Pages

Thursday, 4 April 2013

ဒေါ်အောင်ဆန်းစုကြည် ဂျပန် သွားမယ်



Thursday, April 4, 2013


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ (သင်္ကြန် တတွင်းလုံး) ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်း ၃၀ နီးပါးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ပြည်ကို ပထမဆုံး ခရီးစဉ် ဖြစ်လာမှာပါ။ ၁၉၈၅ ကနေ ၁၉၈၆ အထိတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုတက္ကသိုလ်မှာ သုတေသီအဖြစ် လုပ်ဆောင်ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း တက္ကသိုလ်များမှာ မိန့်ခွန်းပြောတာတွေ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာတွေ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး အပါအဝင် ဂျပန် နိုင်ငံရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံတာတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

http://blog.irrawaddy.org/2013/04/blog-post_7242.html#sthash.PgSaabQE.9E5eYu8o.dpuf

ဓာတ်ပုံ -ကိုထွန်းဝေ

No comments:

Post a Comment