Friday, 18 January 2013

RFA လွတ်လပ်တဲ့အာရှအသံရဲ့လုပ်ရပ်အပေါ် အမေရိကန်အောက်လွှတ်တော် အမတ် သတိပေး


ဒါမျိုးတွေများများဖတ်ပေးပါ ဗဟုသုတ ပိုကြွယ်တာပေါ့ လက်ရှိအခြေအနေမှန်ကိုသိရတာပေါ့ ဗမာပြည်ရဲ့ အာဏာရှင်ဆန်ဆန် ဂိုက်ဖမ်းထားပုံကလည်း ပိတ်ကားပေါ်မှာကြည့်သလို RFAအရှုပ်တော်ပုံကိုပေါ်လွင်ထိမိအောင် အရေးယူတော့မယ်ဆိုဘဲဗျ.. ဘယ်ဝန်ကြီး ဖြစ်ဖြစ်၊ဘယ်အာဏာရှိတဲ့သူ ဖြစ်ဖြစ် ဘာအရေးလဲ..
သူတို့ အရေခွံကို ခွာ၊ ဆွဲဖြဲလှန်ပစ်လိုက်ရင် အားလုံးဟာ စစ်အရာရှိတွေဘဲ။RFAလည်းတူတူဘဲ ဒီပုပ်ထဲကဒီပဲဘဲ
စစ်အာဏာရှင်စနစ်အောက်မှာ အာဏာရှင်စနစ် ခိုင်မြဲဖို့ ရန် “ဖို့ တစ်ဖို့ တည်း”
သွေးသောက် နို စို့ ခဲ့ကြတဲ့ ယန္တရားဘီလူးခေါင်းစောင်းထားတာ ကိုယ့်ဖို့ ဘဲကိုယ်သိတဲ့ RFA ကလူတွင်ကျယ်အကြောင်းက ဖေ့ဘုတ်ပေါ်မှာလဲသူများဓါတ်ပုံတွေ RFA တံဆိပ်တပ်လိုတတ်နဲ့  သတင်းဌာနမှအားမနာလျှာမကျိုး လုပ်ရက်ပါပေ့ လမ်းဆုံကဂျမ်းဘုံမမကြီးက လေလှိုင်းထဲမှာဘဲ အာဏာပြနေ တဏှာရူး ခင်မောင်စိုးက လက်သရမ်းပြနေတော့ ဘယ်..ကိုက်မလဲ သူတို့ မြန်မာအစိုးရကို ဖားနေတာကလည်း..အော်ပြောရင်းနဲ့ ဆက်သာဖတ်ကြည့်တော့...ရေးလိုက်ရရင်တော့ အားနာပါဘိ ကွယ်တို့ ရေ..........

************************************************************************************ 
အစိုးရက ထောက်ပံ့ပေးထားတဲ့ ငွေနဲ့ လည်ပတ်နေတဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA) မှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် မစ္စတာ ဒါနာ ရိုဘက်ခါ က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီနဲ့ ဘတ်ဂျက်ရေးရာ
ကော်မတီကို ဇန်န၀ါရီလ ၁၆ ရက်နေ့စွဲနဲ့ စာရေးသား တင်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားသတင်းဌာနတခု အနေနဲ့ RFA ရဲ့လုပ်ရပ်တွေဟာ အဓိက အငြင်းပွားစရာဖြစ်လာနေပြီလို့ အမေရိကန်အောက်လွှတ်တော် အမတ် သတိပေးလိုက်တာပါ။

RFA တိဘက်ဌာနမှုး Mr. Jigme Ngapo ကို RFA အုပ်ချုပ်ရေးပိုင်းက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အလုပ်ထုတ်ပစ်လိုက်တာနဲ့ပတ်သက်လို့ RFA ဥက္ကဋ္ဌ လီဘီလူး က ရှင်းရှင်းလင်းလင်း မဖြေရှင်းတဲ့အပေါ်မှာ အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher က RFA သတင်းဌာနကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်တွင်း သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် RFA လွတ်လပ်တဲ့အာရှအသံရဲ့အုပ်ချုပ်ရေးပိုင်းမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ ပုံစံမျိုး ဖြစ်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း ကိုလည်း အောက်လွှတ်တော်အမတ် Rohrabacher က ရေးသားထားပါတယ်။



တိဘက်ဌာနမှုးကို RFA အုပ်ချုပ်ရေးပိုင်းက အလုပ်ထုတ်လိုက်တာဟာ
ပြည်ပရောက် တိဘက်အစိုးရရဲ့ ပယောဂမကင်းတဲ့အကြောင်း
အောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
လက်ရှိ ပြည်ပရောက်တိဘက် အစိုးရခေါင်းဆောင်ဟာ Dr. Lobsang Sangay ဖြစ်ပြီးတော့ သူဟာ တရုတ်အစိုးရ ပတ်သက်ရင် သဘောထားပျော့ပြောင်းသူအဖြစ် စွပ်စွဲခံထားရပါတယ်။

အောက်လွှတ်တော်အမတ် Mr.Rohrabacher ရဲ့ ကြေညာချက်မှာ တိဘက်ဌာနမှူးကို အကြောင်းပြချက် မရှိဘဲ RFA ဥက္ကဋ္ဌ လီဘီလူးက အလုပ်က ရုတ်တရက် ထုတ်ပစ်လိုက်တယ်လို့ ရေးသားထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံခြားက လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို ပြလိုက်တဲ့ သတိပေးချက် ဖြစ်နေတယ်လို့လည်း အောက်လွှတ်တော်အမတ်က ဖေါ်ပြထားပါတယ်။


ဒီလို မဆင်မခြင် အလုပ်ထုတ်လိုက်တဲ့ ကိစ္စကို အသေးစိတ် ဖြေရှင်းဖို့ သူ့ရဲ့ပန်ကြားချက်အပေါ် RFA ဥက္ကဋ္ဌ လီဘီလူး က တုန့်ပြန်ဖြေရှင်းဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ အောက်လွှတ်တော်အမတ်က
ထောက်ပြထားပါတယ်။

RFA သတင်းဌာနတခုအနေနဲ့ ဂုဏ်သိက္ခာဆည်တဲ့ အနေနဲ့ တိဘက်ဌာနမှုးကို အလုပ်ပြန်ခန့်ဖို့လည်း အောက်လွှတ်တော်အမတ်က တိုက်တွန်းထားပါတယ်။

အမေရိကန် လွှတ်တော်ကထောက်ပံ့တဲ့ ငွေကြေးရံပုံငွေနဲ့ လည်ပတ်နေရတဲ့ RFA သတင်းဌာနအနေနဲ့ ၀န်ထမ်းတွေကို ငှားရမ်းရာမှာ ထိရောက် မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုဆောင်ရွက်တာ မရှိသလို BBG နဲ့ သူ့လက်အောက်က အေဂျင်စီတွေရဲ့ ဖွဲ့စည်းပုံတွေက အခွန်ထမ်းပြည်သူတွေအပေါ် လုံလောက်တဲ့ တာဝန်ခံမှုတွေ မရှိဘူးလို့ လွှတ်တော်အမတ် ရိုဘက်ခါရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

တိဘက်သတင်းဌာနမှူးဟာ လွတ်လပ်တဲ့အာရှအသံမှာ ၁၆ နှစ်ဆက်တိုက် လုပ်ကိုင်လာသူဖြစ်ပြီး သူ့ဌာနက ၀န်ထမ်းတွေရဲ့ လေးစားချစ်ခင်မှု ရရှိသူဖြစ်ပါတယ်။ သူ့ကို အလုပ်ကနေ အကြောင်းပြချက်မပေးဘဲ ရုတ်တရက် အလုပ်ကထုတ်လိုက်ချိန်မှာ ဌာနရှိဝန်ထမ်းအများစုက စာရေးပြီး သူ့ကို ပြန်ခန့်ဖို့ မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။

တိဘက်ဌာနမှူးကို ထုတ်ပစ်လိုက်တဲ့ တချိန်ထဲမှာပဲ လွတ်လပ်တဲ့ အာရှအသံ ဟာ ဌာနပြန် လည်ပြင်ဆင် ဖွဲ့စည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့
မြန်မာဌာနက အမြဲတန်း ၀န်ထမ်း ၅ ဦး၊ ကမ်ဘောဒီးယားဌာနက အမြဲတန်းဝန်ထမ်း ၂ ဦးနဲ့ လာအိုဌာနက ၂ ဦး ကို အလုပ်က ထုတ်ခဲ့ပါတယ်။

လွတ်လပ်တဲ့အာရှအသံသတင်းဌာနဟာ ဘာသာစကား ၉ ခုနဲ့
သက်ဆိုင်ရာအစိုး၇တွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေ တိကျမှန်ကန်တဲ့သတင်းတွေ လွှင့်ပေးဖို့ ဖြစ်ကြောင်း လွတ်လပ်တဲ့ အာရှအသံရဲ့ တာဝန်နဲ့ ရည်ရွယ်ချက်မှာ ဖော်ပြထားပါတယ်။

Burma-Newselite

No comments:

Post a Comment