Pages

Saturday, 8 June 2013

ထွန်တုံးတိုက်ပွဲ မှာမတရားတဲ့ အမိန့် မှန်သမျှ တာဝန်အရ ဖီဆန်ကြပါ ။


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ရွာမအုပ်စုနှင့် တုံးတင်ကန်(မြောက်) ကျေးရွာအုပ်စု ရခိုင်ချောင်ဒေသမှ လယ်သမား ၄၄ ဦးပိုင် လယ်ဧက ၅၀၀ ကို ၁၉၉၀ ခုနှစ်ကတည်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ အနှစ် ၂၀ ကျော် မည်သည့်စီမံကိန်းမှ မပြုလုပ်ခဲ့ဘဲ ယခုအခါမှ ဆိပ်ခံတံတားများ၊ လမ်းများနှင့် အဆောက်အဦးများဆောက်ရန် လယ်တွေထဲမှာ အုတ်များပုံခြင်း၊ မြောင်းများတူးခြင်း ပြုလုပ်နေသဖြင့် လယ်သမားများမှ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မိမိတို့ပိုင် လယ်ယာမြေများတွင် ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ယခုလို လယ်သမားများ ထွန်ယက်စိုက်ပျိုးနေစဉ် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ စစ်သားများ ရောက်လာပြီး လယ်သမားများအား စောင့်ကြည့်နေခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment