Pages

Wednesday, 17 October 2012

မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး


ယနေ့နံနက်(၁၀)နာရီခွဲအချိန်ကမန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘော
လုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင်လမ်းကြိတ်စက်ဖြင့်
 ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာလမ်းလုပ်ငန်းဆောင်
ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့ရောက်သွားခဲ့သည်။

 မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်
သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူ
 များရောက်ရှိလာခဲ့ပြီး၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။

  ဓာတ်ပုံ-ညီညီဇော်
   7Day News

No comments:

Post a Comment