တောင်ပုလုဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယသည် အမေရိကန်ပြည်ထောင်စုသို့ ၁၉၇၈-ခုနှစ် သြဂုတ်လ ၁-ရက်နေ့တွင် ပထမဦးဆုံအကြိမ် အဖြစ် ပြည်ပသာသနာပြုခရီး ကြွတော်မူပါသည်။
ပထမဆုံးအကြိမ် ဆရာတော်ဘုရားကြီး အမေရိကန်သို့ကြွစဉ် စီးလာသောလေယာဉ်၏ စက်တလုံး ချွတ်ယွင်းကြောင်း လေယာဉ်မှူးက ပြောပါသည်။ လေယာဉ်မှူးက ပျက်သောစက်ခေါင်းဘက်သို့ကြည့်ရာ အ၀တ်အ၀ါရောင် ၀တ်ထားသော လူတဦးက လေယာဉ်၏ အတောင်ပံပေါ်ထိုင်ပြီး ပျက်နေသောစက်ကို လက်ညှိုးဖြင့် ထိုးနေသည်ကို မြင်တွေ့သဖြင့် သူ၏လက်ထောက် လေယာဉ်မှူးအား ကြည့်စမ်း၊ ဟိုမှာ လူတယောက်-ဟုပြောလိုက်သည်။ ထိုသူကကြည့်ရာ ဘယ်သူ့ကိုမှ မမြင်ဟုပြောသဖြင့် လေယာဉ်မှူးသည် မိမိမြင်ယောင်မြင်မှား ဖြစ်လေသလားဟု ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။
