Showing posts with label မျက်မှောက်ရေးရာ. Show all posts
Showing posts with label မျက်မှောက်ရေးရာ. Show all posts

Wednesday, 21 November 2012

အိန္ဒိယ က အောင်ဆန်းစုကြည်ရွာ

အိန္ဒိယ က အောင်ဆန်းစုကြည်ရွာ
*********************

အိန္ဒိယနိုင်ငံ Andhra Pradesh-Karnataka border, က Papasanipalliisဆိုတဲ့ ရွာကလေးကို သွားရောက်လည်ပတ်ခြင်းအားဖြင့် ဒါလစ်မျိုးနွယ်အများစုနေထိုင်ရာ နေရာလေးကို အောင်ဆန်းစုကြည်ရွာ လို့ အမည်ပေး လိုက်ကြကြောင်း သိရပါတယ်။

" ကျွန်မနာမည်ရဲ့ အဓိပ္မါယ်ဟာ ထူးခြားတဲ့ အောင်မြင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် စုစည်းထားတယ် လို့ အဓိပ္မါယ်ရပါတယ် ။ ဒါကြောင့်ဒီရွာမှာလည်း နောင်အနာဂတ်မှာ ထူးခြားတဲ့ အောင်မြင်မှုတွေ အနာဂတ်မှာထွန်းလင်းတောက်ပလာစေဖို့ ဆုမွန်တောင်းလိ

ုက်ပါတယ် " လို့ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ် ။

သို့သော် အောင်မြင်မှုဟူသည် အလိုလိုနေရင်း ကိုယ့်ထံရောက်လာသည့် အရာမျိုး မဟုတ်ပဲ
ကိုယ်ကိုတိုင်ကြီုးစားပြီးမှ ရရှိနိုင်တာဖြစ်ကြောင်း လည်းပြောကြားခဲ့တယ်လို့ ဆိုပါတယ် ။

Friday, 16 November 2012

ဖြူစင်တဲ့ငွေလမင်းပိုင်ရှင်




အမေ့အကြောင်းကိုနှစ်သက် သဘောကျ လို့ ရေးချင်တာပါ..ဒါပေမယ့် သေသေချာချာ့ အမေစု ရဲ့  အကြောင်းကိုခရေစေ့ အတွင်းကျကျသိမှသိပါ့မလားလို့ု စိုးရိမ်နေမိတာအမှန်ပါဘဲ ..
အမေစုကို ဘာကြောင
့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?
အမေစု ကို ဘာကြောင့် ပြည်သူ့ လူထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေကြသလဲ?
အမေစုကိုဘာကြောင့် နိုင်ငံခေါင်းဆောင်အဖြစ်တင်မြှောက်လိုကြတာလဲ ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။အခုတော့ ကျွန်တော်လည်းသိနေပါပြီ ပြည်သူတွေကလဲ သိပြီး ပါးရည်နားးရည်ပြည့်ဝနေပါတယ်။
နောက်တစ်ခုက အရင်ကနဲ့ မတူ ပြည်သူတွေကလည်း အားလုံးကို ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။

အမေက ပြည်သူတွေ အားကိုးအားထိုက်လောက်တဲ့ လမ်းပြကြယ် ဟု ကျွန်တော်သိခဲ့ရပါပြီ။
မနေ့ က အချိန်တွေ ကုန်ခဲ့ပါပြီ .. ယခုလည်း ဒီမိုကရေစီ လမ်းမပေါ်ကို ရောက်နေပါပြီ မနက်ဖြန်ဆိုတာတွေးရခက်ပါသည် ဒီမိုကရေစီခေတ် လို့ ပြောလို့ မရသေးပါ. အမှန်တော့ ဒီမိုကရေစီ လည်းမရသေး ပါ ။ ဒီမိုကရေစီခေတ်ဆိုသည်မှာလွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့် စသည်ဖြင့် ရှိနေရပါမည်။ ယခင် ကနှင့်နှိုင်းယှဉ်ပါက ယခုတော့ သင့်ပါတယ်ဟုခေါ်ရမလိုပါဘဲ။ယခုတော့နိုင်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
အမေစု က နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်နှင့် နေထိုင်ခဲ့ရပါလျက်
ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက သူများထက် လက်တလုံးခြားရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့ နိုင်ပါသည်။
အမေ့ရဲ့  ပြတ်သားလှတဲ့ ဘင်္ဂလီ ရိုဟင်ဂျာအရေး ကလည်း ရခိုင်တိုင်းရင်းသားတွေ ဘက်က ဒိုင်ပွဲရပ်နဲ့  အဆုံးအဖြတ်ပေးခဲ့တာ ကမ္ဘာက လေးစားခဲ့ရပါတယ်။တစ်ခါမှ မမြင်ခဲ့ဘူးမတွေ့ ခဲ့ဖူးတဲ့ ဥရောပ နော်ဝေးနိုင်ငံမှာလည်း ငြိမ်းချမ်းရေး မိန့် ခွန်းတွေ ၊ နိုဗယ်ဆု ကို ကိုယ်တိုင်ယူပြီး မြန်မာပြည်အတွက် ဂုဏ်ဆောင်ခဲ့တာတွေ၊ ဆွစ်ဇာလန်မှာလည်းပြည်သူလူထုအား တန်ဘိုးရှိသော မိန့် ခွန်းများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု က မြန်မာပြည်ကို ကမ္ဘာက ပိုပြီးသိခဲ့ရပါပြီ ။လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူရပေဦးမည်။ လက်ရှိ အနေအထား က ခပ်ပါးပါးလေးလျှောက်နေကြရတာ တိုးတက်မှုနှေးကွေးနေသလားလို့ ထင်မိပါတယ်။အမေစုက
အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်နိုင်သူ လို့ ယူဆနေရပါတယ်။သူ့အပြုံးများ၊
လေးနက်ပြတ်သားသော သူ့စကားသံများ၊
ဖြူစင် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာခေါင်းဆောင်ပီသ သူ
ဟု ဆိုချင်ပါတယ်...ယနေ့  မီဒီယာများ ကလည်းအမေစု သတင်းကို ချက်ခြင်းဆိုသလို ထိတွေ့မှုများ ပိုလုပ်ပေးခဲ့ပါတယ်။ ဒေါ်စုက
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။
ပြည်သူအများစု၏ စနစ်ဆိုးဘ၀မှ လွတ်မြောက်မှုသာ အဓိကဖြစ်ပါသည်။
ထို့ကြောင့်အမေစုကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာချစ်ခင်အားကိုး မြတ်နိုးကြခြင်းသာ ဖြစ်ပေလိမ့်မည်။အခု အိန္ဒိယမှာလည်း အားလုံးစိတ်ဝင်စားနေပါတယ်။မြန်မာပြည်မြေပြင်ပေါ်မှာ လူသားများထဲတွင် စွန့် လွှတ်ခြင်း အနစ်နာခံခြင်း`သတ္တိ´နှင့် ခေါင်းဆောင်မှုကို တုနှိုင်းမရအောင်
ကျနော့်အား မေးလာပါက အမေစု အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။အမြဲဘဲ မှန်နေတဲ့အမှန်တရားအတွက်
အမေ ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး၊မေတ္တာ၊
နူးညံ့သိမ်မွေ့ခြင်းလူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့်
လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့သူ..ပြီးတော့ ဖြူစင်တဲ့ငွေလမင်းပိုင်ရှင် လို့  ဒီအတိုင်းဘဲ ရေးလိုက်မိပါတယ် ..။

ကိုထွန်းဝေ

စာဖတ်သူများအားလုံး စိတ်နှလုံး ဘ၀င်ရွှင်ပြုံးကြပါစေ..။
16.11.2012
ဓါတ်ပုံ bun ny

Monday, 15 October 2012

ကိုလှိုင်ဘွား နှင့် မှူးဇော်တို့ ရဲ့  လက်ရေးမူ တစ်ခု

လွန်ခဲ့တဲ့ မိနှစ် (၂၀) ခန့် က Hmuu Zaw (ဗိုလ်မှူးဇော်ဌေး) မှ -ကျွန်တော့် facebook wall မှာ Share ပို့ လိုက်တဲ့ Message ပါ။ပြီးခဲ့တဲ့ (၄၈) နာရီခန့် က ကျွန်တော်ရေးလိုက်တဲ့ OIC ကိစ္စ Statusနှင့်သက်ဆိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ သည် Status ကို တိုက်အတွက် ... ဗိုလ်မှူးဇော်ဌေး (သို့ မဟုတ်) သက်ဆိုင်ရာ က တစုံတရာ အကြောင်းပြန်ကြားခြင်းရှိမရှိကို ကျွန်တော်ဆီကို မေးလာကြတာတွေရှိခဲ့တဲ့ အတွက် - ယ္ခုကျွန်တော့် facebook wall ပေါ်က ဗိုလ်မှူးဇော်ဌေးပို့ လိုက်တဲ့ Message ကို ကျွန်တော်ရေးခဲ့တဲ့ Status ကို Share ခဲ့သူများအား အကြောင်းကြားသိစေအပ်ရိုက် Share 270 ကျော်နဲ့  ထပ်ဆင့် Share များစွာလုပ်ခဲ့ကြတဲ့
ပါသည်။

လေးစားစွာဖြင့်
လှိုင်ဘွား/၈၈
--------------------------------
ကျွန်တော်ရေးခဲ့သော Status မူရင်း -
https://www.facebook.com/photo.php?fbid=391686840902615&set=a.381685598569406.88418.100001839074858&type=1&theater

Thursday, 11 October 2012

RFA ဘယ်ဆီကိုရွေ့နေလဲ? (ကိုညို)


by Ko Nyo on Thursday, October 11, 2012 at 10:31am ·
အာအက်ဖ်အေ..ဘယ်ဆီကိုရွေ့နေလဲ?
(ကိုညို)
                       မူလလမ်းကြောင်းနဲ့သွေဖီနေပြီ

RFAမြန်မာပိုင်းမှာ၁၄နှစ်ကျော်ဆက်တိုက်သတင်းလုပ်လာတဲ့ကျနော့ကို၊
ဒီနှစ်အောက်တိုဘာမှာဘာမပြောညာမပြော
ထုတ်ပစ်လိုက်တဲ့အတွက်မိတ်ဆွေတွေ၊သောတရှင်တွေက
ဖုန်းနဲ့ရော၊ချပ်တင်တွေရော၊FaceBook
စာမျက်နှာတွေကပါနှစ်သိမ့်အားပေးတာ၊စာဆက်ရေးနေဘို့
တိုက်တွန်းတာတွေအပြင်၊ဘာကြောင့်အလုပ်ထုတ်ခံရတာလဲ?
အာအက်အေကမြန်မာ့ဒီမိုကရေစီအရေးအားပေးတာဘဲမို့လား?.

Wednesday, 10 October 2012

RFA Bad News

((( ဦးခင်မောင်စိုး လိင်သောင်းကျန်းနေတာကို ဌာနမှူးဒေါ်ငြိမ်းရွှေက အကာကွယ်တွေ ပေးထားတယ်လို့တောင် ရေးထားတာဖတ်လိုက်ရပါတယ်။ ဌာနမှူးတယောက်လုပ်နေပါလျှက်နဲ့ အဲဒီလိုလုပ်ပါ့မလားလို့ သံသယ၀င်မိတာလဲ အမှန်ပါ။)))
(((ဇတ်လမ်းကတော့ ရှင်းပါတယ်။ RFAအယ်ဒီတာ ဦးခင်မောင်စိုးက အသံလွှင့်သတင်းထောက် မခင်ခင်အိတို့ မသင်းသီရိတို့နဲ့ သုံးပင်လိမ် ရှုပ်ကြတဲ့ဇာတ်ပါ။ ဒါပေမယ့် ဦးခင်မောင်စိုးကတော့ သုံးပင်တောင် မကဘူးထင်ပါရဲ့ ))

Thursday, 4 October 2012

ဘင်္ဂလီများ၏ ရခိုင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု



နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော               ပြည်သူ့အစိုးရ၊ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဟုပုဂ္ဂိုလ်များ သိရှိစေရန်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၉)မှာ အခြားသူများ၏ အခွင့်အရေး ကို လေးစား လိုက်နာရန်ဆိုသည့် အချက်သည် လူသားတိုင်းလိုက်နာဖို့လိုပါသည်။ မိမိတို့၏ အခွင့်အရေးရ လိုမှု တစ်ခုတည်းနှင့် တခြားသူများ၏ အခွင့်အရေးကို မထိခိုက်ဖို့လိုပါသည်။

လူတစ်ဦး၊ လူမျိုးတစ်မျိုးတစ်မျိုးရဲ့ နဂိုမူလရှိနေသော မူလအခွင့်အရေးများ၊ ပိုင်ဆိုင်မှုများကို မတရား ပိုင်ဆိုင်လိုသောဆန္ဒဖြင့် လူ့အခွင့်အရေး ဆောင်ပုဒ်အောက်က လုယူနေကြခြင်းသည် တရားမျှတမှု ရှိပါအုံ့မည်လော။

Sunday, 16 September 2012

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ထောက်လှမ်းရေးအဖွဲ့ 


by Lu Cifer on Sunday, September 16, 2012 at 6:57pm ·

Burma Parliment

စစ်အစိုးရခေတ်က black list ခေါ် အမည်မည်းစာရင်းထဲမှာ ထည့်ထားသူ ၆၀၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို စာရင်းက ပယ်ဖျက်လိုက်ကြောင်း လွန်ခဲ့တဲ့ လနှောင်းပိုင်းက အစိုးရက ကြေညာပါတယ်။ မိမိလက်လှမ်းမမှီတဲ့ နိုင်ငံခြားနေပုဂ္ဂိုလ်တွေကို အမည်မည်းစာရင်းမှာ ထည့်သွင်းတာ စစ်ထောက်လှမ်းရေးဌာနရဲ့  အလုပ်တခု ဖြစ်ပါတယ်။ စစ်အစိုးရခေတ်က ဖိနှိပ်ညှဉ်းပမ်းရေး ယန္တယားထဲမှာ စစ်ထောက်လှမ်းရေးဟာ အဓိကပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ ထောက်လှမ်းရေးဟာ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်ပြုတ်သွားတဲ့အထိ စစ်တပ်နိုင်ငံရေးမှာ အချက်အခြာနေရာက ပါဝင်ခဲ့ပါတယ်။