ပြင်သစ် လေတပ်သည် မာလီတွင် အစ္စလာမ်မစ်
အစွန်းရောက် သူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုကို အရှိန်မြှင့်
လုပ်ဆောင်နေဆဲ ဖြစ်သည်။ မာလီ အစိုးရ အနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို
ထိပါးလာသည့် အဆိုပါ သူပုန်တပ်များကို ကူညီ ချေမှုန်းပေးပါရန် ပြင်သစ်နိုင်ငံအား
အကူအညီ တောင်းခံခဲ့သည့်နောက် ပြင်သစ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်
မီရာ့ဂ်ျ တိုက်လေယာဉ်များက ယခုစစ်ပွဲတွင် အင်နှင့်အားနှင့် ပါဝင်လာခဲ့သည်။
ကြာသပတေးနေ့က ပြင်သစ် လေယာဉ်များသည် ဒီယာဘာလီ မြို့အနီးတွင် သူပုန်စစ်ကြောင်းများကို ထိုးစစ်ဆင် ဗုံးကြဲခဲ့ကြသည်။ ယခုအခါ အဆိုပါ စစ်အင်အား နှစ်ရပ်ကြားတွင် အရပ်သားများမှာ ဗျာများနေကြောင်းလည်း သိရသည်။ ပြင်သစ် လေတပ်က ဗုံးကြဲနေစဉ် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သားများသည် ကြောက်အားလန့်အား ထွက်ပြေးကြသလို ပုန်းကွယ်စရာ နေရာများလည်း ရှာဖွေခဲ့ရကြောင်း မျက်မြင်များက ဆိုသည်။
Planet Myanmar Network

No comments:
Post a Comment