Pages

Monday, 6 May 2013

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်



အသက် ၆၈ နှစ်ပြည့်တော့မည်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ နောင် ၁၀ နှစ်ခန့်အထိ ကျန်းမာရေးအတွက် စိတ်ချရ
ကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာမခံပြောကြားသည်။

“အရမ်းကျန်းမာတယ်။ အရမ်း နေကောင်းတယ်။ နောက်ထပ် ၁၀ နှစ်လောက်အထိတော့ တာဝန်ယူလို့ ရတယ်။ ဥပမာ- ကင်ဆာတို့လိုမျိုးသွေးတိုး၊ ဆီးချိုတို့လိုမျိုး
ဘာမှမဖြစ်ဘူး”ဟု ဒေါက်တာတင်မျိုးဝင်းက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒေါက်တာတင်မျိုးဝင်းက “အန်တီ့ကို ဆေးတစ်ခုပေးရင် တချို့ရှိတယ်မဟုတ်လား။ အဲဒါ ဘာဆေးလဲဘယ်တော့မှမမေးဘူး။ အစ်မ ဒါလေး
သောက်လိုက်ပါဦးဆို သောက်တယ်။ ဒါလေး စားလိုက်ပါ ဦးဆိုစားတယ်။ ဘာရှောင်ပါဦးဆို ရှောင်တယ်။ ကုသရတာ စိတ်အချမ်းသာဆုံးလူနာကတော့
အန်တီစုပဲ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွှေးကောက်ပွဲကာလအတွင်း ပါတီစည်းရုံးရေးခရီးစဉ်များ
ဆက်တိုက်သွားခဲ့ခြင်းကြောင့် ခရီးစဉ်အတွင်း မူးဝေအော့အန်ပြီး အကြောဆေးသွင်းရသည် အထိဖြစ်ခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ အနားယူချိန်နည်းပြီး အလုပ်အလွန်အကျွံလုပ်ခြင်း၊ ရာသီဥတုပူခြင်းတို့ အပြင် အသက်အရွယ်ကြောင့်လည်းပါကြောင်း ဒေါက်တာမျိုးဝင်းက
ထိုအချိန်ကပြောဖူးသည်။

သို့သော် ဒေါက်တာမျိုးဝင်း မိသားစု ဆရာဝန်အဖြစ် တာဝန်ယူပြီး နှစ် ၂၀ ကျော်ကာလတစ် လျှောက်လုံးကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ အကြီးစား
အော်ပရေးရှင်းတစ်ခုသာ ၂၀၀၃ ခု နေအိပ်အကျယ်ချုပ်ကာလ အတွင်းက ပြုလုပ်ခဲ့ရသည်။ လာမည့် ၂၀၁၅ ဇွန် ၁၉ ရက်တွင် အသက် ၆၈ နှစ်ပြည့်မည့်

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံးပါတီကြီး တစ်ခုအဖြစ်ရှိနေသည်။

သတင်း 7 Day Journal သတင်း

ကိုထွန်းဝေ မျှဝေပါတယ်။
7.5.2013

No comments:

Post a Comment