Pages

Sunday, 28 October 2012

ပုသိမ်မြို့နယ်မှ NlD ပါတီဝင် ၁၃၂ဦးနုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လက်ရပ်တည်သွားမည်


ပုသိမ်မြို့နယ် NLD ပါတီမှ ပါတီဝင် ၁၃၂ ဦးမှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက် ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ ကွန်ရက်အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း နုတ်ထွက် ခဲ့ကြသည့် ခေါင်းဆောင်များက ပြောကြားသည်။
 “အခြားပါတီကို ခိုလှုံချင်လို့ မဟုတ်ပါဘူး ၊ အမေမရှိခိုက် ဦးကြီး ဘထွေးတွေက နှိပ်စက်တော့ မနေနိုင်လို့
အပြင်ထွက် နေရတဲ့ သဘောပါ၊” ဟု NLD ပါတီမှ နုတ်ထွက်ခဲ့သူ ဦးသန်းဝင်းက ဆိုသည်။ အဆိုပါ ပါတီဝင် ၁၃၂ ဦးနုတ်ထွက်ခြင်းနှင့် အတူ ပုသိမ်မြို့နယ် ပါတီရုံး၏ ဆိုင်းဘုတ် ပိတ်သိမ်းခြင်းနှင့် ပါတီအလံ ဖြုတ်ချမူ အခမ်းအနားကို တပေါင်း တည်း ပြုလုပ်ခဲ့သည်။

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌ သူရဦးတင်ဦး၏ အမိန့်အရ တိုင်းကော်မရှင် အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် စကားဝါလမ်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မြို့နယ် ရုံးခန်းကို ပါတီဆိုင်းဘုတ်နှင့် ပါတီအလံတို့ ဖြုတ်ချ အပ်နှင်းပေးရန် အမျိုးမျိုး ဖိအားပေး တောင်းဆိုလာသဖြင့် မလိုလားအပ်သော အခြေအနေများ မဖြစ်ပေါ်လာစေရန် ငြိမ်းချမ်းစွာ အပ်နှံပြီး ပါတီဝင်များအဖြစ်မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပါတီရုံး၏ မျက်နှာစာတွင် ထုတ်ပြန် ကြေညာထားချက် အရသိရသည်။

 “ဗဟိုတာဝန်ရှိသူများက ဖြစ်ရပ်ကြောင်းကန် အဖြေမှန်ကို ရှာဖွေခြင်း ၊စုံစမ်းခြင်း၊ လေ့လာခြင်း၊ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း လုံးဝမရှိဘဲ စီမံရေးနဲ့မဆိုင်တဲ့ ဗဟိုကော်မရှင်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့ရာကနေ စတာပါ “ ဟု NLD ပါတီဝင်ဟောင်း ဒေါက်တာ သန်းထိုက်ကပြောသည်။

 အခြားသော ရပ်ကျေးအဆင့် ပါတီဝင်များကလည်း ကော်မရှင်၏ လုပ်ရပ်များကို စောင့်ကြည့်သွား မည်ဖြစ်ပြီး မမှန်မကန် ပြုလုပ်ပါက ပါတီနှင့် လမ်းခွဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောခဲ့သည်။
သတင်း Messenger  Journal 
 

No comments:

Post a Comment