Monday, 7 January 2013

ဒေါ်စန္ဒာမင်း က ပြည်သူဘက်က ရှိလို့သာ အမုန်းခံပြီး လုပ်တယ်မှတ်ပါ…




         အမှန်က ဒေါ်စန္ဒာမင်းက တင်သွင်းမယ့်အဆိုက ပြည့်တန်ဆာများလိုင်
စင်ရရှိရေးမဟုတ်ပါဘူး… ပြည့်တန်ဆာတွေကို ဘယ်လိုပညာပေးထိန်းသိမ်း
ကိုင်တွယ်မလဲဆိုတာကို ပြောင်းလဲနေတဲ့ခောတ်စနစ် နဲ့အညီဥပဒေတွေရှိပေး
ဖို့ အဆိုတင်သွင်းမှာပါ…
        မြန်မာနိုင်ငံဥပဒေတွေက ပြည်တန်ဆာဆိုပြီး ပုဒ်မတပ်ခံရရင် ထောင်ကျ
ပြီး ဘ၀တစ်ခုလုံးသေသွားတာကလွဲရင် သူတို့အတွက်တန်ဖိုးရှိပြီးထိရောက်
တဲ့ ဘာပညာပေးမှုမှမရှိခဲ့ပါဘူး… ပြည်တန်ဆာမှုနဲ့ထောင်ကျသွားလို့ ထောင်
ကပြန်လွတ်လာတဲ့အချိန်မှာ သူတို့ဘ၀အတွက်ရလာတဲ့အသိပညာက ရဲကို
ရှောင်ပြီး အလုပ်လုပ်ရမယ်ဆိုတဲ့စိတ်ပဲရှိတဲ့အခါမှာ တကယ်ကိုအရေးးကြီး
တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးရှု့ဒေါင့်မှာတော့ ရောဂါဆိုးရ၊ ရောဂါဆိုးကို
တခြားသူကို လက်ဆင့်ကမ်းပေးပြီး လူမသိသူမသိ သေသွားတာပါပဲ…
         ဘယ်သူမှမငြင်းနိုင်တဲ့အချက်ကတော့ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ
ပြည်တန်ဆာလို့ လှလှပပနာမည်တပ်ခွင့်မရတဲ့ ကြေးစားဖာတွေက ဒုနဲ့ဒေး
ရှိနေတာပါ… အဆိုပါဖာတွေကိုဆက်ဆံတဲ့ လူပျို၊ လူအိုတွေမှာ ကျန်းမာရေး
အသိရှိသူပါသလို ဆန္ဒတစ်ခုတဲ့ရှေ့ထားပြီး ဘာမှမပါလဲသွားမယ်ဆိုပြီး ရော
ဂါကို လက်ဆင့်ကမ်းမှုက သွေးသားဆက်ဆံတဲ့အဆင့်ကနေ သွေးလှုဒါန်းမှု
မှာတောင် ကြောက်စရာအဆင့်ရောက်နေပါပြီ… လွန်ခဲ့တဲ့ငါးနှစ်က သွေးလှု
ဘဏ်ရဲ့ တာဝန်အရှိဆုံးဆရာဝန်ကြီးကို အင်တာဗျူးတော့ AIDS ရှိသူတစ်
ချို့ဟာသူတို့ရဲ့သွေးတွေကိုဖောက်ထုတ်လိုက်ခြင်းဖြင့် သူတို့မှာရှိတဲ့ရောဂါ
သက်သာတယ်ထင်ပြီး ဆေးစစ်ချက်မှာ ပေါ့စတစ်ပြနေပါရဲ့နဲ့ ထပ်တလဲလဲ
လာလှုတဲ့သူတွေကို တွေ့နေရကြောင်း ထုတ်ဖော်ပြောကြားဖူးတာကို ကျ
တော် သတင်းရေးလိုက်တော့ News Watch ဂျာနယ်မှာ မျက်နှာဖုံးသတင်း
ပါလာဖူးပါတယ.်..
         ဇဗ္မူသီရိ မဲဆန္ဒနယ်က ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာများလိုင်စင်ရရှိရေး
လွှတ်တော်တွင်းကနေ အဆိုတင်သွင်းမယ်ဆိုပြီး ထူးခြားမှုနေရာလေးပဲ
ကောက်နှုတ်ပြီး ခေါင်းစဉ်နဲ့လိုက်တဲ့ စာသားလေးတွေပဲ ရွေးပြီး ဖော်ပြထားတဲ့
ကာယကံရှင် ဒေါ်စန္ဒာမင်း ရဲ့ ရည်ညွှန်းချက် အပြည့်အစုံမပါတဲ့ သတင်းထွက်
လာပြီးတဲ့နောက်မှာအတင်းအဖျင်းသံတွေပဲကြားနေရတယ်… ဖေ့ဘွတ်မှာ ကျ
တော်နဲ့ရင်းနှီးတဲ့ လူရင်းတွေထဲမှာ အပြစ်ပြောတဲ့သူမတွေ့ပေမယ့် အားနာလို့
 ကြားနေတဲ့ ပုံမျိုးပဲဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်… အမှန်က ဒေါ်စန္ဒာမင်း
ကို နားလည်မှုလွဲကြတာပါ…
        ထိုင်းနိုင်ငံမှာ မှန်ဘောက်တွေနဲ့ပြထားပြီး စိတ်ကြိုက်ရွေးပြီးပျော်ပါးလို့
ရတဲ့ ပြည်တန်ဆာတွေရှိတာကို ရောက်ဖူးသူတိုင်းသိပါတယ်… မှန်ခန်းထဲက
နေ ရွေးထုတ်သွားပြီး ကန်လာကာနောက်ဆက်ရန်မှာ သူဖြည့်ဆည်းရမယ့်
ယောက်ျားက ကွန်ဒုံးမစွပ်ဘူးဆိုရင် ဥပဒေအရကိုပဲ ပိုက်ဆံပြန်ပေးဖို့မလိုဘဲ
မောင်းထုတ်လို့ရတယ်… မြန်မာနိုင်ငံမှာ အဲ့လောက်ကြီးမလိုပါဘူး… ဒါပေ
မယ့်ဖြစ်သင့်တာက ကွန်ဒုံးမပါပေမယ့် ဖောက်သည်လွတ်မှာဆိုးလို့ ဒီအတိုင်း
လက်ခံရတာမျိုး၊ အပြန်အလှန်ပြသနာဖြစ်တဲ့အခါတွေမှာ ရဲစခန်းသိမှာဆိုး
လို့၊ ဥပဒေကို ရှောင်ရတာမျိုးတွေကနေ များပြားလှတဲ့ ရောဂါဆိုးက တရား
ဝင်ကျန်းမာရေးစစ်တမ်းကောက်ယူမှုမရှိဘဲ ဘယ်လောက်တိုးပွားနေပြီလဲ
ဆိုတာကို ကျန်မာရေးရှုဒေါင့်ကဆိုပြီးဘောင်ခတ်ပြောနေရာကနေ ဥပဒေ
ရှု့ဒေါင့်ကပါ ပြောသင့်နေပါပြီ… ဖာအိမ်မို့ရဲဝိုင်းတယ် ဆိုပဲပြောပြော၊ စကား
ကကြားရတာဆိုးပြီး ပြည်တန်ဆာဆို ရဲတိုင်ဖမ်းခိုင်းဟ ဆိုတဲ့ ဥပဒေအမြင်
ရှိနေသမျှ နိုင်ငံတော်ကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး ကြိုက်သလောက်
ကုန်းအော်နေပါစေ အောင်မြင်မှာမဟုတ်ဘဲ ဒါတွေကို ဘယ်သူတွေရှင်းမ
လဲ ဆိုတဲ့ မေးခွန်းနဲ့ပဲ လည်နေမှာပါ…
           မနေ့က ဒေါ်စန္ဒာမင်း နဲ့ စကားပြောဖြစ်တဲ့အခါမှ ဒါဟာနားလည်မှု
လွဲတဲ့ အပိုင်းတွေကိုတွေ့ခဲ့ရတယ်… ဘုရားရှင်လက်ထက်ထဲကရှိခဲ့တဲ့ ပြည့်
တန်ဆာတွေဟာ ဒီကနေ့အထိလဲရှိနေသလို နောင်လဲရှိနေမှာပဲ…. ဒီလိုရှိနေ
မှာကို ဖျောက်ဖျက်လို့မရတဲ့အနေအထားမှာ ပြည်တွင်းမှာရှိနေတဲ့ ဥပဒေတွေ
က ကျန်းမာရေးလောက၊ ကူးစက်ခံပြည်သူ နဲ့ ပြည်တန်ဆာ သုံးဦးလုံးအတွက်
ကောင်းနေဖို့ လိုလားသင့်ပါတယ်… နောက်ဆို ပြည်တွင်းကိုနိုင်ငံခြားက လူ
တွေ မဖိတ်ခေါ်လဲဝင်လာတော့မယ်… ဒီလိုဝင်လာတဲ့သူတွေမှာလဲ ဆန္ဒတွေ၊
ဆန္ဒဆိုးတွေပါမှာပဲ… ကိုယ့်ပြည်တွင်းကိုလာပြီး ဒီမိန်းမအတွက် ကာကွယ်ထား
တဲ့ ဥပဒေမရှိဘူးဆိုပြီး ထင်ရာမစိုင်းဖို့ ကာကွယ်ထားတဲ့ ဥပဒေတွေလိုတယ်….
ဒါတွေကို ပြည်သူ့ကိုယ်စားလှယတွေက မလုပ်ရင် ဘယ်သူလုပ်မလဲ… ပြည်
သူဘက်က ရှိလို့သာ အမုန်းခံပြီး လုပ်တယ်မှတ်ပါ…
by Ko MawPyay on Monday, January 7, 2013 at 10:31am ·

No comments:

Post a Comment