Pages

Wednesday, 7 November 2012

ပြည်သူတို့ အားလုံးအတွက် အကောင်းဆုံးမဟာ အခွင့်ရေးကြီး ပေါ်လာပြီ

The best opportunity for the whole nation

 
ပြည်သူတို့ အားလုံးအတွက် အကောင်းဆုံးမဟာ အခွင့်ရေးကြီး ပေါ်လာပြီ
(၁)အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အိုဘားမားသည် လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် 11 တွင် နေပြည်တော်လေဆိပ်သို အမေရိကန် Air Force (1)လေယာဉ်ဖြင့် ရောက်ရှိလာမည်။
(၂) နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက် ညနေ (၃)နာရီတွင် ယခု သမ္မတအဖြစ်တာဝန်ယူ လှည့်ဖျားလုပ်ဆောင်နေသော ဦးသိန်စိန် အစိုးရအဖွဲ့နှင့်တွေ့မည်
(၃) နိုဝင်ဘာလ (၁၈) နေ့ နံနက် 11 နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားကြီးသို့ သွားရောက်ဖူးမျှော်မည်
(၄) နေ့လည်ခင်း ၁၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အမေ၇ိကန် သံရုံးမိသားစုဝင်များနှင့်တွေ့ဆုံမည်
(၅) အမေရိကန် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံနိုင်ရန်စီစဉ်နေသည်
(၆) ညနေ ၄ နာရီ၃၀တွင် မြန်မာနိုင်ငံ မင်္ဂလာဒုံလေယာဉ်ဆိပ်မှာ ကမ်ဘေားဒီဒယားနိုင်ငံသို ထွက်ခွါမည်

အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးနှင့်အတူ CNN သတင်းဌာန နှင် AFP သတင်းဌာနတို့မှ တောက်လျောက်လိုက်ပါ သတင်းယူကြမည်ဟု စီစဉ်ထားသည်။
အထက်ဖေါ်ပြပါ အစီစဉ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတို့ ၏ ကြီးမားသော အခွင့်ရေးမည်သို့ ရှိသည်ကို ဆက်လက်တင်ပြလိုသည်။
( ၁) မြန်မာနိုင်ငံအတွင်း ၁၉၈၈ ခုနှစ် မှ ကျောင်းသားပြည်သူများကို အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်ပြီး အားဏာသိမ်းခဲ့သော စစ်အာဏာရှင်၊ ၁၉၉၆ ခုနှစ်တွငကျောင်းသားလှုပ်ရှားမှုအား ထပ်မံ အကြမ်းဖက် နှိမ်နှင်းခဲ့သော စစ်အာဏာရှင်၊ ၂၀၀၃ ခုနှစ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအားထောက်ခံ ၀ိုင်ရန်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲပသောစစ်အာဏာရှင်၊ ၂၀၀၇ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့သော ဘာသာရေးခေါင်းဆောင်များနှင့် သံယာတော်များအား အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီး အကျဉ်းရုံး အကြမ်းစစ် အကျဉ်းထောင်သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်ခဲ့သော စစ်အာဏာရှင်၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းကို ခံခဲ့ရသောကာလ၀ယ် အမေရိကန်နိုင်ငံအပါဝင်၊ နိုင်ငံတကာ မှ ဒုက္ခရောက်ကြရသော သူများအား အချိန်မှီ အရေးပေါ်ကူညီထောက်ပံပေးနိုင်ကြရန် ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်သောါုငားလည်း မြန်မာ
စစ်ဗိုလ်ချုပ်များမှ နိုင်ငံတကာအကူညီကို ပိတ်ပင်ပင် တားဆီးပြီး ဒုက္ခရောက်နေသူထောင်ပေါင်းများစွာ သေဆုံးပြီးမှ အကန့်သတ်များဖြင့် ၀င်ရောက်ခွင့် ပြုစေသောစစ်အာဏာရှင်၊ ထိုကဲ့သို မြန်မာပြည် တ၀ှမ်းလုံးမျက်ရည်ဖြင့် စိုရွဲနစ်မွန်းယူကျုံးမရဖြစ်နေသော အချိန်ဝယ် ယခု လွတ်တော်ထဲတွင် ကျင့်သုံးနေသော ၂၀၀၈ အခြေခံဥပဒေအား ခြိမ်းချောက် အကြပ်ကိုင် မဲခွဲပြီး အတည်ပြုပြဌာန်းခဲ့သော စစ်အာဏာရှင်၊ ထိုနောက် ၂၀၁၀ ခုနှစ်နိုင်ဝင်ဘာ ၁၀ တွင် အများပြည်သူတို့၏ ဆန္ဒသဘောထားကို လှည့်ဖြားလိမ်လည်ပြီး စစ်ဝတ်စုံများကို ရုတ်ခြင်း ချွတ်ချကာ အ၇ပ်ဝတ်ဖြင့် ရွေးကောင်ပွဲကို ဘန်းပြကာ ဆက်လက်အာက်ချုပ်လျက်ရှိသောစစ်အာရှင်၊ ဆိုသောဆိုသော ကောက်ကျစ် ယုတ်မာ ရိုင်းစိုင်းအကြမ်းဖက် နှိပ်စက်စတ်ဖြတ် အုပ်ချုပ်နေခဲ့သော ယခု ဆက်လက်အုပ်ချုပ်လျှက်ရှိသော နေပြည်တော် စစ်တက္ကသိုလ်ဆင်း ဗိုလ်ချုပ်လူလဲများ နှင့် လွှတ်တော်အတွင်းတွင် အခန့်သင့်ရောက်ရှိနေသော စစ်ဗိုလ် ၂၅ ပြားတို့၏ ဆက်လက်မှားယွင်းစွာ အုပ်ချုပ်နေလျှက်ရှိကြောင်းကို အမေရိကန်ပြည်ထောင်စု သမ္မတကြီး အနေဖြင့် သိသာထင်း၇ှားမြင်သာစေရန်အတွက် တိုင်းပြည်တ၀ှမ်းလုံး ဆန္ဒထုတ်ဖေါ်ပြသနိုင်ကြရန် နိုဝင်ဘာ လ ၁၇ ရင် နှင့် ၁၈ ရက်နေ့အား ပြည်သူ့ တောင်းတ ဒီမိုအပြည့်ဝ အုံကြမှုကို စတင် လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြာင်း သတင်းကောင်းပါးအပ်ပါသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်သော အလုပ်မား လယ်သမား လယ်ယာမြေ ဆုံးရှုံးမှုခံနေရသော ဒေသများမှ ကိုယ်စားလှယ်များ၊ လက်ပန်းတောင်းတောင် ၀န်းကျင်မှ ကျေးရွာသူရွာသားများ နှင့် တိုင်ပင်ပြီး ဆက်တိုက် တင်ပြသွားပေးမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ဘာမားဒီကလိုမန့် 

No comments:

Post a Comment