Pages

Friday, 9 November 2012

အိုဘားမား မြန်မာပြည် လာဖို့ သေချာ

 Friday, November 09, 2012  အိမ့်သံစဉ် 

http://blog.irrawaddy.org/2012/11/blog-post_9.html


နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ထပ်မံ ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန်သမ္မတ အိုဘားမား၊ ဓာတ်ပုံ- TimesCall.com


အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည်လာဖို့ သေချာသွားတာကတော့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။


အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရာ အမေရိကန် သမ္မတ အိုဘားမားဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားဖို့ ရှိပြီး မြန်မာပြည် ရန်ကုန်၊ ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၊ တို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ၂၀ ရက်နေ့များမှာ သွားရောက်မှာဖြစ်တယ်လို့ ကြေညာချက်မှာ အစပြုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးဖို့အတွက် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရှိတဲ့အပြင် လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့လည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်လတ်ရှင်နာဝပ် နဲ့ ထိုင်း- အမေရိကန် သံတမန်ဆက်ဆံ
ရေး နှစ်ပေါင်း ၁၈၀ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မြဲစေ ဖို့  တွေ့ဆုံမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ သမ္မတ အိုဘားမှာဟာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို တက်
ရောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။

အာရှဒေသတွင်း သူ့ရဲ့ ခရီးစဉ်မှာ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး အလှမ်းဝေနေသေးတဲ့ ကိစ္စတွေဆွေးနွေး ဖို့ ရှိကြောင်း၊ မိတ်ဖက်နိုင်ငံတွေမှာ ကုန်သွယ်မှု တိုးမြှင့်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စွမ်းအင်၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေး ကိစ္စတွေအပြင် ဒေသနဲ့ တကမ္ဘာလုံးဆိုင်ရာ စိုးရိမ်နေရမှု ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် ကြေညာချက်က ဆိုပါတယ်။

သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိပ်ကို နောက်နေမှာ ဆက်လက်ကြေညာချက် ထုတ်ပြန်မယ်လို့ အိမ်ဖြူတော် ကြေညာချက်အဆုံးမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment