Pages

Thursday, 18 October 2012

Spitfire တိုက်လေယာဉ် တွေဖေါ်ဖို့ သဘောတူ



ဒုတိယကမ္ဘာစစ်အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ်ရေးနဲ့ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုးတဦးနဲ့ မြန်မာအစိုးရကြား သဘောတူချက် တရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။


အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝအသုံးမပြုရသေးတဲ့ အသစ်စက်စက်
လေယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ အဲဒီအတိုင်း ၁၀မီတာအနက် တွင်းကြီးတွေထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီးယိုယွင်းမှုရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

တိုက်လေယာဉ်တွ ပြန်တူးဖေါ်ရေး သဘောတူချက်ကို မြန်မာ မြို့ပြ
လေကြောင်း ဆက်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်နဲ့ ဒီတိုက်လေယာဉ်တွေ
ပြန်တွေ့ဖို့ ၁၆နှစ်ကြာ အချိန်ယူရှာဖွေခဲ့သူ အဲဒီ ဗြိတိသျှ လယ်သမား တိုက်လေယာဉ် ဝါသနာအိုး David Cundall တို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

၁၉၄၀ ပြည့်လွန်ကာလတွေအတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးစနစ်
အောင်မြင်မှု ရခဲ့တာဟာ ဒီSpitfire တိုက်လေယာဉ်တွေကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ်ကို အမှတ်တရ လက်ဝယ်ထား စုဆောင်းလိုသူတွေ အတော်များများ ရှိနေပါတယ်။

BBC

No comments:

Post a Comment