
- ( စကားချပ် ။ ။ ဒီမိန့်ခွန်းက အဖွင့်မိန့်ခွန်းမို့ တိုပါတယ် ။ ဒါပေမယ့် ဒေါ်စု ပြောနေချိန်မှာ နောက်က ကိုးရီးယားဘာသာနဲ့ပါ တပြိုင်နက် ကြေငြာတာမို့ အသံတွေ ရောနေပါတယ် ။ အကြိမ်ကြိမ် ကြိုးစားနားထောင်ပြီး ဘာသာပြန်လိုက်တာပါ ။ အဆင်ပြေမယ်လို့ မျှော်လင့်ရင်း အောက်ပါ အကြောင်းအရာလေးတွေကိုပါ မိတ်ဆက်ပေးလိုက်ပါရစေ ။
- တောင်ကိုးရီးယားက ဆိုးလ်မြို့တော်မှာ ကျင်းပမယ့် ဆောင်းရာသီ အထူးအိုလံပစ်ပြိုင်ပွဲကို တကမ္ဘာလုံးက စိတ်မကျန်းမာသူ ( mentally disabled ) ပေါင်း ၂၃၀၀ လောက် လာရောက်အားပေးကြပါတယ် ။ ဖွင့်ပွဲ ကြွေးကြော်သံက '' နိုင်ပါရစေ ....အနိုင်မရဘူးဆိုရင်တောင် ကြိုးပမ်းခြင်းအားဖြင့် ရဲရင့်ပါရစေ .....Let me win. But if I cannot win, let me be brave in the attempt" ဖြစ်ပါတယ် ။
- နိုင်ငံပေါင်း ၁၀၀ ကျော်က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရေခဲပြင်အလှပြစကိတ်စီး ( figure skating ) ။ နှင်းလျှောစီး ( alpine skiing ) ။ တောင်စောင်းနှင်းလျှောစီး ( snowboarding ) ၊ ရေခဲပြင် အမြန် စကိတ်စီး ( speed skating ) အပါအ၀င် အားကစား ( ၈ ) မျိုး ကို (၈) ရက်တိတိ ကျင်ပမှာ ဖြစ်ပါတယ် ။
- ဆောင်ပုဒ်ကတော့ Together we can ဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ Down Sydrome ကဲ့သို မွေးရာပါ အသိဥာဏ်ချွတ်ယွင်းမှုရောဂါ ရထားသူတွေကို အားကစားမှတဆင့် သူတို့ရဲ့ အရည်အချင်းတွေကို မြေတောင်မြှောက်ပေးဖို့ပါ ။ Mentally disabled ဖြစ်နေသူ အသက် ( ၈ ) နှစ်ကျော်သူတိုင်း ၀င်ပြိုင်လို့ ရပါတယ် ။
-ှSpecial Olympics ဆိုတာက mentally disabled တွေအတွက် သီးသန့်လုပ်ပေးတဲ့ ကမ္ဘာ့အဆင့် အိုလံပစ်ပွဲတော်ပါ ။ ၂ နှစ်တစ်ခါ ကျင်းပတာဖြစ်ပြီး Summer Game နဲ့ Winter Game ဆိုပြီး အလှည့်ကျ ကျင်းပတာဖြစ်ပါတယ် ။
- ၂၀၁၁ ခုနှစ်နွေရာသီမှာ ဂရိနိုင်ငံ အေသင်မြို့မှာ ကျင်းပခဲ့ပြီး အခုနှစ် ၂၀၁၃ မှာ ကိုးရီးယားက ဆိုးလ်မြို့ရဲ့ ဆောင်းရာသီမှာ ကျင်းပနေခြင်းဖြစ်ပါတယ် ။ ၂ နှစ်တစ်ခါမို့လို့ ၂၀၁၅ သြဂုတ်လ နွေရာသီမှာ အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ကျင်းပဖို့ လျာထားပါတယ် ။
- အခန်းအနားကြေငြာသူ Kim Yu Na က ရေခဲပြင်အလှစကိတ်စီးမှာ ကမ္ဘာ့အဆင့် ဆုအမျိုးမျိုး ရထားသူဖြစ်ပြီး ကမ္ဘာ့အိုလံပစ်မှာ ဆုရတဲ့ ပထမဆုံးကိုးရီးယားနိုင်ငံသား ဖြစ်ပါတယ် ။ သူ့အကြောင်း အပြည့်အစုံသိချင်ရင်တော့ Google မှာ ဆက်ဖတ်ပါ )



ရေခဲပြင် အလှပြ စကိတ်အားကစားသမား Kim Yu-Na


- ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း
- ကျမ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာမဟုတ်ဘဲ အရာအားလုံးထက် ပို အရေးပါတဲ့ လူ့သားရဲ့ စိတ်ဓါတ်ခွန်အား ကြီးကျယ်မှုစွမ်းအား ( supremacy of human spirit ) ကိုပါ အသိအမှတ်ပြုကျင်းပပေးနေလို့ပါဘဲ ။
- အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ ၊ စိတ်ခံစားမှု ၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာရယ် .......၊ '' မသန်စွမ်းသူဆိုတာ တကယ့်တကယ် ကိုယ်ခန္ဒာချွတ်ယွင်းနေသူတွေကိုသာ ခေါ်တာ မဟုတ်ဘဲ အဲလို ချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင်သူတွေကိုပါ ခေါ်တယ် '' ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ ။
- မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး ။ စိတ်ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်းရှိပါတယ် ။
- ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကိုသာ အသိအမှတ်ပြုကျင်းပတာမဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် ( The Supremacy of Human Solidarity ) ဆိုတာကိုလည်း အသိအမှတ်ပြုကျင်းပနေကြတာ ဖြစ်ပါတယ် ။

- ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ '' Together we can '' ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ ၊ အားနည်းအောင်လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲနဲ့ တညီတညွတ်ထဲ အကူအညီပေးနေကြတာ ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်တိုင်က ခွဲခြားဆက်ဆံအားဖြင့် အားနည်းသိမ်ငယ်အောင် လုပ်ထားတာပါ ။ သူတို့ကို အားနည်းသူ အဖြစ်သတ်မှတ်ထားကြတယ် ၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင် လုပ်ထားကြတာ ဖြစ်ပါတယ် ။

- ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ......တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ ကလေးတစ်ယောက်က '' ကျနော် နောက်ဆုံးက နိုင်တယ် '' လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။ ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်......ရှေ့ဆုံးက ရှုံးရှုံး ၊ နောက်ဆုံးကဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး ။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ ။
- လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြသခြင်းအားဖြင့် ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက်ကူညီပေးကြလိမ့်မယ်လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ် ။ ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်.......ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း ၊ ဒုက္ခတိုင်း ဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို နားလည်စေတဲ့အတွက်ပါ ။ ကျေးဇူးအထူးတင်ပါတယ် ။



- ( ဒေါ်စုပြောသွားတဲ့ မိန့်ခွန်းအပြီးမှာ အခမ်းအနားကြေငြာသူ Kim Yu Na က မွေးရာပါ Down Sydrome ရောဂါ ခံစားနေရသူနှစ်ယောက်ကို ဖိတ်ခေါ်ပြီး ဘ၀မှာ သူတို့ဖြစ်ချင်တဲ့ရည်မှန်းချက်အိပ်မက်ဟာ ဘာလဲ လို့ မေးပါတယ် ။ သူတို့အလှည့်ပြီးတော့ ဒေါ်စုကိုလည်း What is your dream ? မေးပါတယ် )
- ဒေါ်စု ။ ။ ကျမ ဖြစ်ချင်တဲ့ Dream ကတော့ အင်မတန်ရိုးရှင်းပါတယ် ။ ကမ္ဘာကြီးကို ဒီထက်ပိုကောင်းတဲ့ နေရာတခုဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရာမှာ ကျမတိုင်းပြည်ကိုလည်း ပါဝင်စေချင်ပါတယ် ။ ကျမတို့ မြန်မာပြည်သူတွေကို အဲလိုလုပ်ရာမှာ သူတို့လည်း ပါဝင်နိုင်ကြောင်း ပြဖို့ အခွင့်အရေး ရစေချင်ပါတယ် ။
- ( ဒေါ်စုပြီးတော့ Kim Yu Na က သူ့ရဲ့ ဖြစ်ချင်ခဲ့တဲ့ Dream ကို ဆက်ပြောပါတယ် ။ အရင်တုန်းက သူ့ရဲ့ အိပ်မက်ဟာ ကမ္ဘာ့အဆင့် ချန်ပီယမ်ဖြစ်ဖို့ ဖြစ်ကြောင်း ၊ အဲဒီအိပ်မက်ကို ၂၀၁၀ ဗန်ကူးဗား ချန်ပီယံပြိုင်ပွဲမှာ အကောင်အထည်ဖော်လိုက်နိုင်ကြောင်း ၊ အဲဒါဟာ ငါလုပ်နိုင်တယ်ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကြောင့် ဖြစ်ကြောင်း စသည်စသည်ဖြင့်ပါ ။

Vancouver
Olympics Figure Skating
South Korea's Kim Yu-Na reacts after performing her free program during
the women's figure skating competition at the Vancouver 2010 Olympics in
Vancouver, British Columbia, Thursday, Feb. 25, 2010. (AP Photo/David
J. Phillip) AP
မူရင်း Spring Flowers
မူရင်း Spring Flowers
No comments:
Post a Comment