ကိုယ်ဖြူတာကို ပြသဖို့  သူများအား ရွံ့ ပုတ်ရေနဲ့ ပက်
ကိုယ်မဲတာ လူမသိဖို့  အမှန်တရားကို ကြိုးတုပ် ဖုံးအုပ်
အသက်ရှုကြပ်နေတဲ့ မနက်ဖြန် အမဲစက် မျက်နှာအား
လက်နှစ်ဖက်မှာ လက်နက်နဲ့မျက်နှာသစ်ခဲ့ကြတယ်..။
အဆိုးအမှားများမှာ အရိုးစွဲ ပျော်ပါးသူတွေက
ချုပ်တည်းမရတဲ့ ဒေါသကို ရဲစွမ်း သတ္တိလို့  အမည်တပ်
ပုတ်ဆွေးနေစဲ သောကအား သစ္စာတရားလို ပုံမှား ရိုက်
ကမ္ဘာ့စီးပွားရေး ဈေးကွက် အကွက်မြင်ပုံများ ပြောပါတယ်..
အလောင်းတွေ ထည့်မဲ့ အခေါင်းများ အရောင်းသွက်ဖို့ 
မရဏမင်းနဲ့ စာချုပ် မှားချုပ်ခဲ့လေပြီလား...။


