Pages

Thursday, 3 January 2013

မင်းကိုနိုင်ရဲ့ ပြည်ပခရီးစဉ် မကြာမီ စတင်မယ်


၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ဦးမင်းကိုနိုင်ဟာ ပထမဆုံး ပြည်ပခရီးစဉ်ကို မကြာခင် ထွက်ဖို့ ရှိပြီး ဖိလစ်ပိုင်နိုင်ငံကို ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 


 စေတနာဝသန်ပွဲမှာ တွေ့ရတဲ့ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်- ၈၈ မျိုးဆက်
 
ဦးမင်းကိုနိုင်အပါအ၀င် ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော် စတဲ့ ၈၈ မျိုးဆက်ကျောင်းသား များဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့နဲ့ တခြား မြို့တချို့ကို သွားဖို့ ရှိပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာ အတွေ့အကြုံတွေ ရရှိရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနဲ့အတူ ဒီမိုကရေစီ ဆုကို ရရှိခဲ့လို့ အမေရိကန် ခရီးစဉ် သွားဖို့ ရှိခဲ့ပေမယ့် နိုင်ငံကူး လက်မှတ်ဟာ သွားခါနီး နာရီပိုင်း အလိုမှသာ ရရှိခဲ့တာရယ် ပါ့စ်ပို့ ထုတ်ပေးတာမှာ ခွဲခြားမှုတွေ ရှိတာတွေကြောင့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့တာပါ။ 

၅ ရက်တာ ဖိလစ်ပိုင် နိုင်ငံခရီးစဉ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်သတင်းများ 

မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်  

မင်းကိုနိုင် က ဘာကြောင့် US ခရီးစဉ်ဖျက်

No comments:

Post a Comment