Pages

Wednesday, 26 December 2012

မြန်မာ့ပညာရေးစနစ်မြှင့်တင်ရန် အသက်မွေးဝမ်းကျောင်း ပညာရေးစနစ် ပေါ်ထွက်ရန်လိုအပ်


Tuesday, 25 December 2012

မြန်မာ့ပညာရေးစနစ်ကို မြှင့်တင်နိုင်ရန် အသက်မွေးဝမ်းကျောင်း
ပညာသင်စနစ် ပေါ်ထွက်လာရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ပညာရေးဖောင်ဒေးရှင်းမှ ပန်းတိုင်ဦးသန်းမောင်က
မြန်မာ့ခေတ်မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။


" အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်က တိုင်းပြည်အတွက်အများကြီး
အထောက်အကူ ပြုနိုင်ပါတယ်။အဆင့်မြင့်ပညာမသင်နိုင်ဘူး သင်ဖို့လဲ
အခြေအနေက မပေးဘူး။အပြင်ကို ထွက်ပြီး အခြားအလုပ်တွေ
လုပ်ရမယ့်အစားဒီလိုကျောင်းတွေကို တက်ပြီးတော့ အခြေခံ
အလုပ်တွေမှာလုပ်ကိုင်နိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက်
အများကြီးအကျိုးရှိနိုင်ပါတယ် " ဟု၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်ကမြန်မာနိုင်ငံတွင်
ဘွဲ့ရ အလုပ်လက်မဲ့များ ရှိနေပြီး၊ အသက်မွေးဝမ်းကျောင်းပညာရေး
စနစ်မှာဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကိုအထောက်အကူပြုနိုင်မည်ဟု
မျှော်လင့်ကြောင်း၊ ၎င်းပါဝင်သည့် လူမူဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များဖြစ်သော လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အမျိုးသမီး
စွမ်းဆောင်ရည်မြင့်မားရေး အစရှိသည့် အချက်များနှင့်လည်းသွယ်
ဝိုက်သက်ဆိုင်နေပြီး NLD အမျိုးသမီးအဖွဲ့အနေဖြင့် ကော့မူးမြို့နယ်
အတွင်းတွင်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခု အဖြစ်စက်ချုပ် သင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံပညာရေး စနစ်တွင် စက်မှုလက်မှု အထက်တန်း
ကျောင်းများ ရှိခဲ့ပြီး အဆိုပါကျောင်းများမှ သတ်မှတ်ထားသော
အရည်အချင်း ပြည့်မှီသူများ အနေဖြင့် GTI ကျောင်းများသို့
လည်းကောင်း၊ထိုမှတဆင့် နည်းပညာတက္ကသိုလ်များသို့ လည်းကောင်း
ဆက်လက် ပညာသင်ကြားနိုင်သော အခွင့်အရေးများရှိခဲ့သည်။

အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခုဖြစ်သည့်ရန်ကုန်မြို့ရှိ
အသက်မွေးမူအတက် ပညာသင်တန်းကျောင်း(CVT)မှ မသီသီဇင်က
၎င်းတို့ကျောင်းတွင် သင်ကြားလျှက်ရှိသော သင်တန်း အမျိုး
အစားများမှာ စီးပွားရေးပညာအထောက်အကူ ပြုသင်တန်းများ၊
ဟိုတယ်သင်တန်းများ၊အီလက်ထရောနစ်သင်တန်း၊ သတ္တုနှင့် ပရိဘောဂ
လုပ်ငန်းများကို သင်ကြားလျှက်ရှိပြီး၊နိုင်ငံတော်မှဖွင့်လှစ်သင်ကြားသော
အသက်မွေးဝမ်းကျောင်းပညာရေးစနစ်မှာ ပညာရေးပြုပြင်ပြောင်းလဲရေး
စနစ်အတွက် အရေးပါသော လိုအပ်ချက်ဟု ထင်ကြောင်းပြောသည်။

အောက်တိုဘာလ(၆)ရက်နေ့မှ (၇)ရက်နေ့အထိ ပြုလုပ်ခဲ့သော
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာဆွေးနွေးပွဲမှသတင်း
ထုတ်ပြန်ချက်များတွင် အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်ရရှိနိုင်သည့် ပညာရေးစနစ်ဖြစ်ရန်၊တစ်နိုင်ငံလုံး အသက်မွေးဝမ်းကျောင်း ပညာရေး
ကိုသင်ကြားနိုင်ရန် အတွက်အခြေခံကောင်း အဖြစ်မသင်မနေရ ပညာရေးစနစ်ကို ခြေခံပညာရေး ပြီးဆုံးသည် အထိသတ်မှတ်ပေးပြီး အလယ်တန်းအဆင့် ပြီးဆုံးပါကအသက်မွေးဝမ်းကျောင်း ပညာ
သင်ကြားနိုင်ရေးအတွက်ဖန်တီးပေးရန် ဟူ၍ ထည့်သွင်းဖော်ပြ
ထားသည်။

လင်းသစ်
The Myanma Age

No comments:

Post a Comment