Showing posts with label မလေးပြန်မြန်မာများအတွက်. Show all posts
Showing posts with label မလေးပြန်မြန်မာများအတွက်. Show all posts

Tuesday, 11 June 2013

မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်

သို့ 

မြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံကြီးသား ပီသတဲ့ အစိုးရကဘဲစီစဉ်ပေးဖို့ ဘဲ ကျန်ပါတယ်။အလှူ ရှင်တွေလဲ ပေါ်လာပါ ပြီ။

ကိုယ့်လူမျိုးတွေ ဒုက္ခမရောက်စေချင်လို့  ပြန်လာမယ့် မလေးမှ မြန်မာနိုင်ငံသားများကို လူသားဆန်ဆန်ကြိုဆိုကြရမှာ အစိုးရရဲ့ တာဝန်တစ်ခုပါ.။ ဖေ့ဘုတ်ပေါ်မှ ဒုဝန်ကြီး ဦးရဲထွတ်လည်း နားလည်မှုပေးပါ.။ သတင်းများကို အမှန်အတိုင်း ဖော်ပြစေချင်ပါတယ်။ မလေးရှားမှ လှူတဲ့ အလှူရှင်များနှင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။

မလေးရှားမှာ ပါတ်စပို့ မရှိတဲ့ မြန်မာများကို ပြန်ခွင့်ရအောင်ကြိုးစားပေးပါ.
ကုညီပေးတဲ့ အလှူရှင်များကို မလေးရှားမှာ လေယာဉ်ဆင်းခွင့်ရအောင် ကြိုးစားပေးပါ.။
တတ်နိုင်တဲ့ဘက်မှ အဆင်ပြေအောင် အစစအ၇ာရာကြိုစားဆောင်ရွက်ပေးစေလိုကြောင်း
ရေးသားတောင်ဆိုအပ်ပါသည်။

11.6.2013
လေးစားလျက်
ကိုထွန်းဝေ
ဂျပန်

မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်

အဲပုဂံက မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
“ကျမတို့က International လေကြောင်းလိုင်းမဟုတ်တဲ့အတွက် သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ၊ ဒါပေမယ့် မလေးရှားကိုရောက်နေတဲ့ မြန်မာတွေမှာ နယ်တွေက များတဲ့အတွက် သူတို့ ပြန်ရင် အဆင်ပြေအောင် ကျမတို့ အဲပုဂံ ပြည်တွင်း လေကြောင်းလိုင်းမှာ အခမဲ့ စီးနင်းခွင့်ပြုသွားမှာပါ ” ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာများအနေဖြင့် အဲပုဂံ လေကြောင်းလိုင်း PR ဌာန (ဖုန်း- ၅၀၄၂၈၄ ) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
မလေးရှားရောက်ဗမာများပြန် လာနိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းက ကနဦးဒေါ်လာ ၁သိန်းလှုဒါန်းမည်ဖြစ်ကြောင်းသိရသည်။