Showing posts with label နာရေးသတင်း. Show all posts
Showing posts with label နာရေးသတင်း. Show all posts

Monday, 21 April 2014

အကြေကွဲရဆုံး နေ့ 

ဘဘရဲ့  ရုပ် ခန္ဓာကို နောက်ဆုံး ဘဘမရှိတော့တဲ့ အနေနဲ့ ဖော်ပြလိုက်ပါတယ်။
စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014  ရက်နေ့  နံနက်၆နာရီခွဲ လောက်က ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ်ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်ငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။

Saturday, 29 December 2012

ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် ~

ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် ~

နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ ရောက်နှင့်နေပြီဖြစ်သည်။ 

Monday, 12 November 2012

ကိုဥာဏ်ဝင်းရဲ့ နောက်ဆုံး နေ့ များ ( ဂျပန်)

ဂျပန်နိုင်ငံ MCWA မှ ဆရာတော် ဦးသြဘာသ နှင့်နိုင်ငံရးအကျဉ်းသားဟောင်း ဆရာတော် ဦးဇ၀န နယ်သာလန်မှ ကိုဥာဏ်ဝင်း နာရေးတွင် ပ၇ိတ်တရားတော်များရွတ်ဖတ် ပေးခဲ့ပါတယ်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အဖွဲ့ ဝင်အမှတ် ၃၀ ဖြစ်သူ ဦးဥာဏ်ဝင်းအသက် ၆၁ နှစ်သည် ၇-၁၁-၂၀၁၂ ခုနှစ် ဂျပန်စံတော်ချိန်နံနက် ၅နာရီကျော်တွင် ကွယ်လွန်အနိစ္စရောက်၍ ဘ၀တပါးသို့ ကူးပြောင်းသွားခဲ့သည်။

ဦးဥာဏ်ဝင်း၏ ဈာပနကို ၁၁-၁၁-၂၀၁၂ နေ့ တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသောကြောင့် လိုက်ပါပို့ ဆောင်
ကြမည့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် ခင်မင်ရင်းနှီးကြသောမိတ်ဆွေများအား အသုဘရှုကြွရောက်ပ

ါရန် နှင့် ပြီးစီးသွားပါကြောင်း အသိပေးအပ်ပါတယ်
ဖိတ်ကြားအပ်ပါသည်။

နေရာ။ ။ Tōkyō  Shinjuku-ku, kamiochiai, 3 Chome -34-12, Shimoochiai Saijyō.
03-3361-4042
အချိန်။ ။ ၁၁-၁၁-၂၀၁၂ နေ့ (တနင်္ဂနွေနေ့ ) နေ့ လည် ၁ နာရီ မီးသင်္ဂြိုဟ်မည်။
၁၂ နာရီအရောက် စုဝေးကြပါရန်။
၁၃ ရက်နေ့  နာကအီတာဘရှိ မြန်မာဘုန်မာဘုန်းကြီးကျောင်းတွင်လည်း ရက်လည် နေ့ ဆွမ်းကပ်မည်ဖြစ်ပါသောကြောင့် ကြွရောက်ပါရန်ဖိတ်ကြားအပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ ကိုယ်စား

ဗွီဒီယို ဓါတ်ပုံ ကိုထွန်းဝေ

ဗွီဒီယို အတွက်ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါ၏။