Pages

Wednesday, 3 July 2013

“ဟောပြောဒုတိယနေ့ နဲ့ သေခါနီးလေပျော်စရာကောင်းလေဆိုတဲ့ဦးကျော်သူ”



“ပရဟိတဟောပြောဒုတိယနေ့ နဲ့ သေခါနီးလေ
ပျော်စရာကောင်းလေဆိုတဲ့ဦးကျော်သူ” -

ယနေ့ ဇူလိုင် ၁ရက်နေ့ညနေ(၈)နာရီက ညောင်ဦးမြို့ ၊
ငှက်ပစ်တောင်ရပ်၊ဇေတ၀န် ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှာ လူမူပရဟိတ ဟောပြောမှူဒုတိယနေ့ အဖြစ် နာရေး
ကူညီမှူအသင်းဥက္ကဋ္ဌဦးကျော်သူနဲ့ အတူပေါ်ပြူလာ
ဂျာနယ် အမှူဆောင် အယ်ဒီတာအလင်းဆက်(IR)တို့ က ဆက်လက်ဟောပြောခဲ့ကြပါတယ်။အမျိုးသားစာပေဆုရ စာရေးဆရာမသန်းမြင့်အောင်က“နလုံးသားလှကြဖို့ ”
ခေါင်းစဉ်ဖြင့် ၄င်း၊ပေါ်ပြူလာဂျာနယ်အယ်ဒီတာချုပ်
ဆရာကိုမျိုး(မြန်မာစာ)က “နိုးရဲရမယ်”ခေါင်းစဉ်ဖြင့်၎င်း
ပထမနေ့ (ဇွန်၃၀ရက်နေ့ ) ကဟောပြောမှူ့ ပြုခဲ့ပြီးဒုတိယ
နေ့ ဟောပြောမှူအစီအစဉ်မှာဦးကျော်သူက
“သေခါနီးလေပျော်စရာကောင်းလေ”ခေါင်းစဉ်ဖြင့်၎င်း၊ အလင်းဆက်(IR)က“ပဉ္စမမဏ္ဍိုင်နဲ့ စိန်ခေါ်မှူ ”ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဟောပြောခဲ့ကြပါတယ်။ ထို့ နောက်ဦးကျော်သူနဲ့ 
အဖွဲ့ ဟာဇူလိုင်(၂)ရက်နေ့ မှာချောက်မြို့ သို့ 
လည်းကာင်း၊ဇူလိုင်(၃)ရက်နေ့ တွင်ပြည်မြို့ သို့ လည်းကောင်း
ပရဟိဟောပြောဖို့ နဲ့ ပရဟိတလူပ်ငန်းများဆောင်ရွက်ရန်
ဆက်လက်ထွက်ခွါသွားကြကြောင်းသိရပါတယ် ။ဓါတ်ပုံ-သီဟ



No comments:

Post a Comment