Pages

Monday, 1 July 2013

အချိန်တိုင်း ရွှေထီးဆောင်းနေတုံး ယုံလိုက်ပါ



အမေက ပန်းပန်လျက်ပါ
အမေ မအိုသေးပါဘူး
ဘာသာရေးလား ရခိုင်ကိစ္စလား
မတ္ထီလာကော ပြီးသွားလား
ဗုံးတွေခွဲအုံးမလား ဗုံးတွေကြဲအုံးမလား
Time မဂ္ဂင်းကြီး အကြောင်းလေ
ဆန္ဒတွေ ပြကုန်ပြီတဲ့ မေမေစုဘာမှဝင်မပြောလို့ ဖြစ်တာတဲ့
အမျိုးစောင့်ဥပဒေတဲ့ လာပြန်ပြီ မရိုးစေရဘူး
သံတွဲမှာ ညမထွက်ရ ၁၄၄ ထုတ်လို့ တဲ့ 
စတေးတပ်တွေလဲ ကပ်လို့ ကပ်လို့ 
ပလံပြူ ပလူပျံ စည်စည်ကားကားအလှူအိမ်တဲ့အလား
နောက်အသစ်က ဘာတုံးကွဲ့ 


လက်အားတိုင်း ပါးစပ်ယားတိုင်း ရေးကြအုံးလေ
ဘာသာရေးဆိုဘာမှမသိ
သာသနာ လေးထောင် လိုလူစားကရှိသေး
ကဲ
ဒါလဲ မေမေစုမပြောလို့ တဲ့ 

လူတွေစကား မအားမအားမအား
သတင်းတွေစကား နည်းနည်းဆိုများများကား ကား
ဖွသူတွေစကား ပုံကြီးချဲ့လို့ တင်စား ပဲများနေရော့သလား
ဟားဟားဟားဟား..

ရင်ထဲကစကား
ရေးပြပါရစေ

ချောင်းအသွယ်သွယ်မြောင်းငယ်ကလာ
နေမ၀င်အင်ပါယာ ဒီသားအဖ
မြန်မာပြည်ရဲ့ ရတနာ
ပြည်သူတွေရဲ့ ရတနာ
အမေဟာ တစ်တခေတ်မှာတစ်ယောက်
ပါရမီရှင် လူတော်လူကောင်း
မြန်မာပြည်မှာတစ်ယောက်
သာသနာ့ ရဟန်းဒါယိကာ
အလှူ့ အစ်မ
ဒို့ တတွေရဲ့ အမျိုးသားခေါင်းဆောင်
ဘဲအုပ်ကတစ်ရာနစ်ရာ
မဗေဒါကတစ်ပင်ထဲ
အယှက်အကန်ခံလို
မဗေဒါ အံ့ကိုခဲပန်းပန်လျက်ပဲ ။ ။


လေးစားစွာဖြင့်
ကိုထွန်းဝေ
မျှဝေပေးပါတယ်

1.7.2013

No comments:

Post a Comment