Pages

Sunday, 2 December 2012

ယုံစားနေအုံးမှာလား




သိက္ခာမလုံ စိတ်အခါခါကုန်ပြီ
အနိဌာရုံသာ
အဖုံဖုံမြင်တွေ့နေရတဲ့ အစိုးရ
ရက်စက်ပြလိုက်ပုံက
နောင်ကိုဘယ်ပုံပမာပြုပ
ယုံရဖို့ခက်သွားပြီ…။

ပါးစပ်က ဒီမိုကရေစီ
လက်တွေ့ပြတော့ ဗျူရိုကရက်အညီ
ခရိုနီတွေ အတွင်းလှိုက်စား
အတင်းကိုက်ဝါးမယ့်ကျားတွေ
အသားလဲမကျန် အရိုးတောင်မချန်
လူမှန်ရင် အကုန်ဝါး မယ့်
ဂဠုန် နဂါးပေလား မီးလဲမှုတ်သွား
ယုံစားလို့ဖြစ်ပါတော့မလား…။

ကျားကိုဖက်ထားရင်တောင်
အသက်များ ချမ်းသာကောင်းချမ်းသာပေမယ်
လုံထိန်းမသာတွေကိုဖက်ထားရင်တော့
အသက်များပါ ပါသွားမှာ သေချာသပေါ့…။

တက္ကသိုလ်ဘုန်းကြွယ် (ဒီဇင်ဘာ ၁ ၂၀၁၂)

No comments:

Post a Comment