Pages

Friday, 7 June 2013

တိုင်းရင်းသားဒေသတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်ဆောင်ဆန်းစုကြည် တိုက်တွန်း





မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ရာမှာဖြစ်စေ၊ အကူညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာဖြစ်စေ တိုင်းရင်းသားဒေသတွေမှာပါ ရင်းနှီးမြှုပ်နှံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။


နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့မှာ အဲဒီလို တိုက်တွန်းခဲ့တာပါ။

တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမယ်ဆိုရင် ရေရှည်မှာ မြန်မာနိုင်ငံဟာ ကြီးမားတဲ့ နိုင်ငံရေးပြဿနာနဲ့ ကြုံတွေ့ရနိုင်တာကြောင့် အခုလိုတိုက်တွန်းရတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ပိုဆောင်ရွက်ပေးခြင်းအားဖြင့် အဲဒီလိုလုပ်ငန်းတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက်တင်မကပဲ တိုင်းရင်းသားတွေအားလုံး ပိုစည်းလုံးညီညွတ်အောင် ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။

ဗမာလူမျိုးတစ်မျိုးတည်းသာ ချမ်းသာပြီး ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဆင်းရဲနေတယ်ဆိုရင် ရေရှည်မှာ ကြီးမားတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ နောက်ဆုံးနေ့မှာ သမ္မတဦးသိန်းစိန်ကလည်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ညီလာခံကို နိုင်ငံပေါင်း ၅ဝ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေအပါဝင် စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၁ ထောင်ကျော်လောက် တက်ရောက်နေပါတယ်။

မူရင်းသတင်း.....RFA Burmese

ဓါတ်ပုံ ကိုဘန်နီ
7.6.2013

No comments:

Post a Comment