Showing posts with label ဓါတ်ပုံသတင်းများ. Show all posts
Showing posts with label ဓါတ်ပုံသတင်းများ. Show all posts

Tuesday, 21 May 2013

အိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲ (မေ ၂၀ ၂၀၁၃) -ဓာတ်ပုံ များ ( ကိုဇော်ဝင်း)



President Obama-- Follow the Foreign Assistance Law
Economic Sanctions-- Still Need Now
Free Free -- Free Burma
We Want-- Genuine Democracy
We Want-- Real Change
Human Rights Violation- - Stop it Now
Down With Military Dictatorship in Burma- Right Now
Crony Economy System- Stop it Now
Thein Sein Followers-- Shame on you
Sham 2008 Constitution- Abolish

photo..zaw win

Thursday, 18 April 2013

Japan National Press Clubမှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းများ

17.5.2013 တွင် Japan National Press Clubမှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းများဖြစ်ပါတယ်။

https://plus.google.com/photos/108726349834682516899/albums/5868016104668960641?authkey=CIP956fn2q61oAE

ကိုထွန်းဝေ
မူပိုင်

Wednesday, 13 February 2013

ပြည်ထောင်စုနေ့  ဒေါ်စုမှာတမ်း

 ပြည်ထောင်စုနေ့ မှာ  နေပြည်တော် မြို့တော်ခမ်းမတွင်ကျင်းပတဲ့ (၆၆)နှစ်မြောက်  ညစာ စားပွဲသို့ တက်ရောက်လာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြကတိုင်းရင်းသားသွေးစည်းညီညွတ်ရေးမှ ပြည်ထောင်စုတည်တန့် ခိုင်မြဲရေးသို့ တိုင်းရင်းသားခေါင်းဆောင်များမှ ပြည်ထောင်စုခေါင်းဆောင်များသို့ 
လူထုခေါင်းဆောင်များမှ နိုင်ငံခေါင်းဆောင်သို့ 
ရှေ့ သို့ တက်လှမ်း ချီတက်ကြရလေအောင်တ စေ့တစောင်းမမေ့ကြောင်းကို မှာကြားခဲ့ပါတယ်။


Monday, 11 February 2013

ကချင်မြေ ငြိမ်းချမ်းရေး ခရီးသွားအဖွဲ့ မန္တလေးရောက်ရှိ


 ဓာတ်ပုံ-မန်းသားလေး(ဧရာဝတီ)~
ဇန်န၀ါရီလ ၂၂ရက်နေ့ ရန်ကုန်မှ စတင်ကာလမ်းလျှောက်လာခဲ့ကြသည့် ကချင်ငြိမ်းချမ်းရေး ခရီးသွား အဖွဲ့သည် ယနေ့နံနက် နေ့လည် ၁၁နာရီအချိန် မန္တလေးမြို့သို့ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ 

လူအင်အား ၅၀ကျော်ပါဝင်သည့် အဆိုပါအဖွဲ့သည်မန္တလေးဘုရားကြီးသို့ဝင်ရောက်ဦးခိုက်ကာဘုရားကြီး  
တောင်ဘက်မုခ် ရေတော်တိုက်တွင် အနားယူသွားမည်ဖြစ်ပြီး နောက်ရက်များတွင် လိုင်ဇာမြို့သို့ ခြေလျင်  ခရီးဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

Friday, 1 February 2013

ဒေါ်အောင်ဆန်းစုကြည်ဆိုးလ်အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခြင်း အခမ်းအနား

 ကိုရီးယားမှာ နောက်ဘွဲ့ ရပြန်ပြီ ကဲ ..ဘာပြောအုံးမလဲ တုနှိုင်းမမှီတဲ့ စုဧကရီပါ..

ဆိုးလ်အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားနေတာပါ .1.2.2013

Cc Kyaw Win Khine












Wednesday, 30 January 2013

Global Development Summitမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောစဉ်

 FP 2013 Getty Images မှ ဓါတ်ပုံများ

PYEONGCHANG-GUN, SOUTH KOREA - JANUARY 30: Pro-democracy leader Aung San Suu Kyi attends press conference during the Pyeongchang Special Olympic on January 30, 2013 in Pyeongchang-gun, South Korea. Aung San Suu Kyi, Myanmar's opposition leader and Nobel Peace Prize laureate is on a 5-day tour to South Korea. (Photo by Chung Sung-Jun/Getty Images) 2013 Getty Images






 FP 2013 Getty Images မှ ဓါတ်ပုံများ

PYEONGCHANG-GUN, SOUTH KOREA - JANUARY 30: Pro-democracy leader Aung San Suu Kyi attends press conference during the Pyeongchang Special Olympic on January 30, 2013 in Pyeongchang-gun, South Korea. Aung San Suu Kyi, Myanmar's opposition leader and Nobel Peace Prize laureate is on a 5-day tour to South Korea. (Photo by Chung Sung-Jun/Getty Images) 2013 Getty Images



Sunday, 27 January 2013

Thursday, 15 November 2012

ခနွဲကဘို ရွာ မှ ဖိနိပ်ခံရွာသူရွာသားများ နှင့် မှတ်တမ်းများ

ပန်းတနော် ကနေ ရန်ကုန်ကို အေးအေးချမ်းချမ်း ပြန်လာနေပါပြီ ခရီးစဉ် အောင်မြင်ခဲ့ပါတယ် အဟန့်အတားတွေ ကို ကျော်ဖြတ်ပြီး မေးမြန်းစုံစမ်းမှုတွေ လုပ်ခဲ့နိုင်ပါတယ်။
အင်းသူ ကြီး အမိန့် အရ ရဲတပ်ဖွဲ့တို့က အင်းသူကြိး အိမ်ကို ကာကွယ် ထားရသည်။ ထို ရဲ တို့ နောက်မှ အမျိုးသမီးငယ်များကို သေချာကြည့်ပါ။ တုတ်များ၊ ဓါးများကို ကိုင်ဆောင် ပြီး အင်အားပြ ခြိမ်းခြောက်ရန် အင်းသူကြီး အမိန့် အတိုင်း လိုက်နာ လုပ်ဆောင်နေရသော်
လည်း သူတို့ မျက်ဝန်းတို့တွင် မူရင်း စိတ်တို့ကို ဖတ်ရှု သိရှိနိုင်သည်။ အာဏာဖြင့် စေစားခြင်းသည် လူကိုသာ ခိုင်းစေနိုင်လိမ့်မည်။ ကိုယ်ချင်းစာ တတ်သော လူတို့ စိတ်ကိုကား အာဏာရှင်တို့ မစေ စားနိုင်ပါချေ၊၊





ဖြစ်စဉ် အကျဉ်း ( မှ ကိုနေမျိုးဇင်)

မနက်ခင်း ခနွဲကဘို ကျေးရွာသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသားများ လူဦးရေ ရာ နှင့်ချီပြီး ကျနော်တို့ အဖွဲ့နှင့် တွေ့ဆုံရန် လာရောက်စဉ် ရဲများနှင့် ပြသနာဖြစ်သည် ရဲများက တားသည်။ ရွာတွင်း ၀င်ခွင့်မပေး ၊ စီတန်းလမ်းလျောက်ခွင့် ပုဒ်မ များ ကို စခန်းမှူးက ဖတ်ပြပြီး ခြိမ်းခြောက်သည်။ နယ်ထိန်း တပ်ကြပ်ကြီး တဦးက ပစ်မိန့် ရထား ပြီးကြောင်း
ကျေးရွာသားတို့ကို ခြိမ်းခြောက်သည်။ အစာအိမ် ခမ်းခြောက်နေပြီဖြစ်သော ကျေး၇ွာသားတို့က မကြောက်တမ်း ဇွတ်ဝင်ကာ ကျနော်တို့ စည်းဝေးပွဲ လုပ်မည့် ကိုကိုမြင့် ဆိုသူ ခြံဝင်းသို့ လာရောက်စောင့်ဆိုင်းသည်။
အင်းသူကြီး ဦးကြဉ်ငြိမ်း ခြံဝင်း အတွင်းတွင်မူ ရဲတပ်ဖွဲ့များစွာ က လက်နက်များ ဒိုင်းများဖြင့် အသင့် နေရာယူထားသည်။ ထုံးဖြူစည်းရိုး တန်း သုံးတန်း တားထားသည်။ စည်းကျော်လျှင် ပစ်မည် ဆိုသည့် သဘော။

ထိုစည်း သုံးတန်း အပြင်ဘက် ရွာဘက် ထွက်သည့် လမ်းပေါ်တွင် သံဆူးကြိုးကာ အတားအဆီး အကန့် က သုံးခု။

ထို ထုံးဖြူစည်း နောက်တွင် သေနက် အသင့်နှင့် ရဲများ။ ရဲများ အနောက်တွင် အင်းသူကြီး ရုံးခန်း ၊ ရုံးခန်း အရှေ့တွင် ချောင်းကို ပိတ်ပြီး ငါးဖမ်းထားသည့် ရှော အတားအဆီး အကြီးကြီး။ မျက်နှာထား တင်းမာလှသည့် ရဲတပ်ဖွဲ့များက သေနက် အသင့်ဖြင့် ရွာသူ ရွာသားများကို ဦးဆောင်လာသည့် ကျနော်တို့ အဖွဲ့ကို စောင့်ကြည့်နေသည်။

ပြီးခဲ့သော ငါးရက် ကတည်းက အင်းသူကြီး အိမ်ကို အကာကွယ်ပေးနေရသည့် မြို့နယ်ရဲမှူးနှင့် တခါ ထပ်မံ စကားပြောရသည်။ သူ့နောက်က သံဆူးကြိုး အတားအဆိးများ ရဲလက်နက်ကိုင်များ၊ စူပုတ်နေသော မျက်နှာများနှင့် အင်းသူကြီးဧ။် လူမိုက်များ အကြား ကျနော် ၀င်သွားသည်။

တစ်နာရီမျှ စကားတွေ အပြန်အလှန်ပြောဖြစ်သည်။
  နောက်ဆက်တွဲ ဖြစ်စဉ်များကို ထပ်မံ တင်ပြပါမည်။ ပြည်သူ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားမှာ ပြည်သူ့ရဲတို့ မျက်နှာထား တင်းတင်းများ တဖြည်းဖြည်း လျော့ကျသွားသည်။

သံဆူးကြိုး အတား အဆီးများ တခု ချင်း
ရုပ်သိမ်းသွားသည်။ ရဲလက်နက်ကိုင် အဖွဲ့များ အနားယူရန် သစ်ပင်ရိပ်သို့ ရွှေ့သွားသည်။ ရဲ မြို့နယ်မှူးထံ အထက် လူကြီးလား မည်သူမှန်း မသိရသူ ထံမှ ဖုန်း တဂွမ်ဂွမ် လာသည်။ အခြေအနေ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။

လူထု အောင်ပွဲ တခု ရရှိခဲ့ပေပြီ။
May Myat Thu