Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Sunday, 23 June 2013

ဘာသာမတူထိမ်းမြားမှုချုပ်ချယ်မည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်ပြစ်တင်ဝေဖန်



(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား လက်ထပ်ထိမ်းမြားမှုကို ချုပ်ချယ်တင်း ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက ဆို ပါသည်။

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း Radio Free Asia ကသတင်းဖော်ပြသည်။

Saturday, 11 May 2013

အခြေခံဥပဒေ ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်


(Bangkok Post မှ 10 May 2013 ရက်စွဲပါ “Suu Kyi predicts charter change”သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်မှုများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ တွန်းအားပေးနိုင်ဖွယ်ရှိသည်ဟုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြား သည်။

“၂၀၁၅ မတိုင်မီ အခြေခံဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားကြမှာပါ။ ကျွန်မတို့လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

၁၉၈၉ မှ ၂၀၁၀ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက လစ်လပ် ၄၅ နေရာအနက် ၄၃ နေရာအနိုင်ရရှိပြီးနောက် သူမ ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ၏ ထိပ်တန်းအာဏာပိုင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သော ဆက်ဆံရေးကို တည်ဆောက်ထားပါ သည်။

သမ္မတဦးသိန်းစိန်သည် စစ်သားလူထွက်အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပြီးနောက် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်လျှက်ရှိသည်။

“အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရမယ့် အရေးကြီးကိစ္စရပ်တွေကို အကြီးတန်းပြည်ခိုင်ဖြိုးပါတီဝင်တွေက တင်ပြ ခဲ့ကြပြီး ကန့်ကွက်မှုမရှိ အတည်ပြုနိုင်ခဲ့တဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီကလည်း လိုလားတယ်လို့ ကျွန်မယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော တပ်မတော်လွှမ်းမိုးမှုကို ပျက်ပြယ်စေမည့် ဥပဒေမှန်သမျှကို အလုံအလောက် ပယ်ချနိုင်ရန် လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ၂၅ % ထည့်သွင်းထားသော အချက်မှာ ၂၀၀၈ အခြေခံဥပဒေ၏ အငြင်းပွားဆုံး ကိစ္စဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် ခက်ခဲလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားပါသည်။

မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ၂၀၁၅ တွင် စီစဉ်ထားပြီး ပြည်ပနိုင်ငံသားနှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးပွဲမဝင်နိုင်အောင် လက်ရှိအခြေခံဥပဒေက တားဆီးထားသည်။


Yangon Chronicle
12.5.2013

Wednesday, 8 May 2013

တရုတ် - မြန်မာ ပိုက်လိုင်း ဆက်လက်ဆောင်ရွက်မည်




( 6 May 2013 ရက်စွဲပါ Energy Tribune မှ Tim Daiss ၏ China’s Myanmar Pipeline drama continues to unfold သတင်းကို ဘာသာပြန်ဆိုသည်။)
Photo Credit by Offshore - asia.blogspot.com

မည်သို့ပင် အခက်အခဲများ ရှိနေစေကာမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ရေနံနှင့် ဂက်စ်ပိုက်လိုင်း လုပ်ငန်း များအား ဆက်လက်အကောင်အထည်ဖော်သွားမည်ပင်ဖြစ်သည်။ ပြည်တွင်း မီဒီယာများမှ နေ့စဉ်နှင့်အမျှ ဝေဖန် ပြောဆို မှုများ ပြုလုပ်နေသော်လည်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော ရွေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းအား အပြင်းပွားမှုများ ကြားမှ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော ပိုက်လိုင်းစီမံကိန်းသည် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံများကို မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းကာ ပို့ဆောင်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ စွမ်းအင်လုံခြုံရေးအတွက် အပိုရေနံ နှင့် သဘာဝဓါတ်ငွေ့များကိုပါ ပေးစွမ်းနိုင်မည်ဖြစ်သည်။

ပိုက်လိုင်းများကို မြန်မာ့အနောက်ဘက်ကမ်းရိုတန်းတစ်လျှောက် ဆောက်လုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ ယူနန်ဒေသ နယ်စပ်မြို့ဖြစ်သော Ruili သို့မရောက်ရှိခင်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ထို့အပြင် ရေနံစိမ်းအတင်အချ ပြုလုပ်မည့် ဆိပ်ကမ်း တစ်ခုကိုလည်း မြန်မာ့အနောက် ဘက် ကမ်းရိုးတန်းရှိ ကျောက်ဖြူဒေသတွင် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် ရွှေ ကမ်းလွန်ရေနံလုပ်ကွက်မှ သဘာဝဓါတ်ငွေ့များကို သယ်ယူပို့ ဆောင်သွားမည်ဖြစ်သည်။

ရေနံပိုက်လိုင်းမှာ ၇၇၁ ကီလိုမီတာ ( ၄၇၉ မိုင်) ရှည်လျားမည်ဖြစ်ပြီး သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများကို တရုတ်နိုင်ငံ Kunming , Guizhou နှင့် Guangxi ဒေသများအထိ တိုးချဲ့သွားမည်ဖြစ်ကာ စုစုပေါင်းအနေဖြင့်၂,၈၀၆ ကီလိုမီတာ ( ၁,၇၀၀ မိုင်) ရှည်လျားမည်ဖြစ်သည်။ အဆိုပါပိုက်လိုင်း စီမံကိန်းများကို ဇွန်လတွင် ပြီးစီး၍ ရေနံစတင် တင်ပို့နိုင်ရန်စီစဉ် ထားပါသည်။

ရေနံပိုက်လိုင်းများကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ( MOGE ) တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEACOP) မှ စီမံခန့်ခွဲသွား မည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုမူ CNPC, MOGE , Daewoo International , KOGAD နှင့် Indain Oil and GAIL တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံကာ တည်ဆောင်သွားမည်ဖြစ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများအား CNPC ၏ လက်အောက်တွင်ရှိသော အရှေ့တောင်အာရှဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ ( SEAGP) မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ထပ်မံဖြည့်စွက်ရပါက CNPC သည် ရွှေရေနံလုပ်ကွက်ရှိ A – 1 နှင့် A – 3 အကွက်များမှ သဘာဝဓါတ်ငွေ့ ၀ယ်ယူ ရန် အတွက် နှစ် ၃၀ စာချုပ်ဖြင့် လက်မှတ်ရေးထိုး သဘောတူညီပြီးဖြစ်သည်။

သို့သော် ပိုက်လိုင်းစီမံကိန်းသည် စတင်ဆောက်လုပ်စဉ်ကပင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး စီမံကိန်းပြီးဆုံး ကာနီးလေလေ သဘောမတူကြောင်း ကန့်ကွက်မှုများ များလာလေလေပင် ဖြစ်သည်။

တရုတ်အစိုးရအဖြင့် CNPC မှတစ်ဆင့် အဆိုပါ အရှေ့တောင်အာရှသားများ၏ ပဋိပက္ခပြဿနာများကိုကိုင်တွယ် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

မြန်မာ - တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ ( MCPWC) မှ အစီရင်ခံစာ တစ်စောင်ကို ဧပြီလကုန်တွင်

ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ပိုက်လိုင်းတည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာမည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက် မှုများအပေါ် အကဲဖြတ်မှုများကို ဖော်ပြထားခဲ့သည်။ အချို့သော မြေယာသိမ်းဆည်းခံရသူများက သိမ်းဆည်းခံရသော မြေယာများအတွက် ပေးသော နစ်နာကြေှးများမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွှတ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့သို့ မကျေနပ်မှုများရှိနေသောလည်း MCPWC မှ ပိုက်လိုင်းအသုံးစရိတ်၏ .၀၁၂၈ ရာခိုင်နှုန်းကိုသာ မြေယာ သိမ်းဆည်းခံရသူများ၏ နစ်နာကြေးငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အခြားသောအဖွဲ့အစည်းများမှ ပြောကြားရာတွင် တာဝန်ရှိသူများမှာ စီမံကိန်းဆောက်လုပ်ရန်အတွက် မြေယာသိမ်း ဆည်းခံရသူများအားလုံးကို နစ်နာကြေး ပေးနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ မြေယာသိမ်းဆည်းခံရသော ရွာသူ ရွာသားများ၏ သုံးပုံနှစ်ပုံခန့်မှာ မြေယာသိမ်းဆည်းခံရမှုအတွက် မည့်သည့်နစ်နာကြေးမှ ရရှိခြင်းမရှိသေးကြောင်း အဆိုပါ အဖွဲ့အစည်းများမှ ဝေဖန်ပြောဆိုခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့ ဧရာဝတီသတင်းဌာန၏ သတင်းအရ ရှမ်းပြည်နယ်မှ မြေယာသိမ်းဆည်းခံရသော လယ်သမား များသည်လည်း လျောကြေးငွေ မရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာ ၂၀၁၀ တွင် မြေယာသိမ်းဆည်းခံခဲ့ရသော လယ်သမားတစ်ဦးအကြောင်း ထုတ်နုတ်ဖော်ပြထားရာတွင် အဆိုပါလယ်သမားသည် ၎င်း၏ ဟက်တာဧက ၆၀ ကျယ်ဝန်းသော မြေနေရာ အတွက် လျောကြေးငွေ ကျပ်သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) သာရရှိခဲ့သည်။ သူသည် အဆိုပါမြေနေရာ တွင်လက်ဖက်စိုက်ပျိုး ခြင်းဖြင့် နှစ်စဉ် သိန်းငါးဆယ် (ဒေါ်လာ ၅,၇၀၀) ရရှိခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

သို့သော် အဆိုပါလယ်သမားသည် နစ်နာကြေးငွေအပြည့်ဖြစ်သော တစ် ဟက်တာဧကလျှင် ကျပ် သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) ရရှိခဲ့ကြောင်း ဖော်ပြချက်များ ရှိနေခဲ့သည်။

ထိုကဲ့သို့ပင် ပိုက်လိုင်းတည်ဆောက်ထားသော မြန်မာနိုင်ငံရှိ မြို့နယ် ၂၁ ခုတွင်လည်း အလားတူ ပြဿနာများ ရှိနေဆဲပင်ဖြစ်သည်။ ပိုက်လိုင်းစီမံကိန်းစတင်ရာ ဒေသဖြစ်သည့် မဒေးကျွန်းမှ နယ်ခံများက သိမ်းဆည်းခံထားရသော မြေနေရာများအတွက် လျောကြေးငွေများ အပြည့်ဝရရှိခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းစတင်ရာ မဒေးကျွန်းပေါ်ရှိ မြေနေရာအများစုမှာ မြေလွတ်နေရာများအဖြစ် တရားဝင်မှတ်တမ်းများ ရှိနေသောကြောင့် မြေယာသိမ်းဆည်းခံရသူများကို လျောကြေးငွေပေးအပ်ရန် ဖြစ်စဉ်သည် အခက်အခဲများရှိနေကြောင်း CNPC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မဒေးကျွန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်မှ ကျွန်းသူကျွန်းသား အများစု၏ မြေယာပိုင်ဆိုင်ကြောင်း တရားဝင် စာရွက်စာတမ်း မရှိမှုနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုရာတွင်

“ ကျွန်းသူကျွန်းသားတွေက ဒီမြေပေါ်မှာဘဲ ဓါးမဦးချလုပ်ကိုင်ရင်း နေလာခဲ့ကြတာပါ .. တကယ်လို့ သူတို့ ( CNPC) က မြေယာပိုင်ဆိုင်ကြောင်း တရားဝင်စာရွက်စာတမ်း မပြနိုင်တဲ့သူတွေကို နစ်နာကြေးမပေးဘူး ဆိုရင်တော့ ကျွန်တော်တို့ လူတွေရဲ့ အခွင့်အရေးအတွက် ဆက်ပြီး တွန်းအားပေးသွားရမှာဘဲ” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

သိမ်းဆည်းမြေယာများအတွက် လျောကြေးသည် CNPC မှဖြေရှင်းရမည့် ပြဿနာများ၏ အစကနဦးမျှပင်ရှိ သေးသည်။ ဒေသခံများနှင့် ရေနံကိစ္စကို ပြေလည်အောင်ဖြေရှင်းကောင်းဖြေရှင်းနိုင်ခဲ့သည်ရှိစေဦး ။ ပိုက်လိုင်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ခက်ခဲသော အချိန်ကာလတစ်ခု ရှိနေဦးမည်သာဖြစ်သည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အစိုးရစစ်ကြောင်းများသည် ပိုက်လိုင်းတည်ရှိရာ မြောက်ဘက် ယူနန်ဒေသ အနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ပြည်တွင်းမီဒီယာများမှ ဖော်ပြထားသောကြောင့် ပိုက်လိုင်းများ၏ လုံခြုံရေးကိစ္စသည် အထူးတလည် သံသယဖြစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

“မြေပေါ်ပိုက်လိုင်းတွေ တည်ရှိတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာက တကယ်ကို နီးကပ်နေပါတယ်” ဟု Interfax သတင်းအေဂျင်စီမှ အနောက်တိုင်းလုံခြုံရေးအကြံပေးတစ်ဦး၏ စကားကို ကိုးကားဖော်ပြခဲ့သည်။ တိုက်ပွဲများထံမှ ကျည်ဆံ များသည် ပေါက်ကွဲမှုကို အလွယ်ကူဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် CNPC မှတာဝန်ရှိအကြီးအကဲများအတွက် အမင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားလိုက် ရသည်နှင့် တူပေသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုသည် အမုန်းတရားများ ဖန်တီးနေ သကဲ့သို့ဖြစ်နေသည်ကို ပိုက်လိုင်းတည်ဆောက်မှုများ ပြီးဆုံးသည်နက်တစ်ပြိုက်နက် ဘိုးဘွားပိုင် မြေများနှင့် အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများကို သိမ်းယူခံလိုက်ရသောကြောင့် ဒေါသထွက်နေကြသည့် လယ်သမားများ၏အဖြစ်ကို ထောက်ရှု ခြင်းအားဖြင့် သိနိုင်မည်ဖြစ်သည်။

အခြားသော စွပ်စွဲပြောဆိုထားမှုများသည် ပို၍ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။ အချို့သော ဒေသခံများမှ တရုတ်လူမျိုး ပိုက်လိုင်းအလုပ်သမားများနှင့် စစ်သားများသည် ဒေသခံအမျိုးသမီးများကို လိင်အကြမ်းဖက်မှု များပြုလုပ် ခဲ့သည်ဟု စွပ်စွဲပြောဆိုထားခဲ့သည်။

စစ်သားများ ပိုက်လိုင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရောက်ရှိလာစဉ်ကတည်းပင် ၎င်းတို့အပေါ် ကန့်သတ် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။ သို့သော် ထိုကဲ့သို့ ပြန်လည်ပြောဆို ၀ံ့သော ဒေသခံများမှာ မကြာခဏ ထောင်ဒဏ်ကျခံလေ့ရှိသည်။ ဥပမာအားဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် မဒေးကျွန်းဒေခံများ သည် ခွင့်ပြုချက်မရှိဘဲ ပိုက်လိုင်းများတည်ဆောက်မှုကို ဆန္ဒပြခဲ့သောကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည်ဟု မြန်မာတိုင်းမ်တွင် ဖော်ပြထားခဲ့သည်။ သို့သော် ဆန္ဒပြသူများက နှစ်ကြိမ်တိတိ( ဒီဇင်ဘာလနှင့် မတ်လ) ဆန္ဒပြခွင့်လျှောက်ထားခဲ့ သော် လည်း ပယ်ချခံခဲ့ရကြောင်း သိရှိသည်။

စိတ်ဝင်စားစရာကောင်းနေသည်မှာ CNPC ရုံးအားဆန္ဒပြခဲ့ကြသော လူအယောက် ၂၀၀ ထဲမှ အဖမ်းခံထားရသော လူ ၁၀ ယောက်သည် CNPC မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်တွင် သူတို့၏ မကျေနပ်ချက်များကို ဖော်ထုတ်ခွင့် ရရှိခဲ့ သည်။ သို့သော် CNPC မှ ဆန္ဒပြသူများကို ဖမ်းဆီးရန်တောင်းဆိုခဲ့ခြင်းမရှိကြောင်း ပြောဆိုထားခဲ့သည်။

အဆိုပါ ဒွိဟများသည် မြန်မာနိုင်ငံတွက် ဆက်လက်ဖြစ်ပေါ်နေဦးမည်သာ ဖြစ်သည်။ ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းများပြီးစီးကာ လုပ်ငန်းများကို တစ်လ နှစ်လ အတွင်းစတင် ဆောင်ရွက်နိုင်လိမ့်မည်ဆိုပါက တရုတ်၏ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုသော နည်းလမ်းမှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အကယ်၍သာ ပိုက်လိုင်းတည်ဆောက်ရာ၌ပင် ဤမျှပြဿနာဖြစ်နေပါက ပြီးစီး၍ လုပ်ငန်းလည်ပတ်ချိန်တွင် အိပ်မက်ဆိုးများ ကြုံရတော့ မည်ဟုသက်သေပြနေသလိုပင်။

Yangon Chronicle

Tuesday, 7 May 2013

မြန်မာလယ်သမားများကိုအမေရိကန်အစိုးရ ချေးငွေပေးမည်



Ambassador Mitchell attended a government-sponsored parliamentary workshop on agriculture.
Photo..U.S. Embassy Rangoon

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ လိုအပ်နေသော စိုက်ပျိုးရေးစရိတ်များကို အစိုးရမှ ချေးငွေလုံလောက် စွာ ထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် တောင်သူလယ်သမားများအတွက် ကာလရှည်အတိုးနည်းချေးငွေကို အမေရိကန်အစိုးရမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ကျင်းပသော လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။

အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေများကို ရယူနေရသည့် မြန်မာလယ်သမားများကို Soft Loan ( ကာလရှည် အတိုးနည်းချေးငွေ) ကို အမေရိကန်အစိုးရမှ ထုတ်ချေးပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်း ကတိုက်တွန်းပြီးနောက် ရန်ကုန်မြို့၊ ပြည်ထောင်စုလွှတ်တော်ရုံးခွဲတွင်ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦးအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါချေးငွေ ပေးအပ်နိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်ပြီး အစိုးရ အုပ်ချုပ် ရေးယန္တရားအတွင်း အကျင့်ပျက်ချစားမှုများကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီးမှပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေကို နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန်ပြည်ထောင်စု အေဂျင်စီ (USAID) ကမြန်မာလယ်သမားများအတွက် ရှာဖွေပေးနိုင်ပါကများစွာ အကျိုးရှိမည်ြ ဖစ်ကြောင်း သူရဦးရွှေမန်းမှ ပြောကြားခဲ့သည့်အပြင်အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် မှလည်း လယ်သမားများကိုလုံလောက် သောချေးငွေထုတ်ပေးရန်လိုအပ်ပြီး လက်မှု လယ်ယာမှ စက်မှုလယ်ယာ သို့ကူးပြောင်းရာတွင် အစိုးရမှ အကူအညီပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများအား ချေးငွေထုတ်ပေးမည့်ကိစ္စအပြင် နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိကကျသော ဆန်းစပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် လယ်သမားများ ဆန်စပါးကို ထိုက်သင့်သောနှုန်းဖြင့် ရောင်းချနိုင်ရေး အတွက် လယ်သမားကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီဖွဲ့စည်းရန် လယ်သမားကာ ကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းတွင် ရေးဆွဲထားကြောင်း သူရဦးရွှေမန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လယ်သမားများကို လုံလောက်သော ချေးငွေထုတ်ချေးခြင်း၊ အတိုးနည်းချေးငွေရှာဖွေပေးခြင်း၊ စပါးဈေးထိုး မကျစေရန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးခြင်းနှင့် ဆန်စပါးဈေးကို ဆန်ကုန်သည်များမှ ဈေးကွက်ပေါက်ဈေးထက် ထိုးတင်ရောင်းချခြင်းမပြုရန် အမြင့်ဆုံးရောင်းချနိုင်သည့် ဈေးနှုန်းသတ်မှတ်ပေးခြင်း တို့ကိုယင်း ဗဟိုကော်မတီက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

စပါးစိုက်ပျိုးသည့် အခြားနိုင်ငံများတွင် စပါးရိတ်သိမ်းပြီးပါက အောက်တိုဘာလတွင်ဆန်စပါးဈေး ထိုးကျနိုင်ပြီး ပြည်တွင်းလယ်သမားများ အရှုံးပေါ်နိုင်သဖြင့် ယခုဥပဒေကြမ်းကို ဇွန်လအတွင်း ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် အပြီးဆုံးဖြတ်သွားဟု သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သိရှိရသည်။

Yangon chronicle

Tuesday, 30 April 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား




ဘာသာပြန်



မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်းနှင့် သို့ဖြစ်၍ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အာဏာရပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါသည်။

၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိကာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်းလုပ်ဆောင်ခဲ့ခြင်းကြောင့် International Crisis Group က ချီးမြှင့်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို မကြာသေးမှီက လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် လမ်းရှင်းပေးရန် အစီအစဉ်မရှိဟု ယခုပြောကြားသူမှာ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဖြစ်ပါသည်။

“ကျွန်တော်တို့ ပါတီကတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခုထိမစဉ်းစားရသေးပါဘူး”ဟု ၎င်းက ထိုင်း အခြေစိုက် မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုကာ ထွန်းကားခဲ့သော သားနှစ်ဦး စလုံးမှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် အခြေခံဥပဒေပါ စည်းကမ်းချက်အရ သမ္မတလောင်းစာရင်းဝင်ရန် အဟန့် အတားဖြစ်နေပါသည်။

NLD ပါတီ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဝင်ယှဉ်ပြိုင်ခွင့် ရသည့်တိုင်အောင် သမ္မတနေရာအတွက် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား ထားသည်။

“လွှတ်တော်ထဲကပြိုင်ဖက်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပြင်းပြင်းထန်ထန်တားဆီးဖို့ကြိုးစား ကြပါလိမ့်မယ်”ဟု ၎င်းကမှတ်ချက်ပေးသည်။

သမ္မတကိုယ်စား ငြိမ်းချမ်းရေးဆုလက်ခံယူသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခွင့်ရအောင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားချိန်တွင် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ “ဦးဋ္ဌေးဦး၏မှတ်ချက်မှာ ကျားကွက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ကွယ်မှ ဦးသန်းရွှေ၏ ကစားကွက် မဟာဗျူဟာကသာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း” သုံးသပ် ပြောဆိုထားကြသည်။



Yangon ChronicleChronicle

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

Tuesday, 23 April 2013

သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှားရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်


(The Japan Times မှ 18 April 2013 ရက်စွဲပါ Su Kyii hopes to surmount obstacles to presidency သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါသည်။

“ဟုတ်တယ်။ ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် သတင်းထောက်တွေအားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင်ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံ ဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။

“ကျွန်မသမ္မတ မဖြစ်အောင် တားဆီးထားတဲ့အချက်တွေ အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခြေခံဥပဒေ ဆိုတာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို နေရာမရအောင် ဒါမှမဟုတ် နေရာမြဲအောင် ရေးဆွဲရတဲ့အရာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

“သဘောတူညီမှုကတဆင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား သဘောတူညီမှုကတဆင့် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်”ဟု သူမက ပြောကြားသည်။

မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား တင်းမာမှုအရှိန်မြင့်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှု ရှိစေရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးကြောင်း မြန်မာအတိုက်အခံခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

“မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရကတည်းက အပြည့်အဝ ငြိမ်းချမ်းတဲ့အချိန်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ကျွန်မတို့တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိဖို့ ပထမဆုံး လုပ်ရမှာ ကတော့ တရားဥပဒေစိုးမိုးရေး ထူထောင်တာပါပဲ။ လုံခြုံမှုမရှိဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှု မရနိုင်ပါဘူး။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ချရတယ်လို့ မခံစားရဘဲနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးဖလှယ်ပြီး အဖြေရှာဖို့ မဖြစ်နိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိနစ် ၄၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်စုကြည်က သူမ၏တွေ့ဆုံပွဲများသို့ ဂျပန်ရောက် မြန်မာရိုဟင်ဂျာများ တက်ရောက်ခွင့်မရဟု မီဒီယာများက ဖော်ပြနေသည့်ကိစ္စကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့အထိ တစ်ပတ်ကြာနေထိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Yangon Chronicle

Sunday, 17 February 2013

ခရိုနီတွေ နာလန်ထချိန်


                
 
 
 
ဦးတေဇလိုပဲ ဦးဇော်ဇော် အနေနဲ့လည်း နိုဘယ်ဆုရှင်ကို တွေ့ဖို့အခွင့်အရေး အချိန် သိပ်ကုန် မခံ (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးသမားများအကြောင်း သတင်းစာတွေမှာ တွေ့ရပြန်ပါပြီ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဆက်စပ်တာမဟုတ်ဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဆက်စပ်ပြီးတော့ တွေ့မြင်ရတာပါ။
စစ်အုပ်ချုပ်ရေး ကာလဆိုးထဲမှာ ထင်ရှားလာခဲ့တဲ့ ဦးတေဇ၊ ဦးဇော်ဇော်နဲ့ အခြား စီးပွားရေးသမားတွေက NLD ပါတီ ရန်ပုံငွေအတွက် ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းတာကြောင့် စာနယ်ဇင်းတွေမှာ အထင်ကရ ဖော်ပြလာတယ်။ ဒီတော့ အကျင့်ပျက်ခြစားမှုနဲ့ သတင်းကြီးတဲ့ ခရိုနီတွေကို အကာအကွယ်ပေးဖို့ လုပ်လာပြီလို့ NLD ကို စွပ်စွဲဝေဖန်တာတွေ ရှိလာခဲ့တယ်။

Sunday, 27 January 2013

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဲကန္တာရထဲကို အပါယူသွားချင်တဲ့ သီချင်းများ


( ထားထားမြင့် Burma-Newselite )
ဗြိတိသျှ ရေဒီယို အစီအစဉ်တွေထဲက သက်တမ်းအရှည်ကြာဆုံး အစီအစဉ်တခုဖြစ်တဲ့ BBC ရေဒီယို ၄ လိုင်းရဲ့ Desert Island Discs တေးဂီတအစီအစဉ် ကနေ မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
စိတ်ကြိက်ေ၇ွးချယ်မှု သီချင်းတွေ အခု တနင်္ဂနွေနေ့မှာ တင်ဆက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ အပတ်စဉ် နာမည်ကြီးထင်ရှားတဲ့  ဧည့်သည်တဦးက သူတို့ ဟာ သဲကန္တာရထဲလို အထီးကျန်တဲ့ နေရာမျိုးကို သွားခဲ့ရရင် သူတို့ နဲ့ အတူအပါယူသွားချင်တဲ့ သီချင်းရှစ်ပုဒ် ။
စာအုပ်တအုပ်နဲ့ ဇိမ်ခံပစ္စည်းးတခုတို့ ကို
ရွေးချယ်ပေးရတဲ့ အစီအစဉ်ဖြစ် ပြီး သူတို့ ဘာကြောင့် 
အဲဒါတွေကိုေ၇ွးချယ်ရသလဲဆိုတာ ဘ၀အတွေ့ အကြုံနဲ့ ပြောပြတဲ့ ဘီဘီစီရေဒီယိုရဲ့ လူကြိုက်များတဲ့ အစီအစဉ်တခုဖြစ်ပါတယ်။

ဒီအစီအစဉ်ကို တင်ဆက်တဲ့ Kirsty Young ကတော့ ဒီအစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ တဲ့  အခါတုန်းက စိတ်လှပ်ရှားမှုကြောင့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည်ရွေးပေးရမယ့် သီချင်း ရှစ်ပုဒ်ကိုတောင်မေ့နေလို့  သူရဲ့ အစိအစဉ်ထုတ်လုပ်သူက သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သူရဲ့ ရေဒီယို အစီအစဉ်တင်ဆက်သူ သက်တမ်းတယောက်မှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး
သူ့ စိတ်ကို အလှုပ်ရှားနှိုင်ဆုံး ဧည့်သည်ဟာ ဗြိတိသျှဘုရင်မကြီးဘဲ ရှိတယ်လို့ Young ကပြောပါတယ်။

"ဒီအတွေ့ အကြုံကတော့
ပျော်လွန်းစိတ်လှုပ်ရှားစရာကောင်းလွန်းလို့  အိမ်မက်မက်နေသလိုပါဘဲ ။ဒေါ်စုကို ဘယ်သီချင်းတွေကို ကျမ သိမ်းထားရမယ်ဆိုတာတောင် မေးဖို့ မေ့နေခဲ့ပါတယ်"လို့  Young က ပြောပါတယ်။

၂၀၁၀ခုနှစ်မှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်လာတဲ့
ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီရဲ့ အဲဒိရေဒီယို အစီအစဉ်ကို အောက်စဖို့ မှာရှိနေတုန်းက သူမ သားဖြစ်သူ
အလက်ဇန်ဒရားနဲ့ အတူနားထောင်ခဲ့ တာကို အမှတ်ရနေကြာင်း မနှစ်က နိုဘယ်ဆုကော်မတီကို သွားရောက်စဉ်မိန့်ခွန်းပြောရာမှာ ထည့် သွင်းပြောဆိုခဲ့ပါတယ်။

အဲဒိလို သူတိုရဲ့ Desert Island Discs ရေဒီယိုအစီအစဉ်ကို ဒေါ်စုက ရည်ညွန်းပြောတာကို ကြားလိုက်ရချိန်မှာ လေထဲကို
မြှောက်တက်မတတ် ခံစားမိခဲ့ တယ်လို့  Young က ဆိုပါတယ်။

အဲဒိနောက်မှာတော့ ရေဒီယို ၄ အစီအစဉ် အကြီးအကဲ Gwyneth Williams က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒိရေဒိယိုအစီအစဉ်မှာ ပါဝင်မလားလို့ စာနဲ့ ဆက်သွယ်တောင်းဆိုကမ်းလှမ်းခဲ့ ပါတယ်။

ဒေါ်စုကိုနှစ်ကြိမ်သုံးကြိမ်ဖုန်းနဲ့ ဆက်မေးမြန်းခဲ့ ပြီးပေမယ့်  သူရဲ့ ရှေ့ တည့်တည့်မှာထိုင်ပြီး အသံဖမ်းစက်ကို ဆင်တဲ့အထိ ကျမကိုကျမ မယုံနိုင်ခဲ့ ပါဘူး။
ကျမမှာ သူကို့ မေးဖို့ အတွက် စိတ်လှုပ်ရှားရတာ စာမေးပွဲဖြေနေရသလိုပါဘဲ။ အခန်းထဲကို ဒေါ်အောင်ဆန်းစုကြည်ဝင်လာပြီးထိုင်တဲ့ အချိန်အထိ အဲဒါတကယ်ပါလားဆိုတာ မယုံနိုင်သေးဘူး လို့ Young က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဆုံရတဲ့ အတွေ့ အကြုံကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
Desert Island Discsအစီအစဉ် အတွက် သူ့ ဖြတ်သန်းရတဲ့  စိတ်ရောကိုယ်ပါ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေကို
ပြောပြခဲ့ တယ်လို့  Young ကရှင်းပြပါတယ်။

ဒါတွေကို ပြန်ပြောရတာ သူ့အတွက်တော့ စိတ်ထိခိုက်စရာပါပေါ့လေ။ ဒါပေမဲ့ သူ စိတ်ထိခိုက်တာ ကိုယ်ရေးကိုယ်တာခံစားမှုတွေကို ဘေးဖယ်ထားပြီး ကျမကိုပြောပြခဲ့ ပါတယ်။ တကယ်တော့ လောကကြီးမှာ သာမန်လူတွေထက် မြင့် မြတ်သူတွေ အများကြီးရှိပါတယ်။
သူဟာ ငရဲလို အပူတွေကို ဖြတ်သန်းလာခဲ့ ရတာတောင်မှ ဟာသဥာဏ်ရွှင်ပြီး သိပ်ကို ထက်မြက်တဲ့ အမျိုးသမီးပါဘဲ။ တကယ့်ကို ရှာမှရှားပါဘဲရှင်။

Young ရဲ့ ပြောကြားမှုအရ ဒီအစီအစဉ်အတွက်
ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်ခဲ့ တဲ့သီချင်းတွေဟာ သူငယ်စဉ်ကလေးဘ၀နဲ့ သူ့ရဲ သားသမီးတွေနဲ့ ပတ်သက်ပြီး
မိသားစုဘ၀နဲ့ ဆိုင်တဲ့ သီချင်းတွေလို့ သိရပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပိန်ပိန်သွယ်သွယ် နုနုနယ်နယ်ပုံပေါက်ပေမယ့်
တကယ်ကို ကျက်သရေနဲ့ ပြည့်စုံတဲ
အမျိုးသမီးတဦးပဲလို့ နေပြည်တော်မှာ ဒေါ်စုနဲ့ တွေ့ ဆုံခဲ့တဲ့ 
Young က ပြောပါတယ်။

နေပြည်တော်ကို သူတို့ အဖွဲ့ ရောက်သွားတော့ ဒေါ်စုရဲ့
့လက်ထောက်တွေက ကြိုဆိုနေရာချပေးပြီးနောက်
Young တို့ တတွေက သူတို့ ရဲ့ အသံသွင်းစက်တွေကို
နေရာချတပ်ဆင်ခဲ့ ပါတယ်။

နာရီဝက်လောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာပါဘဲ။ သူဟာတကယ့်ကိုနွေးနွေးထွေးထွေးနဲ့ ဘာဟိတ်ဟန်မှ မရှိပါဘူးလို့ လည်း သူတွေ့ ဆုံခဲ့ရတဲ့  ဒေါ်စုရဲ့ ရုပ်ပုံလွှာကို Young
ကပုံဖော်ပြပါတယ်။

"ဒီအမျိုးသမီးဟာ တကယ့် ကို ဘ၀မှာအခက်အခဲတွေကို
ရင်ဆိုင်ဖြတ်သန်းခံရတဲ့ သူပါ ။ ဒါပေမဲ့ ပန်းဘဲဖိုက ဒါးတလက်လို အဲဒိလို မီးထိုးခံရလေ ပိုမာကျောထက်မြက်လာလေပါဘဲ။
သူ့ မှာကိုယ်ပိုင် ချင့်ချိန်တတ်တဲ့  သံမဏိလို စိတ်ဓာတ်မျိုးရှိတယ် ။
တခြားနိုင်ငံရေးသမားတွေလိုပါဘဲ ။ ကိုယ်ရေးကိုယ်တာ ခံစားမှူတွေထက် လုပ်သင့်တာကိုဘဲ
ဆုံးဖြတ်လုပ်ကိုင်ခဲ့ တဲ့သူပါလို့  BBC Desert Land Disc
တေးဂီတ အစီအစဉ်တင်ဆက်သူ Kristy Young က ပြောကြားခဲ့ပါတယ်။

( share နိုင်ပါတယ် copy ကူးခြင်းသည်းခံပါ။ http://www.guardian.co.uk/world/2013/jan/22/aung-san-suu-kyi-desert-island-discs-burma ကို ဘာသာပြန်ဆိုပါသည်)

ဓာတ်ပုံ Bun Ny

Wednesday, 16 January 2013

တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ


(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)

အဓိက အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ဂျပန်နှင့် အိန္ဒိယ တို့သည် ယခုမှ တံခါးဖွင့်လာသော မြန်မာနိုင်ငံသို့ နေရာတစ်နေရာရရန် ဝင်ရောက်လာကြရာ မြန်မာနိုင်ငံတွင်နေရာယူထားသော တရုတ်၏ စီးပွါးရေးနှင့် မဟာဗျူဟာအရ ခြေကုတ်ယူထားမှုမှာ လျော့ကျလာနေသည်ဟု သုံးသပ်သူများက ပြောပါသည်။

မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကြားတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ထွက်ပေါ်နေရာ Beijing သည် ထိုထက်ပို၍လက်လွှတ်ရဖွယ်ရှိပါသည်။

Sunday, 13 January 2013

ကချင်ပဋိပက္ခတွင် တပ်မတော်၏ ကဏ္ဍအပေါ် သမ္မတချီးကျူး



(11 january 2013 ရက်စွဲပါ Channel News Asia မှ Myanmar’s Leader Lauds army role in Kachin conflict ကို ဘာသာပြန်ပါသည်)

ကချင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မှေးမှိန်စေ သော်လည်း ကချင်သူပုန်များအပေါ် မြန်မာ စစ်တပ်၏ တုန့်ပြန်မှုအပေါ် မြန်မာသမ္မတက ကာကွယ်ပြောဆိုခဲ့မှု ကို နိုင်ငံပိုင်မီဒီယာတွင် သောကြာနေ့က သတင်းဖော်ပြခဲ့ပါသည်။

ကချင်များပြောကြားရာတွင် မြန်မာစစ်တပ်သည် ၎င်းတို့၏ဌာနချုပ် လိုင်ဇာဆီသို့ ထိုးစစ်ဆင်လာနေ ကြောင်း ဆိုပါသည်။ ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် မြန်မာစစ်တပ်က လေကြောင်း မှ တိုက်ခိုက်မှုကိုကန့်ကွက်ခဲ့ကြပါသည်။

Saturday, 12 January 2013

ပြစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ


(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အင်အားစုများကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်လာမှုသည် ကန့်ကွက်ရှုတ်ချမှုများစွာကိုဖြစ်ပေါ်စေသည်။

နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သော ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့ အပေါ်တိုက်ခိုက်မှုများသည် လွန်စွာပြဿနာဖြစ်စေသော ကိစ္စဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက မြန်မာစစ်တပ်အနေဖြင့်စစ်မက်ပဋိပက္ခကို အမြန်ဆုံးရပ်ဆိုင်းအောင်ပြုလုပ်သင့်ကြောင်း အလေးအနက် တိုက်တွန်း ပြောဆိုသည်။

သို့သော် အဆိုပါ စစ်မက်ပဋိပက္ခမှာ အစိုးရမီဒီယာများတွင်တစ်မျိုးတစ်ဖုံပုံဖော်ရေးသားခြင်းခံနေရသည်။ တစ်ချိန်ကအနောက်မီဒီယာများကို "လေလှိုင်းပေါ်ကလူသတ်သမားများ" "သွေးထိုးသူများ"အဖြစ်သတ်မှတ်ဖော်ပြခဲ့သော New Light of Myanmar သတင်းစာ၏ ယမန်နေ့ကစာစောင်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် "ကချင်သူပုန်များသည် ရထားလမ်း၊ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်သလို ဒေသခံပြည်သူများထံမှ ငွေကြေးများကိုလုယက် တိုက်ခိုက်လျက် ရှိသည်" ဟု ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ယင်းသတင်းစာတွင်မူ "သူပုန်များသည် ထရပ်ကားများကို ပစ်ခတ်တိုက်ခိုက်ကာ အမျိုးသမီးများကိုလည်း အဓမ္မ ခေါ်ဆောင်သွားကြသည်။ မြို့တွင်းနေရာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြသည်" ဟု ရေးသားပြန်သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးကာလ တွင်ထုတ်ပြန်သော New Light of Myanmar တွင်"ကချင်သူပုန်များသည် ၂၀၁၁ ခုနှစ်၊ မေလ မှစ၍ ကချင် ပြည်နယ်တွင်းမိုင်းထောင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၁ ကြိမ်တိတိပြုလုပ်ခဲ့သည်"ဟုရေးသားထားသည်။

အဆိုပါ အစိုးရသတင်းမီဒီယာ ရေးသားဖော်ပြသမျှ မှန်ကန်မှုရှိပါ၏လောဟုမေးစရာရှိလာသည်။ ပထမဆုံး စဉ်းစားကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ရှိစစ်မက်ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းလုံးလုံးလျားလျား အမှီအခိုကင်းရှင်းကာ လွတ်လပ်မှုရှိသည့်မီဒီယာများ အနေဖြင့်ဝင်ရောက် သတင်းယူရေးသားနိုင် ရေးမှာလွန်စွာ ခဲယဉ်းသည့်ကိစ္စရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့ပြင်စစ်မက်ပဋိပက္ခဇုန်များနှင့် ပတ်သက်၍ မျက်မြင်သက်သေ တွေ့ကြုံဖူးသူများမှာ ကိုယ်တိုင်တိုက်ခိုက်နေသူများနှင့် အနီးရှိရွာသူရွာသားများသာဖြစ်ကြသည်။

အနောက်တိုင်း သတင်းမီဒီယာများတွင် ယင်းသူပုန်အုပ်စုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရေးသားမှုတို့မှာမူ ထူးထူးခြားခြားဖြစ် သလိုဘာသာရေးနှင့် ယဉ်ကျေးမှုတို့အရ ရှောင်ရှားရန်အမှုများဖြစ်ကြသည်။ သို့သော် မြန်မာအစိုးရတွင် အကြမ်းဖက်ရက်စက်တတ်သော မှတ်တမ်းများ ကာလကြာရှည်စွာရှိထားခဲ့ပေရာ New Light of Myanmar ကဲ့သို့သောအစိုးရမီဒီယာများတွင်ပါရှိသော ဖော်ပြချက်များကြောင့်သံသယများကိုလျော့ကျ သွားစေမည်မဟုတ် သလို အကျိုးအမြတ်လည်းဖြစ်ပေါ်မည်မဟုတ်ပေ။

Sunday, 6 January 2013

ဂျပန်က မြန်မာနိုင်ငံတွင် အခွင့်အလမ်းများတွေ့မြင်

(5 January 2013 ရက်စွဲပါ China Daily မှ Japan sees chance in Myanmar's emerging economy ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် သောကြာနေ့က စက်မှုဇုန်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီ အသစ်များ ပေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Saturday, 5 January 2013

တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် မြန်မာကိုတရုတ်တိုက်တွန်း



(Ximhua News မှ 4 Jan 2013 ရက်စွဲပါ "China urges Myanmar to maintain stablity"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း နယ်စပ်ဒေသ တရုတ်ပိုင်နက်ထဲသို့ ဗုံးသုံးလုံးကျရောက်ပေါက် ကွဲခဲ့ပြီး နောက်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဖိအားပေး ပြောဆိုမှုများပြုလုပ်လိုက်ပါသည်။ "အလားတူဖြစ်ရပ်မျိုးတွေ နောက်တစ်ကြိမ် မဖြစ်အောင် တားဆီးဖို့ ထိရောက်တဲ့အစီအစဉ်တွေ ချက်ချင်းလုပ်ဆောင်ပါလို့ မြန်မာဖက်ကို တရုတ်နိုင်ငံကတောင်းဆိုထားပါတယ်" ပာုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားစဉ် ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဖက်သို့ ဗုံးသုံးလုံးကျရောက်ခဲ့သည်ပာု သူမကအတည်ပြုပြောဆိုသည်။ သို့သော် တရုတ်နိုင်ငံဖက်တွင် ထိခိုက်ပျက်စီးမှုမရှိပာု သိရှိရသည်။မြန်မာနိုင်ငံဖက်မှ နယ်စပ်ဒေသခံများ တရုတ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း မရှိပာုလည်း မြန်မာနယ်မြေနှင့် ကပ်လျက် ယူနန်ပြည်နယ်မှ အာဏာပိုင်မျာသောကြာနေ့ တွင်ပြောကြားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက "မြန်မာနိုင်ငံ မြောက်ပိုင်းက ပြဿနာပာာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ။ မြန်မာအစိုးရအနေနဲ့ သက်ဆိုင်ရာအုပ်စုနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့်ပြဿနာကို ဂရုတစ်စိုက် မှန်ကန်စွာဖြေရှင်းပြီး တရုတ်-မြန်မာ နယ်စပ် ဒေသတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်"ပာု ပြောကြားသွားသည်။

Yangon chronicle

Sunday, 23 December 2012

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးထက် စစ်ပွဲက လှိုင်


စာရေးသူ ဘာတေးလင့်တနာ(Bertil Lintner)၏ More war than peace in Myanmarကို ဘာသာပြန်ဆိုသည်။

သေနတ်တင် ရဟတ်ယာဉ်များ က စစ်မြေပြင်ထက် ဝေဟင်တစ်ခွင် ပျံဝဲနေကြသည်။ ဒုက္ခသည်နှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူ (အိုင်ဒီပီ) ၁၀ဝဝ၀ဝ ခန့်အဖို့ ညနက်တွင် ထိုးဖောက် မြည်ဟိန်းလာသော ဗုံးသံ၊ အမြောက်သံ များကိုသာ အဆက်မပြတ် ကြားနေရသည်။ စစ် ဆေးရုံများမှာ ဒဏ်ရာရ အစိုးရစစ်သားများဖြင့် တင်းကျမ်း ပြည့်နေသည်။ တံတားများ၊ ဆက်သွယ်ရေး လိုင်းများနှင့် အခြား အခြေခံအရေးကြီး အဆောက်အအုံ များမှာ စစ်၏ အပျက်အစီးများထဲတွင် လဲလျောင်းနေကြ သည်။

Wednesday, 12 December 2012

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို တရုတ်တို့ က အန္တရာယ်ရှိလာစေသလော


Photo..bdlive.co.za
(10 Dec 2012 ရက်စွဲပါ Bangkok Post မှ China poses risk to Myanmar’s reform ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသွားရောက် လည်ပတ်ခဲ့ရာ တစ်ချိန်က အပယ်ခံနိုင်ငံအဖို့ ပြုပြင်ပြောင်းလဲမှုများတွင် ထပ်မံတိုးလာသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ရပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေးတွင် အထက်ပါတိုးတက်မှုများသည် သံသယဖြစ်ဖွယ်မရှိ ကောင်းမွန်စွာထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်လာခဲ့သည်နှင့်အမျှ တစ်ချိန်က မြန်မာနိုင်ငံအပေါ် ပြင်းထန်သော အရေးယူမှုများ ချမှတ်ထားခဲ့သော အမေရိကန်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေး၍ ကူညီပံ့ပိုးရန် ကြိုးစားလာပါသည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပါသည်။ အမေရိကန်သည် ယခုအခါ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးဆိုင်ရာ အရေးယူမှုအများစုကို ယာယီရုတ်သိမ်းခြင်း(သို့မပာုတ်) ရုတ်သိမ်းခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

Friday, 7 December 2012

ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့သံမဏိမိန်းမသားနှစ်ဦး

(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။
ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့သံမဏိမိန်းမသားနှစ်ဦး ဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York Times သတင်းစာကြီးကပါ ဖွင့်ချ ချီးကျူးရပေပြီ။ လူထုကိုချစ်တဲ့ လက်ပန်တောင်းတောင်တွေကိုချစ်တဲ့ လူထုဒုက္ခတွေကို တိုက်ပွဲဝင်တောင်းဆိုတဲ့ ဖြူစင်တဲ့ ညီမငယ်များ အာဏာရှင်များရဲ့ ဒုက္ခပေးတဲ့ဘေးဘယာ အပေါင်းမှ ကင်းဝေးပါစေ
သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။

Sunday, 18 November 2012

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ( ဂျဝါဟလာနေရူး အထိမ်းအမှတ် -အိန္ဒိယ )


မူရင်း အင်္ဂလိပ်လို မိန့်ခွန်း http://m.ibnlive.com/news/full-text-of-suu-kyis-jawaharlal-nehru-memorial-lecture/305659-3.html

ဝမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျေးဇူးကြွေးရယ်......ချစ်ခင်ကြင်နာခြင်းရဲ့ ကျေးဇူးကြွေးရယ်ကို ဆပ်နိုင်တာလောက် စိတ်ကျေနပ်စရာကောင်းတဲ့ အခါမျိုး ရှားပါတယ် ။ ပြီးခဲ့တဲ့လအနည်းငယ်မှာ ကျမဟာ မြန်မာပြည် ဒီမိုကရေစီရေးမှာရော ကျမကိုပါ တစိုက်မတ်မတ် အားပေးခဲ့သူတွေ ၊ အစိုးရတွေ ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ခွင့်များစွာ ရခဲ့ပါတယ်။ ကျမတို့ ရွေးချယ်ထားတဲ့ ဒီလမ်းခရီးမှာ ကြီးကျယ်တဲ့အခက်အခဲတွေ ကြုံရတိုင်း ကမ္ဘာတ၀ှမ်းက ကျမတို့ ရခဲ့တဲ့ ကိုယ်ချင်းစာနားလည်မှုဟာ ကျမတို့ကို ရှေ့ဆက်ဖို့ အားအင်အသစ်တွေ ဖြစ်စေခဲ့တယ်လေ ။ ကျမတို့ တကယ်လိုအပ်နေချိန်မှာ ရက်ရက်ရောရောပေးခဲ့ကြတဲ့  အားပေးမှုတွေ အကူအညီတွေအတွက် ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်နိုင်ပါဘူး ။

  • ဒီနေ့တော့ ၁၉၉၅ မှာကတည်းက ကျမကို ပေးအပ်ခဲ့တဲ့ ဂျဝါဟလာနေရူးအောက်မေ့ဖွယ် ဆု အတွက် ကျေးဇူးတင်စကားပြောလိုပါတယ် ။ ၁၉၉၅ ဆိုတာ ကျမကို ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွှတ်လိုက်တဲ့နှစ်ပါဘဲ ။  လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုကာလက အိန္ဒိယနဲ့မြန်မာကြား ဆက်နွယ်မှုရယ် ၊ ကျမကိုယ်တိုင်နဲ့ အိန္ဒိယနိုင်ငံကြားဆက်စပ်မှုတွေကြောင့် ဒီဆုဟာ ကျမအတွက်တော့ ထူးခြားလှပါတယ် ။  အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်တွေရဲ့  အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေဟာ ကျမကို စိတ်ကူးသစ်တွေ အားကျအတုယူစရာတွေ ပေးခဲ့တယ်လေ ။   ဂန္ဒီဟာ အားကောင်းလှတဲ့ အတားအဆီးတွေကိုဆန့်ကျင်ပြီး အကြမ်းမဖက်ဝါဒကို ထိရောက်တဲ့နိုင်ငံရေးအားတစ်ခုအဖြစ်ပြောင်းလဲခဲ့တယ် ။  မြန်မာပြည်က ကျမတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဂန္ဒီရဲ့ အဲဒီ အကြမ်းမဖက်ဝါဒကို စွဲစွဲမြဲမြဲ အခြေတည်ထားတာပါ ။  ကျမရဲ့နိုင်ငံရေးတွေးခေါ်မှုတွေအပေါ်မှာ ဂန္ဒီ ရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတာ အတော်လေး လူသိများတဲ့ အချက်ပါဘဲ   ။ ဒါပေမယ့် ကျမအပေါ် ဂျဝါဟလာနေရူးရဲ့ လွှမ်းမိုးမှုကိုကျတော့ အဲဒီလောက် မသိကြပါဘူး ။

Wednesday, 14 November 2012

တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား-



တရုပ်နိုင်ငံကို နောင်တက်လာမည့် မဟာအင်အားကြီးနိုင်ငံတခုအဖြစ် ကမ္ဘာ့မီဒီယာတွေကပြောဆိုနေကြတယ်။ တရုပ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှေ့အကျဆုံးသော ယဉ်ကျေးမှုပေါ်ထွန်းလာခဲ့သည့် နိုင်ငံတွေအနက်က တခုဖြစ်ပါတယ်။ လူဦးရေက အဆမတန် များပြားနေပြီး၊ ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနေတယ်။

တရုပ်နိုင်ငံအကြောင်းကို မီဒီယာတွေကပြောဆိုနေဒါတွေနဲ့ ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်ပါက လုံးဝ မတူညီ ကြီးမားစွာ ကွာခြားနေဒါကို တွေ့ရှိရမှာဖြစ်တယ်။

တရုပ်နိုင်ငံ၏ အား ဟာ စီးပွားရေုးုဖြစ်တယ်လို့ လူအများကထင်နေကြတယ်။  ကမ္ဘာပေါ်မှာ အမေရိကန်ပြီးလျင် တရုပ်စီးပွားရေးဟာ ဒုတိယလိုက်နေဒါကိုတွေ့ရှိရမှာဖြစ်တယ်။ ဒါပေမယ့် တရုပ်နိုင်ငံ၏ အမျိုးသားတစ်ဦးချင်းဝင်ငွေဟာ ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့ နဲ့ နှိုင်းယှဉ်လိုက်လျင် (၁၀) ဆကျော်လောက် လျော့နည်းနေဒါကို တွေ့ရှိရမှာဖြစ်ပြီး၊ လူနေမှု့ အဆင့်အတန်းကို ကြည့်လိုက်လျင် နိုင်ငံ၏ (၈၅) ရာခိုင်းနှုန်းရှိသော ပြည်သူတွေ၏ လူနေမှု့ အဆင့်အတန်းက များစွာ နိမ့်ကျစွာ နေထိုင်နေရတုန်းပါပဲ။ ဒီအချက်က အာဖရိကရှိ နိုင်ငံတွေနဲ့ လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏ ထက်ဝက်ကျော်မှာ ကျေးလက်ဒေသတွေမှာ နေနေကြရတုန်းဖြစ်တယ်။ အများစုက အခြေခံကျသော လိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိမှု၊ ကျမ္မာရေးစောင့်ရှောက်မှု (သို့မဟုတ်) အခြေခံပညာသင်ကြားနိုင်မှုများ မရှိကြပါဘူး။

မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀) မှ (၂၀၃၀) အတွင်းကို တွက်ဆကြည့် ပါက နှစ်စဉ် (၁) ရာခိုင်နှုန်းလောက်ပဲ တိုးတက်နေတယ်။ ဒီနှုန်းဖြင့် ဆက်သွားပါက တရုပ်နိုင်ငံအနေဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်း အနည်းဆုံး (၃) ခုလောက်ကြာသည့်အခါမှ့ နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်း နိမ့်ကျမှုတွေက နိုင်ငံ၏ စီးပွားရေးကို များစွာ သက်ရောက်စေပါတယ်။ အကြောင်းက ပြည်တွင်းစားသုံးမှုနှုန်းက သိပ်ကို ကျဆင်းနေသောကြောင့် ပြည်ပသို့ ကုန်များတင်ပို့နိုင်ရေးကိုသာ အားထားနေရတယ်။ ပြည်ပသို့ တင်ပို့သည့် စီးပွားရေးလုပ်ငန်းများအပေါ်မှာသာ မှီခိုနေရသော အချက်က တရုပ်နိုင်ငံအတွက် အဓိကအချက်တရပ်ဖြစ်၍ လာတယ်။

အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့် ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို

ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲသို့ တိုးဝင်လာတော့တယ်။ ထို့ကြောင့် တရုပ်နိုင်ငံဟာ နိုင်ငံခြားကုန်သွယ်ရေးစနစ်ကို မှီခိုအားထားနေရတယ်။

အဆမတန်များပြားနေသော အနောက်နိုင်ငံတွေမှ စားသုံးသူများအပေါ်မှာ များစွာ မှီခိုလာရပြီး၊ အဓိကစားသုံးသူတွေကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်နေတယ်။ နောက်တချက်က တရုပ်၏ ထွက်ကုန်တွေကို သယ်ယူပို့ဆောင်ရေးအတွက် ကမ္ဘာ့ရေကြောင်းကို အသုံးပြုနေရတယ်။ ဒီကမ္ဘာ့ရေကြောင်းကို အမေရိကန်ရေတပ်က လွှမ်းမိုးထားတယ်။ ဒီအချက်က တရုပ်နိုင်ငံအတွက် စိန်ခေါ်မှု့တရပ်အဖြစ် ရှိလို့နေဒါပေါ့။ အကြောင်းက အမေရိကန်အနေဖြင့် ကမ္ဘာရေးကြောင်းကို ပိတ်စို့ချင်လျင် ပိတ်စို့လို့ရနေတဲ့အချက်က တရုပ်နိုင်ငံအတွက် စိတ်မသက်မသာဖြစ်နေရတယ်။

အကယ်၍များ  တရုပ်က ယူဆထားသလို အမေရိကန်အနေဖြင့် သူတို့ကို ရေကြောင်းပိတ်စို့မှုတွေ လုပ်လာလျင်တော့၊ တရုပ်အတွက် အကြီးမားသော အခက်အခဲများ ရင်ဆိုင်လာရမှာ ဖြစ်တယ်။ ဒါကြောင့် တရုပ်နိုင်ငံအနေဖြင့် ခေတ်မှီသော ရေတပ်အင်အားကို တည်ဆောက်ပြီး၊ မိမိ၏ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာတယ်။

တကယ်လို့ တရုပ်အနေဖြင့် ၎င်းတို့၏ ရေတပ်ကို ခေတ်မှီတိုးတက်အောင်လုပ်ရလျင်၊ စစ်သင်္ဘောတွေရယ်၊ ၎င်းစစ်သင်္ဘောတွေအတွက် ဆိပ်ကမ်းနေရာများရယ်၊ မစ်ဆိုင်းလက်နက်တွေရယ် စသည်များကို လိုအပ်လာပါမယ်။ အဲဒီရေတပ်မျိုးကို တည်ဆောက်ဖို့ဆိုဒါဟာ တရုပ်နိုင်ငံအတွက် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာမှ့ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။

ကဲ... စီးပွားရေးနဲ့ ရေတပ်တည်ဆောက်ရေးတို့ကို ခဏဘေးဖယ်ထားကြည့်ပါစို့။

တရုပ်နိုင်ငံဟာ ပြည်တွင်းရေးကိစ္စများစွာကို ရင်ဆိုင်နေရတယ်။  ပထ၀ီအနေအထားကို ကြည့်လျင် တရုပ်နိုင်ငံဟာ သဘာဝ တောတောင်တွေက နိုင်ငံကို ကာကွယ်ပေးထားပါတယ်။ တရုပ်နိုင်ငံ၏ မြေပုံကိုကြည့်လိုက်လျင် ဂိုဘီသဲကန္တာရကို ထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တိဖက်ကုန်ပြင်မြင့်ရယ်၊ ဟိမန္တာတောင်ကြောတွေနဲ့ ဗမာ ယူနန်သစ်တောအုပ်များကိုပါ တွေ့ရှိရမှာ ဖြစ်တယ်။ တိဖက်ကုန်မြေမြင့်နဲ့ ဂိုဘီသဲကန္တာရအကြားရှိ ပိုးလမ်းမဟာ တရုပ်နိုင်ငံကနေပြီး ကာကစ္စတန်နိုင်ငံဖက်မှတဆင့် ဥပရောပအထိ ခရီးပေါက်နေတယ်။ နောက်ပြီးတော့ ဗီယက်နမ်နယ်စပ်နားတ၀ိုက်နဲ့ ဗမာ ယူနန်လမ်း( တရုတ်မြန်မာလမ်းမ)က နောက်ထပ်လမ်းတပေါက်ရှိနေတယ်။ အဲဒီလို သဘာဝတောတောင်တွေက နိုင်ငံ၏ နေရာဒေသများစွာကို ကာကွယ်ပြုပေးထားတယ်။



တရုတ်နိုင်ငံ၏ သဘာဝတောတောင် ကန္တာရများနဲ့ ထွက်ပေါက်လမ်းများပြပုံ

Saturday, 10 November 2012

သမ္မတအိုဘားမား ချီကာဂိုမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံ(ဘာသာပြန်)



ရင် ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတခုဟာ နှစ်ပေါင်း ၂၀၀ ကျော်ကြာတဲ့ ဒီကနေ့ညမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကို အကောင်းဆုံး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ကို ရရှိပြန်ပါပြီ။

Monday, 15 October 2012

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်




(6 October 2012 ရက်စွဲပါ The Economist မှ Relation with Myanmarး Less thumder out of China ကို ဘာသာပြန်ပါသည်)

တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သေ
ာ အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင်ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ အရည်အသွေး မြင့်မားသော ကျောက်စိမ်းဖြစ်ပြီး နားလည်သော တရုတ် ဖောက်သညများက ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုကြပြီး တန်ဖိုးကိုလည်း ဒေါ်လာ (၁.၂)သန်းဟု ကပ်ထားပါသည်။