Pages

Friday, 14 December 2012

အက်စစ်ကြောင့် ကလေးငယ်များ ရောဂါဖြစ်တာ မဟုတ်ဟု ဆို


 လက်ပံတောင်း ကြေးနီစီမံကိန်းဒေသက အသိမဲ့ဖြစ်နေတဲ့ ကလေးငယ် တဦး၊ ဓာတ်ပုံ- သက်ဆွေအေး/ဧရာဝတီ 
 
မုံရွာ၊ လက်ပံတောင်း ကြေးနီစီမံကိန်း ဒေသက အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်တယ်လို့ သံသဖြစ် ခံရတဲ့ ကလေးငယ် ၄ ဦး နဲ့ပတ်သက်ပြီး အစိုးရက ဆေးစစ်ချက်ကို သတင်းထုတ်ပြန်မှုအနေနဲ့ ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နေ့စွဲနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ ထုတ်ပြန်ချက်မှာလက်ပံတောင်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကူအညီ တောင်းခံမှုနဲ့  အခုလို ဆေးစစ်မှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

ဆေးစစ်ချက်တွေ့ရှိချက်တွေအရ အက်စစ်ကြောင့် ဖြစ်တဲ့ ရောဂါတွေ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ချက် က ဆိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြသပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်း ဖက် ဖြိုခွဲမှုဖြစ်ပြီးနောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှု ၀န်းကျင် ထိခိုက်မှုတွေကြောင့် ဒေသ ခံတွေ နှစ်ရှည်လများ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာကို အစိုးရက ပထမအဆင့် အသိ အမှတ် ပြုဖို့ လိုအပ်တယ်လို့ အများက ပြောဆိုနေကြပါတယ်။
ဒီလိုမျိုး ကလေးငယ်တွေဘယ်လောက်များ ရှိနေလဲ၊ သူတို့ကို ဘယ်လို ကုစားကြမလဲ၊ နောက်ထပ် ဒေသ ခံတွေ ရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်ဖွယ်ရှိတဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်လာမှုတွေရှိ တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံတော် စီမံကိန်းလုပ်ငန်းတွေကို ဘယ်လို ကိုင်တွယ်လုပ်ဆောင် သွားကြမလဲ ဆိုတဲ့မေးခွန်းတွေကတော့ ဆင့်ကဲဖြစ်လာမှာပါ။ ဒါကိုလည်း အစိုးရက လက်ခံ အသိအမှတ် 
ပြုပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။  

ဒီလို ကလေးတွေနဲ့ပတ်သက်တဲ့ သတင်းတပုဒ်ကိုလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က Allegations of Development Abuses Rife Across Burma ဆိုတဲ့ သတင်းဆောင်းပါးမှာ အသေးစိပ် ဖတ်ရှု့နိုင်ပါတယ်။

No comments:

Post a Comment