Pages

Sunday, 18 November 2012

ယနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားများဟုဆို




မြန်မာအစိုးရက အမေရိကန်သမ္မတအိုဘားမားမြန်မာနိုင်ငံမရောက်ရှိမီ ၁၃ နာရီလောက်အလို မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေညာပြီး အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အကြောင်း အစိုးရပိုင်သတင်း မီဒီယာတွေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 

နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပေ မယ့် နိုင်ငံရေး အကျဉ်းသားတွေတဦးမှ ပါမလာပါဘူး။ နောက်တကြိမ်ထပ်မံ ကြေညာလိုက်တဲ့ လွတ်ငြိမ်းသက်သာခွင့် မှာတော့ အကျဉ်းသား ၆၆ ဦးစလုံးက နိုင်ငံရေး အကျဉ်းသားတွေအားလုံးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ အကြံပေးတဦးက ပြောဆိုပါတယ်။ 

လွတ်ပေးမယ့်အကျဉ်းသားတွေထဲမှာ လင်္ကျာထွန်း၊ ဦးမြင့်အေးတို့လို့ နာမည်ကြီးနိုင်ငံရေး အကျဉ်းသား 
တွေအပြင် နှစ်ရှည်အကျဉ်းကျခံထားရတဲ့ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ တောက်လျှောက်ပြောခဲ့တဲ့ အစိုးရပိုင်းကနေ နိုင်ငံရေးအကျဉ်းသား 
တွေ လွှတ်ပေးတယ်လို့ ပြောဆိုလာတာဖြစ်တဲ့အပြင် ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ ဦးအောင်မင်းက အာမခံ ခံတာလို့သိရပါတယ်။ 

အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရုံးတာဝန်ရှိသူတွေနဲ့ အမေရိကန်အရာရှိ
တွေ ရန်ကုန်မြို့မှာရှိတဲ့ Peace Center မှာ ဆွေးနွေးမှုတွေအပြီး ထွက်ပေါ်လာတဲ့ရလာဒ်တခုလည်းဖြစ် တယ်လို့ သိရပါတယ်။

No comments:

Post a Comment