မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF )
၏မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ တွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်
လူသတ်မှုကို စုံစမ်း
စစ်ဆေးရန် ABSDF စုံစမ်းရေးကော်မရှင် ကို အစိုးရက ခွင့်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေး
စင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုကို စစ်ဆေးရန် ABSDF
မှ စုံစမ်းရေး ကော်မရှင်သုံးဦးကို ခွင့်ပြုရန် မေလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စု
ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ မည်သို့စုံစမ်း စစ်ဆေးမည်
ကို ABSDF ခေါင်းဆောင် များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အဆိုပါအမှုတွင် ပါဝင်ခဲ့သူများမှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့်
ယင်းပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း
ဦးထွန်းအောင်ကျော်က ပြောကြားသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သူများ
ဟု ယူဆရသည့် ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးနေဒွန်း၊ ဒေါက်တာ
နိုင်အောင်တို့ကို ယင်းစခန်း၌ အသတ်ခံခဲ့ရသည့် ဗကသ (မြန်မာနိုင်ငံ
အထက်ပိုင်း) ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်၏ မိခင် ဒေါ်တင်မမက မေလ
၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်။
ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင်
ကျောင်းသား ၁၀၇ ဦးကို တပ်မတော်ထောက်လှမ်းရေး ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၄
ဦးမှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံး
ခဲ့ကာ ၁၅ ဦးမှာလည်း အာစံကုန်းတွင် အသတ်ခံရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်
သေဆုံးသူ ၁၄ ဦးရှိပြီး ၅၅ ဦးခန့် ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း လွတ်မြောက်လာသည့်
ကျောင်းသားများက ဆိုသည်။
(The Voice Weekly)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၏မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ တွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်း
စစ်ဆေးရန် ABSDF စုံစမ်းရေးကော်မရှင် ကို အစိုးရက ခွင့်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေး
စင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုကို စစ်ဆေးရန် ABSDF
မှ စုံစမ်းရေး ကော်မရှင်သုံးဦးကို ခွင့်ပြုရန် မေလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စု
ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ မည်သို့စုံစမ်း စစ်ဆေးမည်
ကို ABSDF ခေါင်းဆောင် များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အဆိုပါအမှုတွင် ပါဝင်ခဲ့သူများမှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် ယင်းပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သူများ ဟု ယူဆရသည့် ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးနေဒွန်း၊ ဒေါက်တာ နိုင်အောင်တို့ကို ယင်းစခန်း၌ အသတ်ခံခဲ့ရသည့် ဗကသ (မြန်မာနိုင်ငံ
အထက်ပိုင်း) ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်၏ မိခင် ဒေါ်တင်မမက မေလ
၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်။
ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းသား ၁၀၇ ဦးကို တပ်မတော်ထောက်လှမ်းရေး ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၄ ဦးမှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံး
ခဲ့ကာ ၁၅ ဦးမှာလည်း အာစံကုန်းတွင် အသတ်ခံရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်
သေဆုံးသူ ၁၄ ဦးရှိပြီး ၅၅ ဦးခန့် ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း လွတ်မြောက်လာသည့်
ကျောင်းသားများက ဆိုသည်။
(The Voice Weekly)

No comments:
Post a Comment