Pages

Friday, 23 November 2012

လူ့ဘ၀ ညအလား




ဘ၀ဘ၀သွေမကွာ
ညညတွေမှာ သာနေတဲ့လလို
ပြည့်ဝတဲ့ လပြည့်နေ့ညလည်းရှိ
မပြည့်မ၀ တစ်ခြမ်းပဲ့လ လည်းရှိ
ညအခါ လ၀ါဝါမှာ သာတဲ့ခါသာပေလဲ
မသာတဲ့အခါ မှောင်မှောင်မဲ
လူ့ဘ၀ဆိုတာလဲ ဒီလိုပါပဲ
အမြဲသာနေတဲ့လ
တောင့်တလို့ မရနေမှဘဲ
မှောင်မဲတဲ့ညကိုရင်ဆိုင်ရမှာပါပဲ…။

တက္ကသိုလ်ဘုန်းကြွယ်
(နိုဝင်ဘာ ၂၂ ၂၀၁၂)

No comments:

Post a Comment