Pages

Saturday, 4 May 2013

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

နေ့သစ် www.naytthit.net မှ ...

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့် 
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ၂၄ နာရီအတွင်း ဖြစ်နေတဲ့ ပြဿနာကို လာရောက်ဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာတဦး ဖုန်းဆက်လာတယ်။ ၂၄ နာရီအတွင်း ပြဿနာကို လာရှင်းပေးမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ Peace Center ကတော့ ကျနော်တို့ကို စစ်တပ်က ဖယ်ခိုင်းသလို့မျိုး မလုပ်ခိုင်းဘူး။ ပြဿနာကို ရှင်းပေးမယ်ပဲပြောတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက် က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။” 

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေး ဟတ်ကြီးရေအားလျှပ်စစ် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရ စစ်တပ်က ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ
04 May 2013

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျေ...ာ်သွားပေမယ့်
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ၂၄ နာရီအတွင်း ဖြစ်နေတဲ့ ပြဿနာကို လာရောက်ဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာတဦး ဖုန်းဆက်လာတယ်။ ၂၄ နာရီအတွင်း ပြဿနာကို လာရှင်းပေးမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ Peace Center ကတော့ ကျနော်တို့ကို စစ်တပ်က ဖယ်ခိုင်းသလို့မျိုး မလုပ်ခိုင်းဘူး။ ပြဿနာကို ရှင်းပေးမယ်ပဲပြောတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက် က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေး ဟတ်ကြီးရေအားလျှပ်စစ် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရ စစ်တပ်က ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 
သတင်း   နေ့သစ် www.naytthit.net မှ ...

No comments:

Post a Comment