Pages

Thursday, 3 January 2013

လွတ်လပ်ရေးနေ့ ညစာစားပွဲတက်မည်မဟုတ်

ကချင်တိုက်ပွဲကြောင့်ချင်းပါတီ သမ္မတ ဦးသိန်းစိန်ကဖိတ်ကြားတဲ့ 

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာ တဖက်လှည့်ပြီး လုပ်နေတာကတော့ ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။ နေပြည်တော်မှာ လွတ်လပ်ရေး ညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ကျနော့်ကို ဖိတ်ထားတယ်။ ကျနော်ကတော့ မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာ သူတို့ မပျော်ရွှင်နိုင်ဘူး။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။ ကချင်ညီအစ်ကိုတွေ ခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေး မလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။ အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

အစိုးရရုပ်သံဌာနက ဇန်န၀ါရီလ ၂ ရက်နေ့က အိမ်မှာလာပြီး အင်တာဗျုးတော့လည်း ညစာစားပွဲ မတက်မယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတကတော်တို့က နိုင်ငံရေးပါတီအသီးသီးက ဥက္ကဋ္ဌတွေကို ဖိတ်ကြားထားပါတယ်။

-DVB

No comments:

Post a Comment