Pages

Friday, 7 June 2013

ရုရှား သမ္မတ ပူတင်တို့ အိမ်ထောင်ရေး ကွာရှင်း


Friday, June 7, 2013
ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ဟာ ဇနီးသည် မစ္စ လယူဒ် မီလာတို့ရဲ့ ကွာရှင်းပြတ်ဆဲလိုက်ကြတဲ့ သတင်းက ဒီကနေ့ ကမ္ဘာ့မီဒီယာတွေမှာ ရှေ့တန်းက နေရာယူထားပါတယ်။ 

  ဓာတ်ပုံ- အေအဖ်ပီ




သမ္မတ ပူတင်နဲ့ နှစ်ပေါင်း ၃၀ လောက် ပေါင်းသင်းနေထိုင်လာတဲ့ ဇနီးနဲ့ ကွာရှင်းပြတ်စဲပြီဖြစ်တယ်လို့ ကြာသပတေး နေ့က ဖျော်ဖြေပွဲ တခုရောက် ရုရှား အစိုးရ ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ လူသိ ရှင်ကြား ကြေညာလိုက်တာပါ။ 
ပူတင်တို့ အိမ်ထောင်ရေး ကွာရှင်းမယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းက မကြာခဏထွက်ခဲ့ပေမယ့် အခုတော့ လူသိရှင်ကြား ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ 

အခုလို ကွာရှင်းလိုက်တာ ၂ ဦး ၂ ဖက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်း မသာယာမှုဖြစ်နေခဲ့တာ ကြာပြီဆိုတာ လည်း ဇနီးသည်က ပြောဆိုသွားခဲ့ပြီး သူ့အနေနဲ့ ပူတင်အပေါ် သဘောမကျတာတွေ အများကြီး ရှိတယ်လို့ ဆိုပါ တယ်။ 

၁၉၈၃ ခုနှစ်က တရားဝင် လက်ထပ်ပေါင်းသင်းခဲ့တဲ့ ဇနီးမောင်နှံရဲ့ အဆုံးသတ် ကြေညာမှုတွေမှာ သမီး ၂ ယောက် အပေါ် မိဘတွေအနေနဲ့ ချစ်မြတ်နိုးကြတာလည်း ထည့်ပြောပြီး မိတ်ဆွေတွေလိုပဲ နေကြတော့ မှာ လို့ လည်း ဆိုသွားကြ ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်အနည်းကပဲ ရုရှား သမ္မတလုပ်လိုက်၊ ၀န်ကြီးချုပ် လုပ်လိုက်နဲ့ ပူတင်ဟာ မော်ဒယ်အမျိုးသမီး တဦးဖြစ်တဲ့ အန်နာ ချက်မန်းဆိုသူနဲ့ ငြိ စွန်းနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ သလို နောက်ပိုင်း အိုလံပစ် ရွှေ တံဆိပ်ဆုရှင် အလီနာ ကာဘာယေဗာနဲ့လည်း အလားတူ ငြိစွန်းနေပြန် တယ်ဆိုတဲ့ ကောလာဟလ တွေလည်း ပေါ် ထွက်ပါတယ်။ 

အခု အိမ်ထောင်ရေး ကွာရှင်းမှုမှာ အဲဒီ ကောလာဟာလတွေထဲက အမျိုးသမီးတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ မသိရပါဘူး။ 

သတင်း  ဧရာဝတီ

No comments:

Post a Comment