Pages

Tuesday, 9 October 2012

လက်ပန်းတောင်းတောင် ထိမ်းသိမ်းရန် သရုပ်ပြပွဲ

အောက်တိုဘာလ ၉ ရက်ညနေ ၂နာရီခွဲ မှ ၃နာရီခွဲ ခန့် အထိဆည်တည်းကျေးရွာ သင်္ချိုင်းကုန်းတွင် “လက်ပံတောင်းတောင်စီမံကိန်း ဧရိယာ အတွင်းရှိမြေသိမ်းခံ ကျေးရွာများ မှ ဝိညာဉ်များ မှ အရိုးတွန်သံ “ခေါင်းစဉ်ဖြင့်  PERFORMANCE ပြုလုပ်ကာ
လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်းတောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Photo..The voice weekly,Heinminhtet Htet

အနတ္တ

ဒါ...ဘာလဲ!
ဖြစ်ပျက်ခဲ့ ခန္တာတစ်ဘက်စွန်းရဲ့
အမှောင်တိုက်တွေလား
ဝိညာဉ်တွေလား
မှားမယ်....မှားလိမ့်မယ်
ဒါ...နာနာဘာဝမဟုတ်
အယူတိမ်းနတ်စိမ်းလဲမဟုတ်
တစ်ခုတော့သေချာတယ်
ဒါ.....
ရာဇ၀င်စာတင်မယ့် တော်လှန်ရေး
အပေးအယူဆိုတာဗလာမဲ့
သည်အရာ...ဒီအဖြစ်...
အားလုံးပိုင်ဆိုင်ရမယ်
တစ်လက်မမှာမလွန်ကျူးစေရ...
သည်မြေ...
ငါတို့အားလုံးပိုင်တဲ့မြေ...။

အဇ္ဈတ္တ

တွေးမိရဲ့လား၊တွေးရဲရဲ့လား
မြင်လိုက်တာနဲ့
နှလုံးသားမှာဆူပွက်
ဒါ...အနုပညာလား
ဒါ...ကစားကွက်တစ်ခုလား
အကြိမ်ကြိမ်ကြည့်
အဖန်တရာ ရင်နာတယ်။
ဒီချဉ်ချင်းဟာ
လိမ္မော်သီးစားရုံနဲ့မပြည့်စုံနိုင်ဘူး။
ကိုင်း...လူကြီးမင်းတို့
ဒါ...ပုန်ကန်တာမဟုတ်
ဒါ...ပရောဂကြောင့်မဟုတ်
နားလည်ပါ...လူကြီး လူကောင်းဆန်ပါ
အမျှော်အမြင်ကြီးပါ
ပြောပါရစေ...
အားနာပါရဲ့....
ဒါတို့ပြည်..တို့မြေ..
အဘိုးတန်တဲ့မြေ....
.........................။
ခက်ထဏ် —

No comments:

Post a Comment