Pages

Friday, 4 January 2013

မငြိမ်းသောမီး






  ထားထားမြင့် ( Burma Newselite)
အသက်(၇၀) နှစ်၇ှိပြီဖြစ်တဲ့  အဘိုးအိုအိုမာတယောက် ဆီရီယားနိုင်ငံ အဆက်မြို့ က အာဇာနည် သူသာန်ထဲကို ရောက်နေတာ မနက်စောစောထဲကပါ။ ဒီသုသာန်မှာ ဆီရီးယားနိုင်ငံက ပြည်တွင်းစစ်တိုက်ပွဲတွေကြားမှာ သေဆုံးသွားတဲ့ အိုမာရဲ့ သားသုံးယောက်နဲ့ မြေးလေး နှစ်ယောက်တို့ ကို မြှပ်နှံထားတဲ့ ဂူဗိမာန်တွေရှိပါတယ်။ အိုမာအတွက်တော့ ၀မ်းနည်းကြေကွဲစရာတွေက ထပ်တလဲလဲခံစားရလွန်းတဲ့ အတွက် ကျဖို့ မျက်ရည်တောင်မရှိတော့ပါဘူး ။ ဂူတွေရှေ့ မှာဘဲခြေစုံရပ်ကာ ကွယ်လွန်သူတွေအတွက် တိတ်တဆိတ် ဆုတောင်းနိုင်ပါတော့တယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မတ်လကနေ အခုအချိန်အထိ အိုမာရဲ့ သားတွေမြေးတွေအပါအ၀င် ဆီရီးယားနိုင်ငံက မငြိမ်မသက်မှုတွေမှာ သေဆုံးရသူ ခြောက်သောင်းကျော်၇ှိသွားပြီလို့ 
ကုလသမဂ္ဂက ဒီတပတ်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်.

ဒီအရေအတွက်ဟာ အမေရီကန်ပြည်ထောင်စုက လူဦးရေအနည်းဆုံးပြည်နယ်တွေဖြစ်တဲ့ 
အင်ဒီယားနား နဲ့ ဝိုင်းမင်းစတဲ့ ပြည်နယ် တွေရဲ့ လူဦးရေ အရေအတွက်နီးပါးလောက်ကိုရှိနေပြီး ဗီယက်နမ်စစ်ပွဲမှာကျဆုံးခဲ့တဲ့ 
အမေရီကန်စစ်သားအရေအတွက်ထက်တောင်ပို များနေပါတယ်။

ဆီရီးယားနိုင်ငံဟာ အာရှတိုက်မြောက်ပိုင်းကအာရပ်နိုင်ငံတခုဖြစ်ပြီး အီရတ်၊တူရကီ။ေ၈ျာ်ဒန်။လက်ဘနွန်နိုင်ငံနဲ့ မြေထဲပင်လယ်တို့ နဲ့ နယ်နမိတ်ချင်းထိစပ်နေပါတယ်

အာရပ်နွေဦးလှုပ်ရှားမှုတွေ မြေထဲပင်လယ်မှာပျံနှံလာချိန်မှာ ၂၀၀၀ခုနှစ်ကထဲကစပြီး သမ္မတ အာဏာရယူခဲ့ သမ္မတအာဆတ်ကို လူထုက မကျေမနပ် ဆန်ကျင်ဆန္ဒပြမှူတွေ အုံကြွလာရာကနေ ဒီပဋိပက္ခတွေစတင်ခဲ့ တာပါ.။
အစပိုင်းမှာတော့သမ္မတအာဆတ်က နိုင်ငံကို ပြုပြင်ပြောင်းလဲမှူလုပ်မယ်ဆိုပြီး နိုင်ငံရေးပြောင်းလဲမှူလုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူနဲ့ အစိုးရအဖွဲ့ဝင်တွေမှာ အရာရာကို ချူပ်ကိုင်ထားလိုမှူကြောင့် ပြည်သူတွေက
ဆန္ဒပြမှူတွေနဲ့ သမ္မတနုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကုလသမ၈္ဂနဲ့ အာရပ်အဖွဲ့ အစည်းတွေ တားမြစ်တောင်းပန်နေတဲ့ ကြားထဲကဘဲ ဆန္ဒပြသူတွေက တင့်ကားတွေနဲ့ စစ်သားအင်အားအလုံးအရင်းသုံးပြီး သမ္မတအာဆတ်က နှိမ်နှင်းခဲ့ ပါတယ်။ ဆန္ဒပြသူတွေကလည်း လက်နက်ကိုင်သူပုန်တွေအဖြစ်ပြောင်းလဲပြီး အစိုးရတပ်တွေကို တိုက်ခိုက်ကြတဲ့ အတွက် အခြေအနေဟာ ဆိုးသထက်ဆိုးလာပါတယ်။


အခုလို လူတွေတပြုံကြီးသေနေကြတာ ကြောက်စရာကောင်းသလို ရှက်ဖို့ လဲကောင်းတယ်လို့ ကုလသမ၈္ဂ လူ့ အခွင့်အရေးဆိုင်ရာမင်းကြီး Navi Pilla ကပြောကြားလိုက်ပြီး ဒါနဲ့ ပတ်သတ်ပြီး ထဲထဲဝင်ဝင် ဘာတခုမှ ဆောင်၇ွက်မှူမရှိတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း
အပြစ်တင်လိုက်ပါတယ်။

အခုလို ဆီရီယားနိုင်ငံမှာဖြစ်ပျက်နေတာဟာ ဆီရီယားပြည်သူတွေသာမက အိမ်နီးနားချင်းနဲ့ တကမ္ဘာလုံးအတွက် ပါ အကြီးအကျယ်ပြသာနာဖြစိလာနြေ့ပီလို့ သူကပြောပါတယ်။

ဆီရီယားနိုင်ငံကို ကုလသမ၈္ဂက အရေးယူဖို့ ဆောင်ရွက်ပေမယ့် 
သူနဲ့ စီးပွားဖက်နိုင်ငံတွေဖြစ်တဲ့ 
တရုတ်နဲ့ ရုရှနိုင်ငံတွေက လုံခြူံရေးကောင်စီမှာ ကန့်ကွက်တဲ့ အတွက်မအောင်မမြင်ဖြစ်နေပါတယ်။

အစိုးရရော အမေရိကန်ပြည်ထောင်စုက လက်နက်ထောက်ပံထားတယ်ဆိုတဲ့ သူပုန်အဖွဲ့ တွေကရော အပြန်အလှန်တိုက်ခိုက်မှုကြားမှာ
အခုလို အပြစ်မဲ့ ပြည်သူတွေရက်ရက်စက်စက်သေဆုံးနေတာကို တခုခုမလုပ်ကြရင်ဆီရီးယား နိုင်ငံပါပျက်စီးသွားတော့မယ်လို့  လူ့ အခွင့်အရေးစောင့်ကြည့် သူတွေကဆိုပါတယ်.


ဒါပေမဲ့ နှစ်ဘက်အဖွဲ့ တွေကတော့ ငြိမ်းချမ်းရေးနဲ့ အလျှော့ပေးဖို့ ကို မစဉ်းစားကြဘဲ နောက်ဆုံးသတင်းတွေအရ တော့ အခုအချိန်ထိကို အပြန်အလှန်ပစ်ခတ်တိုက်ပွဲဝင်နေကြတုန်းပါ။

ဒါကြောင့်ဖို့  သားနဲ့ မြေးဆုံးရှုံးခဲ့တဲ့  အဘိုးအိုအိုမာတို့ လို့ ဆီရီးယားပြည်သူတွေရဲ့ ရင်ထဲမှာလည်း
သောကမီးတွေ မငြိမ်းဘဲတောက်လောင်နေဦးမှာဖြစ်ပါတယ်။

ကိုးကား CNN U.N.'s Syria death toll jumps dramatically to 60,000-plus

ဓာတ်ပုံ Reuters

No comments:

Post a Comment