Pages

Tuesday, 8 January 2013

စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင်ညှိနှိုင်းအစီးအဝေး၌ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နေခြင်း


စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင်ညှိနှိုင်းအစီးအဝေး၌ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နေခြင်း

စစ်ကိုင်းမြို့နယ် NLD ပါတီသည် ယနေ့ 7-1-2013  နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခု စာအမှတ်ဖြင့် တိုက်နယ်ခေါင်းဆောင် များအား အစည်းအဝေး ဖိတ်ကြားပြီး ညီလာခံကျင်းပရေး ညှိနှိုင်းအစည်းအဝေးပွဲတွင် NLD ဗဟို၏ ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီအကျည်းတန်စေသည့် လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေ မှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်း သည် ပိုက်ဆံချမ်းသာသူ ဖြစ်သည့်အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုပါသည်။ ၄င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်း၍ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါသည်။ ယနေ့အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာလုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ပါတီအမှုဆောင်စာရင်းသည်လည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ အောင်စာရင်းထွက်နေသည့်အဖြစ် နှင့် တူနေပါသည်။ NLD ပါတီမှ လူကြီးများ ထိုသို့ပြုလုပ်နေခြင်းမှာ တရားမ၀င်ကြောင်း ပါတီဝင်များထံမှ သိရှိရပါသည်။


No comments:

Post a Comment