Pages

Saturday, 6 July 2013

မြန်မာနိုင်ငံတရားရုံးများ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နှင့်ပတ်သက်ပြီး တပြေးညီမရှိဟု တရားလွှတ်တော်ရှေ့နေများဆို


မြန်မာနိုင်ငံ တရားရုံးများ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နှင့်ပတ်သက်ပြီး တပြေးညီမရှိဟု တရားလွှတ်တော်ရှေ့နေများဆို

 လင်းဆက်အောင်၊ ရန်ကုန်၊ ဇူလိုင် ၅

 နိုင်ငံရေးလှုပ်ရှားသူများကို ၅၀၅ (ခ) ပုဒ်မတပ်ကာ တရားလက်လွတ်ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ၅၀၅ (ခ) ခြင်းတူလျင် ရန်ကုန်မြို့ရဲစခန်း(၃)ခုမှ ပြစ်မှုပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အတွင်းဆူပူမှုဖြစ်အောင်သွေးထိုးလှုပ် ဆော်မှုနှင့်ဖမ်းဆီးထားသော ကိုရဲမင်းဦးကို အာမခံပေးဖို့ လိုအပ်ကြောင်း မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ကမိန့်ကြားလိုက်သည်။ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းကြောင့် ဗုဒဟူးနေ့တိုင် ရဲမင်းဦးလွတ်မြောက်ရန် ဆုတောင်းခဲ့တယ်၊။

ရဲမင်းဦးဟာ ၅၀၅ (ခ)နဲ့ အဖမ်းခံရတာ၊ သူဟာ ၅၀၅ (ခ)မမြောက်ဘူးလို့ထင်တယ်၊ လက်ပံတောင်းတောင် အရေးလှုပ်ရှားသူတွေကို ၅၀၅(ခ)နဲ့ပဲ ဖမ်းဆီခဲ့ပြီး ဒီပုဂ္ဂိုလ်တွေ အားလုံးကို အာမခံပေးပြီး လွှတ်ထားပါတယ်၊ ရဲမင်းဦးကိုတော့ ကျောက်တံတားရဲစခန်း၊ ဗဟန်းရဲစခန်း၊ သာကေတရဲစခန်းတို့မှ ၅၀၅(ခ)နဲ့ပဲ အမှုဖွင့်ထားပြီး ၅၀၅(ခ)ခြင်းတူရင်တော့ အာမခံပေးဖို့လိုပါတယ်၊
ရဲမင်းဦးထိန်းသိမ်းခံရခြင်းဟာ တရားဥပဒေနဲ့အညီမဟုတ်ဘဲ မတရားထိန်းသိမ်းခံရခြင်းဖြစ်တယ်၊ ဦးဇင်းလည်း ဒီနေရာကနေ ကိုရဲမင်းဦးကို လွှတ်ပေးဖို့ တောင်းဆိုချင် ပါတယ်”ဟု မကွေးကျောင်းဆရာတော်ဦးပါမောက္ခက ဇွန် ၃၀ ရက်နေ့ အမေရိကန်အခြေဆိုက် တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက် ဆန္ဒပြပွဲတွင်မိန့််ကြားသည်။

သမ္မတဦးသိန်းစိန် သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့သော လက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊
 အေအေပီပီ တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သော ကိုဘိုကြည်က ” နိုင်ငံရေးအကျဉ်းသား တွေကို စိစစ်ပြီး လွှတ်ပေးဖို့ ကော်မတီဖွဲ့ပြီးလုပ်ဆောင်နေတဲ့အချိန်မှာ အခုလိုဥပဒေမဲ့ ဖမ်းဆည်းမှုတွေ ရှိနေဦး မယ်ဆိုရင် ကျနော်တို့အနေနဲ့ လက်ရှိအစိုးရအပေါ်ယုံကြည်ဖို့ခက်ခဲစေမှာဖြစ်တယ်၊ဒါ့အပြင် နိုင်ငံတကာရဲ့ သံသယတွေဟာလည်း ပိုလို့သာတိုးလာမှာဖြစ်တယ်”ဟုပြောသည်။

တရားလွှတ်တော်ရှေ့နေ ရောဘက်စန်းအောင် က” ပြစ်မှုပုဒ်မ ၅၀၅ (ခ) ကို တချို့တရားရုံးတွေက အာမခံ လုပ်ပေးတယ်၊တချို့တရားရုံးတွေကတော့လုပ်မပးဘူး၊အမှန်ဆိုတရားရုံးတွေက မြန်မာနိုင်ငံမှာ တပြေးညီတည်း ဖြစ်သင့်ပါတယ်”ဟု ၅၀၅(ခ)နဲ့ပတ်သက်ပြီးသုံးသပ်ပြသည်။

ကိုရဲမင်းဦး၏ အမှုကိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ”အာမခံနဲ့ပတ်သက်လို့ တရားသူကြီးမှာ စဉ်းစားရမယ့်အချက်နှစ်ချက်ရှိတယ်။ စွပ်စွဲခံရတဲ့သူဟာ အာမခံပေး လိုက်ရင် ထွက်ပြေးတိမ်း ရှောင်နိုင်တဲ့လူဟုတ်၊ မဟုတ်နဲ့အာမခံပေးလိုက်ရင်တရားလို သက်သေတွေကို မလျော်သြဇာနဲ့သုံးနိုင်သလား၊ ဒီနှစ်ချက်ကို တရားရုံးတွေက သုံးသပ်ပြီးတော့ အာမခံကိုစဉ်းစားပေးရမယ်၊ ကိုရဲမင်းဦးဟာ ထွက်ပြေးတိမ်းရှောင်နေမယ့်လူလည်း မဟုတ်သလို၊ တရားလိုသက်သေတွေပေါ်မှာလည်း မလျော်သြဇာ သုံးမယ့်သူလည်းမဟုတ်ဘူး၊ ဘာပြုလို့လည်းဆိုတော့ သက်သေတွေက ရဲအရာရှိတွေ၊ အစိုးရ ရဲဝန် ထမ်းတွေ အုပ်ချုပ်ရေးပိုင်းက သူတွေချည်းပဲလေ၊ ကိုရဲမင်းဦးကိုအာမခံနဲ့ပတ်သက်လို့ ပယ်လိုက်တဲ့ အချက်က ဘာတွေပြထားသလဲဆိုတော့ အာမခံပေးလို့မရတဲ့ အချက်ဖြစ်နေလို့ပါလို့ ပြောတယ်၊ နောက် တရားလိုကိုလည်း မစစ်ရသေးဘူး၊ အာမခံပေးသင့်မပေးသင့် တရားရုံးတွေက ဆင်ခြင်သုံးသပ်တဲ့နေရာမှာ ဥပဒေနှင့်မညီတဲ့ အကြောင်းပြချက်တွေပဲပေးတယ်၊ ကျွန်တော်တို့ တင်ပြတဲ့ အချက်တွေကို ဥပဒေနှင့်အညီ သုံးသပ်ရမယ့်ဟာ တွေကို မသုံးသပ်ဘူး”ဟု ရှင်းပြသည်၊

 ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)မှ အတွင်းရေးမှူး ကိုရဲမင်းဦးသည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော အထွေထွေသပိတ်တွင် ကျောင်းသားခေါင်းဆောင်တစ်ဦး အဖြစ်ရှေ့တန်းမှ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထာင်ချခြင်းကို ခံခဲ့ရကာ ၂၀၁၁ ခုနှစ် မေလတွင် ပြန်လည် လွတ်မြောက်ခဲ့သူ တစ်ဦးဖြစ်သည်။

သတင်း.... လင်းဆက်အောင် ပေးပို့သည်..။
ဓာတ်ပုံ.. sites.google.com

No comments:

Post a Comment