Pages

Wednesday, 10 October 2012

ပြောင်ကြီးသို့မှာတမ်း

ပြောင်ကြီးသို့မှာတမ်း

အမောင်ပြောင်ကြီး အိုဗာဆီးတွင်
ဘာများပြောခဲ့ပါသနည်း။
OIC အခြေစိုက် ဘာသာခိုက်မယ့်
အရေးအရာ မမြင်ရှာလိမ့်
ငါ့လှေငါထိုး အမျိုးပျောက်ပျောက်
ဇောက်မနက်ဥာဏ် ကုလားဖန်ထိုး
ပြည်သူ့အကျိုး သယ်ပိုးထမ်းရွက်
အသင်မှတ်သလော။
စနစ်ဆိုးအောက် ပြားပြားမှောက်သည့်
အနှစ်နှစ်ဆယ် တိုင်းပြည်နှယ်လည်း
ပြာကျချွတ်ခြုံ ဆင်းရဲဘုံသား
ပြည်သူ့အဖြစ် ကျွန်ဝယ်အဆစ်ပါ
လူလုံးမလှ ထိုထိုဘ၀အား
ရောက်စေညွှန်းသည့်
အာဏာရှင်မိုက် လူတသိုက်ကို
ရှိခိုးဦးတင် ကျေးဇူးရှင်ဟု
အသင်မှတ်သလော။
အမောင်ပြောင်ကြီး အိုဗာဆီးတွင်
မရောင်ရာဆီလူးခဲ့သည်။
မောင်ပါလ
၉.၁၀.၂၀၁၂

No comments:

Post a Comment