Pages

Friday, 18 January 2013

အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ သွားရောက်လိုသည့် နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ်တစ်ရပ် ထုတ်ပြန်



အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ အလည်အပတ် ခရီး သွားရောက် လိုသည့် ၎င်း၏ နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရပါသည်။

အဆိုပါ ထုတ်ပြန်ချက် အရ ကင်ညာ နိုင်ငံသို့ ခရီး သွားရောက်ကြမည့်၊ သို့မဟုတ် ကင်ညာ နိုင်ငံတွင် အခြေချ နေထိုင်ကြသည့် အမေရိကန်နိုင်ငံသားများ အနေဖြင့် သတိဖြင့် နေထိုင်ကြရန် ဖော်ပြ ပါရှိပါသည်။

ကင်ညာ နိုင်ငံတွင် ခြိမ်းခြောက်မှု များနှင့် အကြမ်းဖက် ဆူပူ ရာဇဝတ်မှုများ တိုးပွား လာနေသောကြောင့် ယခုကဲ့သို့ သတိပေး ချက် ထုတ်ပြန်ခဲ့ခြင်း
ဖြစ်ပါသည်။

အမေရိကန် သံရုံး အနေဖြင့် လုံခြုံရေး ဆိုင်ရာ အခြေ အနေများ အတွက် နောက်ဆုံး အခြေအနေ များကို စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။

  မြ၀တီ

No comments:

Post a Comment