဇာတိက္ခမ္မ ကြီမားသော ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံ ကျိုတို မြို့  ရဲ့ ညနေခင်းဆည်းဆာ ချယ်ရီပန်းများအောက်မှာအမှတ်တရ မြင်တွေ့ ရစဉ်.။

ဓါတ်ပုံကိုဘန်နီ

ကိုထွန်းဝေ မျှဝေပေးပါတယ်။
20.4.2013


မူရင်း ... https://www.facebook.com/photo.php?fbid=366767293434341&set=a.116579221786484.20330.100003032208873&type=1&theater

Wednesday, 16 January 2013

သာသနာငါးထောင်နှင့်ဒေါ်အောင်ဆန်းစုကြည်


သာသနာမြတ်ဗုဓ္ဒအဆင်း
ရနံ့ အသင်းတာကိုလ၊
ရွှေအဟုန် စီးဆင်းလာပြီး
ဒီရင်မှာခတ်စဉ်က၊
ကဗျာဈာန် ရင်မှာတက်ရ ခဲ့တယ်။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
ဘုရားပန်းချီကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။

အမေလို့ တဆာဆာ စာတွေ ကွန့်နိုင်တဲ့၊
သာသနာမှာ ဦးခိုက်မိပါသော်မှ
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ရသူမို့ 
အမေစုရဲ့ဂုဏ်ဒြပ်တွေကြောင့်
သာသနာတော်ကို
သိနေလို့ မပြီးသေးသူ
ဦးခိုက်ကြည်ညို။

Wednesday, 26 December 2012

အနာဂတ် နှစ်သစ် ကောင်းကင်က သိက္ခာရှိရှိ မျှော်လင့်ခြင်း ၀တ်စုံသစ်ကို တမ်းတနေလည်း





မဝေးတော့တဲ့ အနာဂတ် နှစ်သစ် ကောင်းကင်က
နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ ပျော်ရွှင်ခြင်း လမင်းကို နမ်းရှိုက်ရင်း
လင်းလက်တောက်ပ ကြယ်စင်များကို ရင်ခွင်ထဲ ပွေ့ ဖက်
သိက္ခာရှိရှိ မျှော်လင့်ခြင်း ၀တ်စုံသစ်ကို တမ်းတနေတယ်..။

မပြောင်းလဲခြင်းထဲ နွံနစ်နေစဲ နှစ်ဟောင်းမှာ
နာကျည်းခြင်းတွေသာ ငါးလို အကြေးခွံ အထပ်ထပ်နဲ့ 
ဒေါသများ အမှိုက်ပုံလို စုပုံနေတဲ့ မြို့ ပြ
ညှီစော်နံ ညနေခင်းကို လေပြေညင်းလို ရှုရှိုက်ခဲ့တယ်..။

အတောင်ပံမဲ့ ပျံသန်းလာဦးမဲ့ ရက်စွဲတွေဟာ
အသက်အရွယ်ကို ဖုံးကွယ်ဖို့  ဟန်ဆောင်မိတ်ကမ်များ လိမ်းချယ်ရင်း
ငွေကို တံတားခင်းပြီး မုသားဝါဒ ကျမ်းကြေသူများကတော့
ဖက်စပ်လုပ်ငန်းကို ဖက်ရှင်လို ၀တ်ဆင်နေကြတယ်..။

သောက ပိပြီး ခါးချိလာတဲ့ လောကကြီး ပြောင်းလဲလာတယ်..။
အရှုံးတွေကို ခါးဝတ် ပုဆိုးလို မြဲမြဲဝတ်ထားတဲ့ မြေမှာ
အပြုံးများ မျက်နှာပြင်ရဲ့ နောက်ဖေးပေါက်က ခုန်ချ
အကျည်းတန် ကမ္ဘာဟာ ဒဏ်ရာတွေမြင်မှာ ကြောက်ပြီး မှန်မကြည့်ရဲဘူး..။

ပူလောင် ပြင်းပြတဲ့ ကန္တာရလွင်ပြင်ထဲ လက်တွဲရင်း
ရှိုမြောင် တောတောင်အထပ်ထပ်မှာလည်း ကြမ်းတမ်းစွာ အတူနေထိုင်ရင်း
အငတ်ငတ် အပြတ်ပြတ် မွန်းကြပ်တဲ့ မြို့ ပြမှာလည်း ဥမကွဲံ သိုက်မပျက်
ငါတို့ နဲ့ အတူထပ်ချပ်မကွာရှိနေတာဆိုလို့  ဒုက္ခသစ္စာ တစ်ခုထဲပါ....။

အကြံတစ်ဝက်နဲ့  အပျံခက်နေတဲ့ ငှက်လို
ရာသီခွင်ကို စိတ်တွက်တွက်ရင်း ၊ သိုက်မြုံရဲ့ အဝေးမှာ ခေါင်းချရတော့မဲ့အဖြစ် ၊
ပွင့်လင်းမြင်သာမှုမရှိတဲ့ ပွင့်လင်းရာသီ ရောက်မှ
နှလုံးသားမဲ့ လူအတုတွေလို စစ် ထထ ဖြစ်
တက်တက်စင် အလွဲတွေကို လူတွေက လင်မယားလို ပေါင်းသင်းနေကြတယ်..။

အရေခွံ ဆွဲစုတ်ခံလိုက်ရတဲ့ တောင်တန်းနဲ့ လယ်ကွင်းများကို
မဆိုင်သလို အဝေးက ငေးကြည့်နေတဲ့ မြို့ ပြမှာ
အတ္တကို ကော်ဖီခါးခါးလို အငမ်းမရ သောက်ရင်း
ကိုယ်မျက်ချီး ကိုယ်မမြင်တဲ့ မျက်ကန်းမျိုးချစ်တွေ နေထိုင်တယ် ၊
ဘ၀ပျက်တွေကို ဥပက္ခာပြုပြီး
ကိုယ်ပျက်တာကို လူမသိ သူမသိ ဖုံးဖိဖို့ 
ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ် ၊
မတရား လူတွေ အလုပ်ရှုပ်ရင်း အရှုပ်လုပ်နေကြတယ်..။

အောင်ခိုင်မြင့်
၂၅ ဒီဇင်ဘာ ၂၀၁၂