Showing posts with label (ဘာသာပြန် ဆောင်းပါး). Show all posts
Showing posts with label (ဘာသာပြန် ဆောင်းပါး). Show all posts

Tuesday, 21 May 2013

မြန်မာနိုင်ငံအပေါ်အမေရိကန် မူဝါဒကို တိုင်းတာခြင်း




(19 May 2013 ရက်စွဲပါ Washington Post မှ Calibrating U.S policy on Burma ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးသည် ရာစုနှစ် တစ်ဝက်ခန့်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ သမ္မတအိုဘားမား၏ ဖိတ်ကြားချက်သည် သမ္မတဦးသိန်းစိန်၏လူဦးရေ သန်း ၅၀ ရှိသော မြန်မာနိုင်ငံတွင် မည်သို့ အရာရာလျင်မြန်စွာ ပြောင်းလဲသွားသည် ဆိုသည်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြသသည့် လက္ခဏာတစ်ခု ဖြစ်ပါသည်။ လာရောက်လည်ပတ်သည့် ခရီးစဉ်သည် တိုးတက်မှုများအတွက် အောင်ပွဲခံခြင်းနှင့် နောက်ထပ်လိုအပ်သော ပြောင်းလဲမှုများအတွက် အာပေးခြင်း ဖြစ်သင့်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနှင့် အထီးကျန်နိုင်ငံများတွင်ပါဝင်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း အကြီးအကျယ် တံခါးဖွင့်ခဲ့ပါသည်။ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အိမ်ရှေ့တံခါးလာခေါက်နေကြပြီး ရန်ကုန်တွင် နေ့စဉ်သတင်းစာများလည်း လွတ်လပ်စွာ ထုတ်ဝေလာကြပါသည်။ နိုင်ငံရေးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြည့်နေကြပြီဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မည်မျှအထိ လွတ်လပ်မည်နည်း။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်တွင် နေရာ လေးပုံတစ်ပုံရရှိထားပြီး အစိုးရ၏ လုပ်ဆောင်မှုများပေါ်တွင် ဗီတိုအာဏာ ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရွေးခံရခြင်းအတွက် တားမြစ်ခြင်းခံထားရပါသည်။ လွှတ်ပေးခဲ့သော အကျဉ်းသားများကို အစိုးရက အချိန်မရွေး ပြန်လည်ဖမ်းဆီးနိုင်ခွင့် ရှိနေပါသေးသည်။ လွန်ခဲ့သောခြောက်လ သမ္မတအိုဘားမား လာရောက်စဉ်က ကတိများအပါအဝင် အစိုးရက ပေးခဲ့သော ကတိများ ဖြည့်ဆည်းပေးရန် ကျန်ရှိနေပါသေးသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံး ဖွင့်ခွင့်ပေးရန်ကိစ္စ၊ တိုင်းရင်းသားပဋိပက္ခ ဖြစ်ပွားသောနေရာများတွင် လူသားချင်းစာနာသော အကူအညီများ ရောက်ရှိရေးကိစ္စများ လုပ်ဆောင်ရန် ကျန်ရှိနေပါသေးသည်။ တချိန်တည်းမှာပင် ပြုပြင်ပြောင်းလဲရေးများနှင့်အတူ မူဆလင်လူမျိုးစုအပေါ် ပြင်းထန်သော အကြမ်းဖက်မှုများလည်း ပါဝင်လာသည်။ လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ အစိုးရတာဝန်ရှိသူများ၏ အားပေးအားမြှောက်ပြုမှုများ ပါဝင်နေသည်ဟု ဆိုပါသည်။

အဆိုပါ အကောင်းအဆိုးရောနေသော အခြေအနေအပေါ် မည်သို့တုန့်ပြန်မည်နည်း။ ယေဘုယျအားဖြင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် ဖန်ခွက်ထဲတွင် ရှိသော ရေတစ်ဝက်ကိုသာ အာရုံပြုနေသည့် သဘောရှိပါသည်။ အစိုးရသည် စီးပွားရေးအရ အရေးယူမှုများကို ဖြေလျှော့ပေးခဲ့ပြီး အခြေအနေတချို့တွင် မြန်မာအစိုးရသဘောကျသော ‘Myanmar’ဟူသည့် အသုံးအနှုန်းကို အသုံးပြုလာပါသည်။ အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားရာတွင် ယခုမြန်မာသမ္မတခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေးများ ရှေ့ဆက်နိုင်ရန် မည်သို့ထိန်းသိမ်းမည်ဆိုသည်ကို ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်ပြီး အားပေးရန် အာရုံပြုမည်ဟု ဆိုပါသည်။ မြန်မာများ၏မျှော်လင့်ချက်မှာ မြင့်မားနေပြီး မြန်မာအစိုးရအနေဖြင့် အကယ်၍ ပြုပြင်ပြောင်းလဲမှုများကို နှေးကွေးစေလိုသူ သို့မဟုတ် ဖျက်ဆီးလိုသူ သဘောထား တင်းမာသူများအား နှီမ်နင်းပြီးဆိုပါက ရလဒ်များကို ပြသရန်လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောပါသည်။

ကွန်ဂရက်သည် ပို၍ သံသယကြီးနေပြီး နှစ်နိုင်ငံတံခါးအဖွင့်တွင် လုပ်ငန်းစဉ်များနှေးကွေးစေမည့် လုပ်ဆောင်မှုအချို့ကို စတင်မည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများ ရပ်တန့်သွားခြင်းအပေါ် ပြစ်ဒဏ်ပေးခြင်း မရှိပါက ဦးသိန်းစိန်သည် သဘောထားတင်းမာသူများကိုသာ နားချရမည်ဖြစ်၍ နောက်ထပ်အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးလမ်းပေါ်တွင် ရပ်တန့်သွားနိုင်ပြီး တရုတ်ပုံစံ ခရိုနီစီးပွားရေးစနစ်နှင့် ရုရှားပုံစံရွေးကောက်ပွဲအတုများဖြင့် အဆုံးသတ်သွားနိုင်ပါသည်။

အမေရိကန်၏ မူဝါဒသည် လိုအပ်သည့်ရလဒ်ထွက်ပေါ်ရန် သြဇာရှိသည်ဆိုပါက တိုးတက်မှုအစစ်အမှန်ကို သဘောပေါက်နိုင်မည့် ချိန်ခွင်လျှာညီရန် လိုအပ်ပါသည်။ ထို့ပြင်ထည့်သွင်းစဉ်းစားရမည့်အချက်မှာ မြန်မာနိုင်ငံသည် စစ်မှန်သောဒီမိုကရေစီသို့ ခရီးရှည်ကြီး သွားရဦးမည်ဆိုသည့် အချက်ဖြစ်ပါသည်။

Yangon chronicle

Sunday, 19 May 2013

ရောင်းအားအကောင်းဆုံး တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ



(ဘာသာပြန် ဆောင်းပါး)
(ရေးသားပေးပို့သူ မျိုးဆက်မော်ကွန်း)

အင်္ဂလိပ်ဘာသာ မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964

သူမသည် မျက်နာဖုံးစွပ်ကို ချွတ်ရန်ဆုံးဖြတ်လိုက်သည့်အတွက် အစွန်းရောက် အစ္စလာမ်မစ်ကေင်စီ အဖွဲ့ ၏ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုတွေကို ခံရပါတယ်။ တကယ်တော့ သူမလေးနှစ်အရွယ် ကတည်းက မိခင်ဖြစ်သူက အဓမ္မအတင်းအကျပ် ဝတ်ခိုင်းသဖြင့်သာ ဝတ်ဆင်နေရတာ ဖြစ်ပြီး မိမိသဘောအရ စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ထားသော ကိစ္စမဟုတ်ပါ။

သူမသည် ရဲစခန်းသို့ သွားပြီး ခေါင်းခြုံလွှာသည် မိခင်၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မိမိ၏ဆုံးဖြတ်ချက် မဟုတ်ပါ။ ခေါင်းစွပ်ချွတ်လိုက်ရသဖြင့် မိမိဘဝတစ်လျှောက်တွင် လွတ်လပ်မှုကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရပါသည်ဟု ကြေငြာခဲ့ပါသည်။ ၎င်းအပြင် အာဏာပိုင်တွေနင့် ကိုရမ်ကျမ်းစာတွင် ဘယ်နေရာတွင်မှ ခေါင်းခြုံလွှမ်းထားရန် ညျွန်ကြားချက်အပိုဒ် တစ်ပိုဒ်ပင်မရှိဟု ငြင်းဆိုထောက်ပြခဲ့ပါသည်။ သည့်အတွက် သူမ၏လူမှုအသိုင်းအဝန်းတွင်လည်း အကြီးအကျယ်ဝေဖန်ခံရပါသည်။ သူမ၏ဖခင်က သူ့ အိမ်ကိုခဲများနှင့် လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့ပါသည်။(ဥပဒေကခွင့်ပြုထားလေလား .. ဒါကရောအကြမ်းဖက်မှုလို့  Ruby mirror တို့ရှုံချနိုင်ကြမလား)

ကုလသမဂ္ဂလက်အောက်ခံ လူ့ အခွင့်အရေးအဖွဲ့  (WFUNA) အဖွဲ့ တွင် လုပ်အားပေးနေသော သူမက ခေါင်းခြုံလွှာသည် အစ္စလမ်ဘာသာ မပေါ်ထွန်းမှီကတည်းက (အစ္စလမ်ဘာသာသည် ခရစ်သက္ကရာစ်.၆၀၀-ကျော်တွင် စတင်ပေါ်ထွန်းပါသည်) အာရပ် ယောက်ျား မိန်းမများက ရာသီဥတု အခြေအနေအရ ဝတ်ဆင်ခဲ့သော ရှေးဓလေ့ဝတ်စား ဆင်ယင်မှုသာဖြစ်ပါသည်။ အစ္စလာမ်အမျိုးသမီး အခွင့်အရေးအတွက် လေ့လာမှုများလုပ်ပြီး ကာဇံက မိမိဘာကြောင့် ခေါင်းမြီးချုံလွှာဖြုတ်ရသည့် အကြောင်းရင်းကို ရှင်းလင်းခဲ့ပါသည်။ မိမိဘာတွေ ပြောင်းလဲခဲ့ရသည်ကို ရှင်းပြခဲ့ပါသည်။ (ကျမခေါင်းခြုံလွှာ ချွတ်လိုက်တာနဲ့ ကျမလွတ်လပ်မှုကို ခံစားရပါသည်)

လူတစ်ဦးတစ်ယောက်သည် ပြူတင်းပေါက် တစ်ခုတည်းကသာ ကြည့်တတ်တဲ့အကျင့် ရနေခဲ့မယ်ဆိုရင် ယင်းထက် ပိုဆိုးဝါးစွာ တခြားပြူတင်းပေါက်တွေ ရှိမှန်းပင် မသိတော့ခဲ့ရင် ထိုသူတို့ဟာ ဒီတင်းကြပ်မှု... မျက်ကန်းဆန်မှု တရားသေအမိန့်အောက် ..သင်ကြိုက်သလို ခေါ်ဝေါ်လိုက်ပါ။ သူတို့ ဟာ သနားဖွယ်ရာ ရှင်သန်ရပ်တည် နေရပါတော့တယ်။ ကျမ၏ ယုံကြည်ချက်ဒဿနဟာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး ကျမ၏လုပ် နိုင်ခွင့်ဘောင် အပြင်ရောက်နေခဲပါသည်။ မိဘတွေ ကွာရှင်းထားတဲ့ အခက်အခဲနဲ့ မိခင်၏ ဘာသာရေး အလွန်အကျွံ့ အစွန်းရောက်မှု တွေက ကလေးငယ် တစ်ယောက်အတွက် ကျော်လွန်ရန် အလွန်ခက်ခဲခဲ့ပါသည်။

ကျမသည် အမှန်တရားကို ယုံကြည်သူဖြစ်သော်လည်း ကျမမှာ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါ။ အမေက ကျမငယ်ငယ် အရွယ်ကတည်းက အတင်းအကြပ် ခေါင်းစွပ် ဝတ်ခိုင်းပါတော့သည်။ ခေါင်းမြှီးခြုံနေရခြင်းသည် ခံယူချက်နှင့် ပေးဆပ်မှုရှိရန် အလွန်လိုပါသည်။ သို့သော်ကျမမှာ ရွေးချယ်ပိုင်ခွင့် မရခဲ့ပါ။ ဒီရွေးချယ်မှုဟာ အလွန်ခက်ခဲပြီး မတ်စောက်သည့် တောင်ကိုတက်ရသကဲ့သို့ အလွန် ခက်ခက်ခဲခဲ ဆုံးဖြတ်ယူရပါသည်။ မိမိ၏ခံယူချက် မိမိ၏ယုံကြည်မှု (အမှန်တရား) မိမိ၏ဆင်ခြင်တုံ တရားကတဖက်နှင့် ဒီလိုဆုံးဖြတ် ရွေးချယ်လိုက်လျှင် ရင်ဆိုင်ရမဲ့ နောက်ဆက်တွဲ တန်ပြန်မှုတွေကို စဉ်းစားချင့်ချိန်ရသော အခက်အခဲမှာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ခေါင်းခြုံလွှာ စတင်ဝတ်ရသောပထမနှစ်တွေမှာ ကျမခေါင်းကို နိုင်လွန်အိတ်ထဲမှာ ပိတ်လှောင်ထားခံရသလို အနေရအထိုင်ရ အလွန်ခက်ပါသည်။

နားထဲမှာလဲ ငြီးသံတခု ကြားနေရပါသည်။ တခါတခါတွင် လည်ပင်းမှ တွယ်အပ်ပြုတ်ပြီး မိမိလည်ချောင်းကို ထိုးဖေါက်သွားလေမလား ကြောက်လန့် စိတ်လည်း မကြာခန ဖြစ်တတ်ခဲ့ပါသည်။ ဒါကြောင့် မိခင်အလစ်တွင် ရံဖန်ရံခါ ခေါင်းစွပ်ဖြုတ်ခဲ့ပါသည်။ တရက်တွင် မိခင်တွေ့မြင်သွားလို့  တစ်သက်တာ မမေ့နိုင်လောက်အောင် နောင်ကျဉ်အောင် အရိုက်ခံရပါတော့သည်။

အဲဒီအရိုက် အနှက်ခံရအပြီး နစ်ပေါင်း ၃၀- အကြာတွင် ခေါင်းစွပ်ဖြုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သောအခါ တိုက်ပွဲတခု ကြုံရပါတော့သည်။ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ တွေ အကြီးအကျယ် ဒေါသထွက်ကြပါတော့သည်။ ခေါင်းမြှီးခြုံ နာမည်ကျော် စာရေးဆရာမက ဒီလို လုပ်လိုက်တာ အသဲကျွဲခတ်ခံရသည့်နယ် ဖြစ်သွားကြပါသည်။ ကျမကို စော်ကားတာတွေလုပ်ကြ သတ်ပစ်ရန် ခြိမ်းချောက် တာတွေခံရပါတော့သည်။ အပြောင်းအလဲလုပ်ရတာ အတော်လေး နာကျင်ရပါသည်။ ကျမအမေရိကကို ရောက်လာတော့ ပထမဦးဆုံး ကျမ စိတ်ကျေနပ်သည်အထိ တစ်ဝကြီး ရေကူးပစ်လိုက်ပါတော့သည်။ နှစ်ပေါင်းများစွာ ရေကူးခွင့်မရခဲ့တာ အလွန်ဝမ်းနည်းစရာ ဖြစ်စေတော့သည်။ ရေကူးကန်ကပင် ပြန်မတက်ချင်အောင် ခံစားလာရပါသည်။ နောက်ရက်တွေမှာ နေ့စဉ် ညတိုင်း နစ်နာရီကြာ ရေကူးနေမိပါတော့သည်။
ကျမသည် တကိုယ်လုံး လွှမ်းခြုံထားရသည့်အတွက် အသားအရေတွေဟာ နေရောင်ခြည် လိုအပ်သလောက် မရသည့်အတွက် အသားအရေ ဖွေးစွတ်နေပြီး ဗိုက်တာမင်ဒီ-ဓါတ်ချို့ တဲ့မှု ခံစားနေရပါသည်။ အကျိုးဆက်အဖြစ် မကြာခဏ ပျင်းပျင်းထန်ထန် ဖျားနာတတ်ပါသည်။ အားနည်းမှု စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု တွေခံစားရပါသည်။

ကျမသည် နေရောင်အောက်မှာ နေစာလှုံပြီး တင်းနစ်ကစားပါတော့သည်။ ကောင်းကင်ပြာကြီးအောက် အဖြူရောင် တင်းနစ်ဝတ်စုံဖြင့် ကစားပါသည်။

ဒီလွတ်လပ်မှုအရသာကို စကားဖြင့် ဖေါ်ပြရန် စကားပင် ရှာမရခဲ့ပါ။ ဒီနောက်တွင်တော့ မိန်မသားတစ်ဦးရဲ့ စိတ်ကူးအိမ်မက် ဖြစ်သော လက်သည်းကို အရှည်ထားပြီး နီနီရဲရဲ လက်သည်း ဆိုးဆေးလေးတွေ ချယ်သမှုပြုပါတော့သည်။ သည်လို လက်သည်းဆိုးရတာနှင့် ကျမဘဝအတွက် အမှတ်ရစရာကို ပြေးသတိရမိပါတော့သည်။ အီရန်ကိုအလည်သွားစဉ်က အမျိုးသမိးတစ်ယောက်နှင့်ကြုံခဲ့ရတာက သူမလက်သည်းကို အနီရောင်ချယ်သခဲ့မှုအတွက် အင်ဆက်ပိုးမွှားတွေ ထဲ့ထားသော အိတ်ထဲကို သူမ၏လက်ကို ထည့်ပြီးဒါဏ်ပေးတာကို ခံရပါသည်။ ကျမလက်သည်းဆိုးသည့် အကြိမ်တိုင်း ထိုအမျိုးသမီးကြီး၏ ဝမ်နည်းခံစားရမှုကို ပြေးမြင်ယောင်မိနေပါသည်။

အခုတော့ ကျမသည် လွတ်လပ်ခွင့်ရခဲ့ပါပြီ။ ဘုရားသခင်သည် ကျမခေါင်းပေါ်က ဆံပင်အတွက် ပြသနာမဖြစ်နေပါဘူး။ ဘုရားသခင်သည် ဒီဆံပင်အတွက်နှင့် သူ၏ငရဲမှာ ကျမကို မီးလောင်တိုက်သွင်းမည် မထင်ပါ။ ဘုရားသခင်သည် ကျမတို့  ထင်ထားသည်ထက်ပိုပြီး ဂရုဏာ ပိုကြီးမားကာ သနားညှာတာတတ်ပါသည်။ ၎င်းအပြင် လူကောင်း တစ်ယောက်ဖြစ်ရေးသည် အနက်ရောင်ခြုံလွှာထက် ပိုမိုအရေးကြိးသော ကိစ္စဖြစ်ပါတော့သည်။ ဘုရားသခင်သည် ကျမတို့ ၏ကျေးဇူး နာမတော်ကို ရှင်းရှင်းသိမြင်ခြင်းအတွက် ကျမတို့ ပေးဆပ်ရသော ပြစ်မှုကျူးလွန်သူကဲ့သို့  ပေးဆပ်တာခံရမှုမျိုးကို သူလိုလားမည်မထင်ပါ။ (မှတ်ချက် ။ ။ လွတ်လပ်မှုအတွက် အပြစ်ဒါဏ်ပေး ခံရမှုကိုဘုရားက ညွှန်ကြားမည်ဟု သူမ မထင်လို့ ဆိုလိုပါသည်)

(ဒီလှုပ်ရှားမှု ခေါင်းမြှီးခြုံဖြုတ်သိမ်းရေး) လှုပ်ရှားမှုကို တိုက်ခိုက်ဝေဖန်နေကြသည်ထက် ရှေးခေတ်ဦးပိုင်းက အသိအမြင် ခေါင်းပါးသော ရှေးအာရပ် လူအဖွဲ့ အစည်းရဲ့  ဓလေ့ရိုးရာ နှင့်ပိတ်လှောင်ခံနေရမှုမှ လွတ်မြောက်အောင် လုပ်ခြင်းဖြစ်တာမို့  အားပေးသင့်ပါသည်။ အမျိုးသမီးများသည်သာ မိမိတို့  ဘာဝတ်သင့်သည်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးရပါမည်။

Rabia Kazan
ဘာသာပြန်သူ၏ မှတ်ချက်။ ။ လွတ်လပ်ခွင့်လို့ပြောနေသူ သူတို့ကိုယ်တိုင်က ဘာသာရေး လွတ်လပ်ခွင့်မပေးနို်င်ဘဲ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆိုနေကြတာပါ။ အနိမ့်ဆုံးအဆင့် ရေကူးခွင့် လက်သည်းနီဆိုးခွင့်တောင် မရရှိနိုင်ကြတာ..။

(မြန်မာပြည်မှာတော့ ဘာသာခြားလှဝင်း (Grand Wynn ကုမ္မဏီမှ မြန်မာတွကို (ဘဲ) ယိုးဒယားမိတ်ကပ်တွေအညံ့တွေ (Lo Lane လိုလိမ်း) ဆံပင်ဆိုးဆေးတွေ တင်သွင်း ရောင်းချနေပါတယ်။ ဒီကုမ္မဏီဟာ ၁၉၉၃ ကတည်းက အင်ဒိုနီးရှားကနေ ရက်လွန် ချော့ကလက်တွေ ရက်လွန် (Mother Choice Margarine) (ရက်လွန်က အဖုံးမှာသာ ရိုက်ထားတော့ အဖုံးပြောင်းလိုက်ရုံပါ။ ဒိန်းမတ်ကွတ်ကီမုန့်တွေကို ဦးပိုင်နှင့်ပေါင်း တင်သွင်းပြီး မတရား ချမ်းသာသွားပါသည်။ သူ့ ယုတ်မာမှုကြောင့်အခု မြန်မာတွေဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်အများဆုံး တိုင်းပြည်ဖြစ်နေပါပြီ။ ဦးပိုင်နှင့်ပေါင်းပြီး စက်မှုသုံး စားအုံးဆီအခဲတွေ သွင်းတာလဲသူပါဘဲ။ အရင်က စားအုံးဆီတွေ ခဲနေတာ သူ့လက်ချက်ပါ။ ဦးပိုင်က ပြည်သူလူထု သက်သာချောင်ချိဖို့ မြန်မြန်သေလေ စားရိတ်သက်သာလေ)။

ကနေ့ အင်ဒိုနီးရှားက မြန်မာကို ဂျီဟတ် ခြိမ်းခြောက်တာ ဒီလှဝင်းတို့  သတင်းအလိမ်တွေ ပို့တာလဲပါပါသည်။ ဒီတော့ မျိုးချစ်စိတ်ရှိသူတွေက ဂရင်ဝင်းကုမ္မဏီက တင်သွင်းနေတဲ့ အစားအသောက်တွေကို ဖေါ်ထုတ်ကြပါ။ ဂရင်းဝင်းတင်ထားတဲ့ ဆိုင်တွေကို လူထုသိအောင် ဖေါ်ထုတ်ကြပါ ဝိုင်းကျဉ်ကြရပါမယ်။ မြန်မာတွေကို တဖြေးဖြေးချင်း ကင်ဆာဖြစ်အောင် လုပ်နေသူပါ။ ဆာဂါ-တံဆိပ်နဲ့ စားအုံးဆီ တင်သွင်းနေပါသည်။ စားအုံးဆီ စက်ရုံတည်ဆောက်ခွင့်လဲ မြန်မာရဖို့ မလွယ် ဘာသာခြား ကတော့လွယ်လှ ဦးပိုင်ဆိုတာ ဘာသာခြားတွေကို ဦးစားပေးတာ ဦးပိုင်ပါ။။

(မင်းတုန်မင်းလက်ထက်က ဘာသာခြားဦးပိန် သန်းရွှေ လက်ထက် ဘာသာခြား ဦးစားပေးတဲ့ ဦးပိုင်ပါ)။

မျိုးဆက်မော်ကွန်း



မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964
Bestselling Turkish Writer is receiving death threats, after she took her veil off

ပြန်လည်မျှဝေလိုက်ပါတယ်

19.5.2013