Pages

Saturday, 12 January 2013

လူငယ်တွေကိုလည်း ကျမ တစ်ခုတော့ သတိပေးချင်ပါတယ်(ဒေါ်အောင်ဆန်းစုကြည် )




တာမွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ.. မိန့်ခွန်းမှ.....

လူငယ်တွေကိုလည်း ကျမတစ်ခုတော့ သတိပေးချင်ပါတယ်။ မေတ္တာလည်း ရပ်ခံချင် ပါတယ်။ နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။ ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို့လို့ မရဘူး..။ ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ့ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို့လို့မရပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။ အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို့ ကျမ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။ မွေးလို့ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။ ငါတို့ ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။ လူငယ်တွေရဲ့ အရှေ့မှာ အချိန်တွေအများကြီးရှိ ပါတယ်။ အချိန်တွေကို အလဟသဖြစ်အောင် မလုပ်ပါနဲ့..။ ကျမတို့ဖက်ကလည်း လူငယ်တွေ မိမိတို့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို့ ကြိုးစားပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျမ တို့ဖက်ကကြိုးစားရမှာပါ။ လူငယ်တွေကလည်း ငါတို့ဘ၀အတွက် ငါတို့တာဝန်ယူမယ် ဆိုတဲ့ အင်မတန်မှ မွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို့ ကျမတိုက်တွန်း ချင်ပါတယ်...။
Ko Nay Myo

No comments:

Post a Comment