Pages

Friday, 21 December 2012

ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁

ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁

ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်လို့ ယုံကြည်ဝါဒဖြန့်ကြတဲ့ အယူသီးသူတွေကို တရုတ်နိုင်ငံမှာ လိုက်လံခြေမှုန်းရာမှာ လူပေါင်း တထောင်လောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အများစုက ၁၉၉၀ လောက်က တရုတ်နိုင်ငံမှာ ထူထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့က အဖွဲ့ဝင်တွေဖြစ်ပါတယ်။

အစိုးရသတင်းထုတ်ပြန်ချက်မှာ ဒီအဖွဲ့က ကွန်မြူနစ်ပါတီကို ဖြုတ်ချဖို့ လည်း သူတို့အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့တယ်လို့ စွတ်စွဲထားပါတယ်။

ဒီလိုဝါဒဖြန့်မှုတွေကြောင့် လူတွေကြောက်လန့်ပြီး ပစ္စည်းတွေဝယ်ယူ စုဆောင်း ခဲ့တဲ့အတွက် လူမှုရေး မတည်မငြိမ် ဖြစ်စေတယ်လို့ တော့
ဘေဂျင်းတက္ကသိုလ်က လူမှုရေးပညာရှင်တဦးက ဆိုပါတယ်။ M

မထားထားမြင့်

No comments:

Post a Comment