Monday, 22 October 2012

ဖားကန့်ဒေသနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံ ဆန္ဒပြုလက်မှတ် တစ်သိန်းကျော်ကို နိုင်ငံတော်သမ္မတနှင့် ကေအိုင်အေသို့ ပေးပို့



MONDAY, 22 OCTOBER 2012 02:08

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ငြိမ်းချမ်းရေးလိုလားသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ စကာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့များနှင့် ပေါင်းစည်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖားကန့်ဒေသငြိမ်းချမ်းရေးအတွက် ဒေသခံပြည်သူများက စုေ
ပါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှာ အောက် တိုဘာလ ၁၀ ရက်နေ့တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဆန္ဒပြုလက်မှတ်များ ပါဝင်သော စာအုပ်များကို နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ကော် မရှင်ဥက္ကဋ္ဌ၊ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့နှင့် ဖားကန့်ဒေသ ကေအိုင်အေတပ်မဟာ(၂)နှင့် ဌာန ချုပ်သို့လည်းကောင်း အောက်တိုဘာလ ၁၉ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။

''ဒီလက်မှတ်တွေထဲမှာ ဖားကန့် ဒေသမှာရှိတဲ့ ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင် လူမျိုးပေါင်းစုံပါတယ်။ အဓိက ကတော့ ပြည်သူတွေရဲ့ ဆန္ဒကို အခုလာမဲ့ ငြိမ်းချမ်းရေးဆွေနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက အမှန် တကယ်သိစေချင်တယ်။ အခုလောလောဆယ် မိုးညှင်း၊ မိုးကောင်းမှာလည်း ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး ရလိုတဲ့ ဆန္ဒလက်မှတ်တွေကို စုဆောင်းနေတုန်းရှိသေးတယ်''ဟု ငြိမ်းချမ်းရေးလှုပ်ရှားနေသူ ဖားကန့်မြို့ ဒေသခံ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

လာမည့်အောက်တိုဘာ ၂၄ ရက် ကမ္ဘာကုလသမဂ္ဂနေ့တွင် ''ဖားကန့်ဒေသ ငြိမ်းချမ်းပါစေ'' စာတန်း ပါသော စတေကာများကို ဖားကန့်မြို့ငြိမ်းချမ်းရေး လှုပ်ရှားသူများက ဖားကန့်ဒေသများတွင် အခမဲ့ဖြန့် ဝေဦးမည်ဖြစ်ပြီး အခြားသောငြိမ်းချမ်းရေး တောင်းဆိုမှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် ကြဦးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖားကန့်ဒေသအတွင်းတွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ကေအိုင်အေနှင့် တပ်မတော်အကြား နှစ်ဖက်ပစ်ခတ်မှု၊ ဒေသမအေးချမ်းမှုတို့ကြောင့် အရပ်သားလေးဦးသေ ဆုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ကျဆုံးသူဦးရေ ၂၀ နီးပါးရှိနေပြီဟု ဖားကန့်ဒေသခံများနှင့် ယာဉ်မောင်းများက ပြောကြားသည်။ ဖားကန့်ဒေသတွင် အောက်တိုဘာလ ၁၅ ညနေ ၆ နာရီ စာရင်းအရ ‘ဒုက္ခသည်ဦးရေပေါင်း ၃၇၈၉ ဦးရှိနေပြီး အများစုမှာ ဆန်၊ အ၀တ်အထည်၊ ဆေးဝါးလုံလောက် မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

(Eleven)

No comments:

Post a Comment