Pages

Tuesday, 28 May 2013

VIP ဦးတေဇ


Tuesday, May 28, 2013
တနင်္ဂနွေနေ့က သူဌေးကြီး ဦးတေဇ သူ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို သွားရာမှာ  လေဆိပ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးတာဝန်ကျရဲတွေက
"၀န်ကြီးတစ်ယောက်လာသလိုကြိုဆိုခဲ့ကြတယ်" လို့ Facebook တနေရာမှာ ရေးထားပါတယ်။
 

၂၀၀၇ နှစ်ကုန်ပိုင်းကတွေ့ရသော ဦးတေဇ နှင့် သားနှစ်ဦး (ဓာတ်ပုံ- ဧရာဝတီ)"လေဆိပ်ထဲက VIP ယာဉ်တွေသာဝင်လို့ ရတဲ့နေရာကိုဦးတေဇရဲ့  နောက်ဆုံးပေါ် လင့်ခရုဆာတွေရောက်နေခဲ့တယ်.....
(မြန်မာနိုင်ငံရဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ထားဝယ်လာတုန်းကတောင်ကားတွေပေးမ၀င်တဲ့နေရာ...)
....ပြောင်းလဲပါပြီဆိုတဲ့ခေတ်စနစ်တွေဘယ်ရောက်သွားတာလဲ....
.... ပြည်သူပိုင်နေရာမှာပြည်သူတစ်ယောက်ထက်ပိုတဲ့အခွင့်အရေးမပေးသင့်ဘူး....." လို့ ဝေဖန်ထားပါတယ်။

ဒီသတင်းအချက်အလက်နဲ့ လေယာဉ်ပေါ်ကဆင်းလာကြပုံကို Facebook မှာ မျှဝေကြသူ ၁၅ဝ ထက် မနည်း ရှိတာ တွေ့ရမှာပါ။

 မှတ်ချက်ပေးသူတဦးကတော့ ...
"လေယဉ်လိုင်းအကြိးအကဲနေနဲ့ကြိုတာကိုလက်ခံပါတယ် ... vip မှာဒေါ်စုတောင်မရပ်ရဆိုတဲ့နေရာမှာ ရပ်ခိုင်းတာ လေဆိပ်တာဝန်ခံနဲ့ပဲဆိုင်မယ်ထင်ပါတယ်"
လို့ ဆိုထားပါတယ်။


သတင်း  ဧရာဝတီ

No comments:

Post a Comment