Pages

Friday, 19 October 2012

Volkswagen ကုမ္မဏီမှ ခရီးသည် ၇ဦးစီး SUV ထုတ်လုပ်မည်



ဂျာမနီအခြေဆိုက် Volkswagen ကုမ္မဏီအနေဖြင့် ၂၀၁၃ အတွက် လူ ၇ ဦးစီး SUV ကားကြီးများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Crossover (SUV) ကား သစ်လေးမျိုးခန့်ကိုလည်း ပဲရစ်မော်တော်ယာဉ်ပြပွဲ တွင်

ဝင်ရောက်ပြသခဲ့ပြီး ဖြစ်ရာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ သို့သော် လက်ရှိ ကမ္ဘာ့ SUV ဈေးကွက်ကို လွမ်းမိုးထားသူမှာ အမေရိကန် General Motor နှင့် ဂျပန်- တိုယိုတာတို့ ဖြစ်သည်။
  Volkswagen အနေဖြင့် လေးဘီးမောင်း၊ နှစ်ဘီးမောင်း ပါဂျဲရိုးဆိုက် SUV ကားကြီး ထုတ်လုပ်ခြင်းကိုမူ ၂၀၀၈ ခုနှစ်မှ အများအပြား ထုတ်လုပ်မှု စတင်လိုက်ခြင်း ဖြစ်ရာ ဈေးကွက်တွင် ရေပန်းစားမှု နည်းနေသေးသည်။ ဥရောပ၏ ထိပ်တန်းကားထုတ်လုပ်ရေး ကုမ္မဏီး တစ်ခုအနေဖြင့် အမျိုး အစား စုံလင်စွာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ရာ ၂၀၁၇ ခုနှစ် အရောက်တွင် VW ထုတ် SUV များက ဈေးကွက်လွမ်းမိုး ထားစေ မည် ဖြစ်ကြောင်း ကုမ္မဏီက ကြွေးကြော် ထားသည်။
Ref:autoblog.
သတင်း----ColayOnline:Automobile

No comments:

Post a Comment