Pages

Tuesday, 27 November 2012

အမေရိကန်က မြန်မာကို ဒေါ်လာသန်း(၁၇၀)အကူညီပေး


မူရင်းလင့် သတင်းအပြည့်အစုံ http://www.usaid.gov/news-information/press-releases/president-obama-announces-us-burma-partnership-democracy-peace

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာသုံးဖို့ အမေရိကန်အစိုးရ က ဒေါ်လာသန်း(၁၇၀) ကူညီသွားမည်ဖြစ်သည်။
သမ္မတအိုဘားမား၏ ပြီးခဲ့တဲ့တနင်္လာ မြန်မာနိုင်ငံခရီးစဉ်တွင် ကတိပြု လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအကူအညီများကို နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ USAIDမှတဆင့်ကူညီမည်ဟုဆိုသည်။ USAIDရုံးကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီး အေဂျင်စီညွှန်ကြားရေးမှူးအဖြစ် Chris Milliganက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အမေရိကန်၏ ဒေါ်လာသန်း(၁၇၀) ကူငွေကို ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လို သုံးစွဲသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။


အရှေ့တောင်အာရှက အာဏာရှင်တပိုင်းနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၏ အသွင်ကူးပြောင်းရေးလုပ်ငန်းတွင် အမေရိကန်နိုင်ငံက ဒေါ်လာသန်းပေါင်း များစွာ ကူညီခဲ့သော်လည်း ကမ္ဘောဒီးယားပြည်သူများ ယခုအချိန်ထိ ကျန်းမာရေးကဏ္ဍမှာ ဆက်လက် နိမ့်ကျနေဆဲဖြစ်သည်။ ၄င်းအချက်ကြောင့် အမေရိကန်အကူအညီများ ထိရောက်သည့် အောင်မြင်မှုမရဟု ပြန်လည် သုံးသပ်လာကြသည်။

မြန်မာနိုင်ငံ အသွင်းကူးပြောင်းရေးကို ကူညီရာမှာလည်း USAID၏ လုပ်ငန်း များ ထိရောက်အောင်မြင်နိုင်ပါ့မလား ဆိုသည်ကို အမေရိကန်တို့ဖက်က စိုးရိမ်လျှက်ရှိသည်။

Burma-Newselite

No comments:

Post a Comment