Pages

Sunday, 9 June 2013

ခေါင်းဆောင်တွေလား ခေါင်းရှောင်တွေလား??

အစိုးရဆိုတာအစကရိုးတာဆိုသလို ပေါ့ ဖတ်ကြည့်ပေးပါ

ခေါင်းဆောင်တွေလား ခေါင်းရှောင်တွေလား??

သမ္မတကြီးဆိုသူနဲ့ လူထုခေါင်းဆောင်ဆိုတဲ့သူတွေ အခုလောလောဆယ်ဖြစ်နေတဲ့ မလေးရှားရောက်မြန်မာတွေ ဆက် တိုက် သတ်ဖြတ်ခံနေတဲ့ကိစ္စ ပြောချင်ပါတယ်။
ကျနော်ဟာ လက်ရှိဖြစ်ပျက်နေတဲ့ အပေါ်မှာဘဲ သုံးသပ်ပြောဆိုချင်ဖြစ်ပါတယ်။

တိုက်ခိုက်ပြောဆိုခြင်း မဟုတ်ပါ။ မလေးရှားရောက် မြန်မာတွေ ဒုက္ခရောက်နေတာကို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်နေကြတာလားလို့ ပထမဆုံး မေးခွန်းထုတ်ချင်ပါတယ်။

မလေးရောက်မြန်မာတွေဟာ တိုင်းပြည်ကို စွန့်ခွာပြီးအလုပ်လုပ်နေတာဟာ စားဝတ်နေရေးအတွက် လုပ်နေကြတဲ့သူ တွေပါ။ ပျော်လွန်းလို့ တိုင်းတပါးမှာ သွား လုပ်နေတာမဟုတ်ကြပါဘူး။

အခုဆို မလေးမှာ မြန်မာတွေ သတ်ခံနေရတာကိုတော့ မသိသလိုနေနေကြတာအံ့ပါဗျာ။

သူတို့တွေ ပြောပြောနေကြတဲ့ လူအခွင့်အရေးဆိုတာ ဘာလဲ???

လူအခွင့်အရေးဆိုတာဘာနဲ့ ပြဌာန်းထားပါသလဲ???

မလေးရှားမှာ မြန်မာတွေ ဘင်္ဂလီတွေရဲ့ လက်ချက်နဲ့ လူမြင်မကောင်း၊ သူ မြင်မကောင်းအောင် ပိုးဆိုးပက်စက် အသတ်ခံနေကြရတယ်။

မလေးရှားက မြန်မာတွေ အသတ်ခံနေရတာကို ဘယ်လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြပြောဆိုတာ မတွေ့ရပါ ဘူး။

လူအခွင့်အရေးလို့ တကြော်ကြော်အော်နေတဲ့ သူတွေသိစေချင်ပါတယ်။
သက်ဆိုင်ရာ အစိုးရကလည်း အခုဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံနေရတဲ့အပေါ် ဘာတခုမှ ထိထိ မိမိကိုင်တွယ် ဖြေရှင်းတာကို မတွေ့ရသေးဘူး။

မြန်မာအစိုးရ အဆက်ဆက် ဘယ်တုန်းကမှလည်း ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ်ဆိုတာ ရှိခဲ့လို့လည်း။

ကျနော်တို့ ပြည်သူတွေကတော့ ခေတ် အဆက်ဆက် တာဝန်ကျေခဲ့ကြပါတယ်။
ကျနော်တိုတွေဟာ ဘယ်အစိုးရ တက်တက် ဒီလိုဘဲ ဒုက္ခခံနေကြရတာ အခုထိ မြင်သာထင်သာရှိနေတာပါ။

အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတဲ့ အစိုးရနဲ့ လူထုခေါင်းဆောင်တွေ ဘယ်မှာလဲ။
ပြည်သူဘက်က ရပ်တည်ဖို့ကြတော့ တခွန်းတလေတောင် မဟ ကြပါကလား၊ မလေးရှားမှာ သတ်ဖြတ်ခံနေရတာ မြန်မာနိုင်ငံသားတွေ ဆိုတာ သတိမှ ရကြပါရဲ့လား။

မြန်မာပြည်မှာ စီးပွားရှား လုပ်ကိုင်စားသောက်ရတာ မိသားစု ရပ်တည်ရေး ဘယ်လိုမှ မဖြစ်နိုင်လွန်းလို့သာ တိုင်းတပါး မှာ မိသားစုအတွက် စီးပွားရှာဖွေဖို့ အလုပ်လုပ်နေရတာပါ။
အခု အသတ်ခံနေရတာ အဲဒီ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့တွေ အသတ်ခံရလို့ သေဆုံးနေမှု တွေအတွက် မြန်မာ သံရုံးကလည်း ဘာဆိုဘာမှ တာဝန်ယူဖြေရှင်းပေးမှု မရှိသေးပါဘူး။ ဒါကြောင့် အစိုးရက တာဝန် ယူ ဖြေရှင်းပေးရမည့် အခြေအနေရောက်နေပါပြီ။

သမ္မတကြီးနဲ လူထုခေါင်းဆောင်တွေ ဒီကိစ္စကို အလေးအနက် သိစေချင်ပါတယ်။ ခေါင်းရှောင်တွေတော့ မလုပ်ကြပါနဲ့ ဗျာ။

ကိုမင်းလွင်စိုး ပေးပို့ ပါတယ်။
9.6.2013
tw

No comments:

Post a Comment