Friday, 18 January 2013

ကျိုက်ထီးရိုးတွင် ခရိုနီအုပ်စုများ အလိုမရှိကြောင်း ဆန္ဒပြ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့် တက်ရောက်နိုင် မှုကြောင့် တောင်တက် လမ်း တစ်လျှောက် အထမ်းသမားများနှင့် ဈေးဆိုင်များ အလုပ်အကိုင် ရှားပါးလာပြီး စားဝတ်နေရေးကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော် ၀င်း ဦးဆောင်သော ဒေသခံ ၁၇၅ ဦးတို့သည် ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီခွဲမှစတင်ကာ “လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ဖျက်သိမ်းပေး”၊ “ခရိုနီအုပ်စုများ အလိုမရှိ” အစရှိသည့် ကြွေးကြော်သံများနှင့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ကြသည်။

ဆန္ဒဖော်ထုတ်သူများသည်

(၁) ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များ ရသေ့တောင်စခန်းတွင် ဂိတ်ဆုံးသတ်မှတ်ပေးရန်၊

(၂) ကျိုက်ထီးရိုး တောင်တက် ကားခများ လျှော့ချပေးရန်

(၃) ကျိုက်ထီးရိုးတောင်တက်ကားလုပ်ငန်းကို ခရိုနီများ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းအဆုံးသတ်ရန်

(၄) ကျိုက်ထီးရိုး တောင်တက်ကားများ ဂိတ်ဖွင့်ချိန်နှင့် ပိတ်ချိန်ကို နံနက် ၆ နာရီ၊ ညနေ ၆ နာရီအထိတိကျစွာ၊ သေချာစွာ သတ်မှတ်ပေးရန်

တို့ကို သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းဆိုထားသည်။ ဆန္ဒဖော်ထုတ်သူများသည် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ စက်မှုလယ်ယာ ကုန်းထိပ်တွင် စုရပ်ပြုလုပ်ပြီး တောင်သူစုရပ်ကွက်၊ သဇင်လမ်းအတိုင်း မြို့တော်ခန်းမသို့ ချီတက်ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ကြသည်။

ခွင့်ပြုပေးထားသော မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကလည်း ဆန္ဒဖော်ထုတ်သူများအား လုံခြုံရေး တာဝန်ယူကာ လိုက်ပါစောင့်ရှောက်ခဲ့သည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment